ရွေးကောက်ပွဲ ၂ တွင် တနင်္သာရီတိုင်းက သုံးမြို့နယ်ပါဝင်၊ မဲဆန္ဒနယ်အချို့တွင် ကြံ့ခိုင်ရေးက အလိုအလျောက်အနိုင်ရ
Dawei Watch
October 29, 2025စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ မြို့နယ် တစ်ရာစာရင်းကို အောက်တိုဘာလ ၂၈ ရက်က ကြေညာရာတွင် တနင်္သာရီတိုင်းမှ ရေဖြူ ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်လာသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင်မူ ထားဝယ် ၊ မြိတ် ၊ ဘုတ်ပြင်း ၊ ကော့သောင်း လေးမြို့နယ်ပါဝင်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းတွင် မဲဆန္ဒနယ် ဆယ်မြို့နယ်ရှိရာ ကျန်မြို့နယ်ဖြစ်သည့် ပုလော၊ သရက်ချောင်း၊ လောင်းလုံးမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပရန် မကြေညာသေးသော်လည်း ယင်းမြို့နယ်များတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို […]


