Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
· ပလမြို့ ကဒဲရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာလေးစင်းနဲ့ ဗုံးချတဲ့ သတင်း
· စစ်အာဏာရှင်တပ်စစ်ကြောင်းက စစ်ဘေးရှောင်ကူညီနေတဲ့လူငယ်သုံးဦးနဲ့ ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်တဲ့ အကြောင်း
· စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလို့ တနင်္သာရီမြို့နယ် ဘန်လင်ရွာမှာ တိုက်ပွဲဖြစ်တဲ့သတင်း
· ထားဝယ်မြို့မှာ လမ်းမပေါ် သစ်ကိုင်းကျိုးကျပြီး ခရီးသွားအမျိုးသမီးတစ်ဦးသေဆုံးတဲ့ အကြောင်း
· မွန်ပြည်နယ်ရှိ စက်သုံးဆီဆိုင်အများစု ပိတ်ထားတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






