တစ်ပတ်ကျော်ကြာ ပိတ်ထားသည့် ထားဝယ်-မြိတ်ကားလမ်း ပြန်ဖွင့်
Dawei Watch
November 24, 2025တစ်ပတ်ကျော်ကြာ ပိတ်ထားသည့် ထားဝယ်-မြိတ်ကားလမ်းကို ယနေ့(နိုဝင်ဘာ ၂၄) မွန်းလွဲ ၁၂ နာရီခွဲတွင် လမ်းပြန်ဖွင့်ပေးလိုက်သဖြင့် မြိတ်ဘက်ကိုဆင်းသည့်ကားများ သွားလာနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မြိတ်ဘက်ကိုဆင်းတဲ့ အဆင်းကားတွေတော့ အခုထွက်ခွာကုန်ပြီ။ ပလောက်ကနေ တက်လာတဲ့ အတက်ကားတွေကိုတော့ အခုထိမတွေ့ရသေးဘူး” ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် ချောက်ချောင်းရွာမှ ဘုတ်တောင်၊ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ ထားဝယ်-မြိတ်သွားကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်ခန့်မှ ၂၄ ရက်အထိ ၉ ရက်ခန့်ကြာ ပိတ်ထားခဲ့သည်။ ယင်းကြောင့် ချောက်ချောင်းမှ ဆင်ထိုးကြီးအထိ ကားအစီးရေရာချီနှင့် ခရီးသည်ရာချီမှာ တစ်ပတ်ကျော်ကြာပိတ်မိနေပြီး ယနေ့ မွန်းလွဲပိုင်းမှ ဖြတ်သန်းခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့နှင့် ယာဉ်နောက်လိုက် […]


