“ဘူအလွိုင်” မုန်တိုင်း၏ လေပွေလှိုင်းများကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး မိုးဆက်ကြီးမည်
Dawei Watch
September 30, 2025” ဘူအလွိုင် ” မုန်တိုင်း ၏ လေပွေလှိုင်းများ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး အောက်တိုဘာလဆန်းအထိ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြန်မာနိုင်ငံဒေသအချို့တွင် လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာသည်ဟု မိုးဇလကဖော်ပြသည်။ လေပွေလှိုင်းများ လာမည့် နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး နှင့် စစ်ကိုင်း စသည့် ဒေသများ သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးဇလကဆိုသည်။ လေပွေလှိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ […]


