အသက်မပြည့်သေးသူနှင့် အသက်ကျော်လွန်သူများပါ စစ်မှုထမ်းစုဆောင်းခံရ
Dawei Watch
July 29, 2025စစ်ကောင်စီက အသက် ၁၈နှစ် မပြည့်သေးသူနှင့် သတ်မှတ် အသက်ထက် ကျော်လွန်နေသူများကိုပါ စစ်မှုထမ်း စုဆောင်း နေကြောင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်းသင်တန်းဆင်များ၏ ပြောဆိုချက်ကို အခြေခံကာ တော်လှန်ရေး အင်အားစုများက ထုတ်ပြန်သည်။ ဇူလိုင်လ တတိယပတ်အတွင်း ကလိန်အောင်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၄၀၉ က ထွက်ပြေးကာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံသို့ ဘက်ပြောင်းခိုလှုံသည့် တပ်သားတစ်ဦးမှာ အသက် မပြည့်ဘဲ စစ်မှုထမ်း စုဆောင်းခံရကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ အဆိုပါ ဘက်ပြောင်းခိုလှုံလာသူကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ဘက်ပြောင်းခိုလှုံလာသူသည် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ကဖြစ်ပြီး အသက် ၁၆နှစ်တွင် စစ်မှုထမ်းသင်တန်းသားအဖြစ် စုဆောင်းခံရပြီး အပတ်စဉ် ၈တွင် တက်ရောက်ခဲ့ရကြောင်း ရုပ်သံမှတ်တမ်းတွင် ၎င်းက ပြောဆိုထားသည်။ […]


