ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်မည်ဟု သတင်းထွက်သော်လည်း KNU ငြင်း

Dawei Watch

June 28, 2025

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်ပေးရန် လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေသော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ကမူ ဖွင့်လို့မရသေးကြောင်း ပြန်လည်ဖြေကြားသည်။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းဘက်မှ တာဝန်ရှိသူများနှင့် KNU က တာဝန်ရှိသူများ ဇွန်လ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု KNU နှင့်နီးစပ်သည့် ထီးခီးဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ထီးခီးနယ်စပ်လမ်းတွေ ပြန်ဖွင့်မယ်လို့တော့ ကြားသိရတယ်။ မနေ့က(ဇွန် ၂၅) အစည်းအဝေးမှာတော့ ဖွင့်ဖို့သေချာသလောက်တော့ရှိနေပြီလို့ သိရတယ်၊ KNU လူကြီးတွေနဲ့ ထိုင်းဘက်က သက်ဆိုင်ရာတွေအစည်းဝေးလုပ်တာ” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။ ထားဝယ်-ထီးခီးကားပြေးဆွဲနေသူ အမျိုးသားတစ်ဦးကလည်း အောက်တိုဘာလခန့်တွင် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု KNU ဘက်က သတင်းရရှိထားကြောင်း ဆိုသည်။ Dawei Watch အနေဖြင့် […]

တနင်္သာရီတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများခေါ်

Dawei Watch

June 27, 2025

တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်စိုးမိုးထိန်းချုပ်ရာဒေသများတွင် ဒေသခံများနှင့် စစ်ရှောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အထူးကုဆရာဝန်၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က ပြောသည်။ အာဏာသိမ်းကာလအစောပိုင်းကတည်းက အဆိုပါနယ်မြေများတွင် CDM လုပ်ထားသည့် ဆရာဝန်အပါအဝင် ကျန်းမာရေး ဝန်ထမ်းများရှိသော်လည်း လုံလောက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ “အထူးကုဆရာဝန်နဲ့ ဆရာဝန်ကတော့ လိုအပ်ချက်အများဆုံးပဲ။ ကျန်တဲ့ Position (ရာထူး) တွေကလည်းပဲ သူ့အတိုင်းအတာနဲ့ သူရှိတယ်ဆိုပေမယ့် လုံလောက်နေလားဆိုတော့ မလုံလောက်ဘူးပေါ့လေ” ဟု ဒေါက်တာထူးနေအောင်က ပြောဆိုသည်။ စစ်ရှောင်များကို ကူညီနေသူတစ်ဦးကလည်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးထိန်းချုပ်ဒေသတွင် ဆရာဝန်တစ်ဦးသာ ရှိသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံများ နေမကောင်းဖြစ်လာပါက ဆေးမြီးတိုနှင့် မြန်မာဆေးကိုသာ အားထားနေရကြောင်း ဆိုသည်။ “ပုံမှန်နေမကောင်းဖြစ်ရင်တော့နီးစပ်ရာ ဆေးမီးတိုတွေနဲ့ကုတာရှိတယ်။ […]

ထားဝယ်ပညာရေးအင်စတီကျု ဆရာ၊ ဆရာမများခေါ်မည်

Dawei Watch

June 25, 2025

ထားဝယ်ခရိုင်တွင် ပြည်သူ့အခြေပြုပညာရေးလုပ်ငန်းများဆောင်ရွက်နေသည့် “ထားဝယ်ပညာရေးအင်စတီကျု” (Tavoy Education Institute – TEI) က ဒေသတွင်းပညာရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမနှင့် စေတနာ့ဝန်ထမ်းများ ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါအင်စတီကျုထံမှ သိရသည်။ ဆရာအတတ်သင်ပညာတတ်မြောက်ထားပြီးဖြစ်သည့် CDM ပညာရေးဝန်ထမ်းများနှင့် ပညာရေးကို စိတ်ပါဝင်စား၍ ကူညီလိုသူများအား မည်သူမဆို ခေါ်ယူမည်ဖြစ်ကြောင်း TEI ၏ အဖွဲ့ဝင် ဆရာကျောင်းက ပြောသည်။ “ဒေသနဲ့ပြည်သူရဲ့ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် မည်သူမဆို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ တကယ် လာချင်တယ်ဆိုရင် လုံခြုံရေးအစီအမံ၊ နေထိုင်စားသောက်မှုတွေအတွက် ကျွန်တော်တို့ဘက်က လုံးဝအာမခံပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်လာမယ့်တစ်ဦးချင်းကိုတော့ ရှင်းပြပေးလို့ အဆင်ပြေပါမယ်” ဟု ၎င်းက ဆိုသည်။ စိတ်ပါဝင်စား၍ ဆက်သွယ်လိုပါက TEI ၏ Email လိပ်စာနှင့် […]

ကင်းတာဝန်ကျချိန် စစ်ကောင်စီတပ်သားနှစ်ဦးထွက်ပြေးပြီး တနင်္သာရီပကဖထံ လက်နက်နှင့်အတူဘက်ပြောင်း

Dawei Watch

June 23, 2025

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ကင်းတာဝန်ကျနေချိန် ထွက်ပြေးပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇွန်လ ၁၉ရက်တွင် စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရန်အတွက် တနင်္သာရီမြို့နယ်၊ ဘန်းလမွတနှင့် ပနပ်ငယ်ကျေးရွာတို့ ကြားတွင် လမ်းကင်းတာဝန်ကျချိန် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး တနင်္သာရီပြည်သူ့ ကာကွယ်ရေးအဖွဲ့ဇုန်-၅ထံ ဘက်ပြောင်းလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထွက်ပြေးလာသူနှစ်ဦးသည် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် အဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရပ်ကွက်ထဲမှာ စစ်မှုထမ်းအလှည့်ကျ မဲပေါက်လို့ မဟုတ်ဘူး။ အတင်းအဓမ္မ ဆွဲခေါ်ခံရပြီး တပ်သားသစ် စုဆောင်းခံရတဲ့အထဲ ပါလာသူတွေ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ အဆိုပါ တပ်သားသစ်စုဆောင်းခံရသူနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ၉ခုနှင့် ကျည် […]

တနင်္သာရီဒေသရှိ ပဋိပက္ခဒဏ်ခံနေရသူများအတွက် စိတ်နှင့် လူမှုဆိုင်ရာပံ့ပိုးမှုသင်တန်းဖွင့်မည်

Dawei Watch

June 23, 2025

တနင်္သာရီဒေသရှိ ပဋိပက္ခကာလအတွင်း စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ခံစားနေရသူများအတွက် စိတ်နှင့် လူမှုဆိုင်ရာပံ့ပိုးမှုသင်တန်း (Psychosocial Support Training) ဖွင့်လှစ်မည်ဖြစ်ကြောင်း “The Ants-Tanintharyi” အဖွဲ့ထံမှ သိရသည်။ The Ants-Tanintharyi သည် ထားဝယ်ခရိုင်အတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ စစ်ဘေး၊ သဘာဝဘေးနှင့် လူမှုပဋိပက္ခအကျိုးသက်ရောက်မှုများ ခံစားနေရသူများအတွက် ဦးစားပေး၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းအမည်ကို “The Inner Shelter -ပတ်ဝန်းကျင်မှာ အန္တရာယ်များနေချိန် ကိုယ့်စိတ်ထဲမှာ ခိုလှုံရာ တည်ဆောက်ခြင်း” ဟု အမည်ပေးထားကြောင်း The Ants-Tanintharyi အဖွဲ့ထံမှ သိရသည်။ “စစ်ဘေးဒဏ် ခံစားရတာတစ်ခုတည်းထက် ကျွန်တော်တို့ရည်ရွယ်တာက အခုလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အကျိုးသက် ရောက်မှုကို ခံစားကြရသူတွေအတွက်ပါ ပါဝင်ပါတယ်” ဟု The Ants-Tanintharyi […]

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဇွန်လနှောင်းပိုင်း မိုးရွာသွန်းမှုများမည်

Dawei Watch

June 21, 2025

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ဇွန်လ တတိယအပတ်ထဲ မိုးရွာသွန်းမှုများနေဦးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ)က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင် မုတ်သုံလေအားကောင်းနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။ ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အထိ တတိယ ၁၀ ရက်အပတ်တွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးရွာရက် ၈ ရက်မှ ၁၀ အထိ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)မှာမူ ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဖော်ပြထားသည်။ မိုးရွာတုန်း လယ်ယာစိုက်ပျိုးရန် ထွန်ယက်ရမည်ဖြစ်သော်လည်း စစ်ကောင်တပ် စစ်ကြောင်းထိုးနေသည့် ဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ထယ်ကိုပင် မချရ‌သေးသူများရှိကြောင်း […]

တနင်္သာရီ၊ ကရင်နှင့် ရှမ်းတို့တွင် မြွေမျိုးစိတ်သစ်တစ်ခု တွေ့ရှိကြောင်း မှတ်တမ်းတင်

Dawei Watch

June 14, 2025

တနင်္သာရီ၊ ကရင်နှင့်ရှမ်း စသည့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ဒေသသုံးခုတွင် မြွေမျိုးစိတ်အသစ် တစ်ခုကို တွေ့ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု မြွေများအကြောင်း သုတေသနပြုလုပ်နေသည့် Snakes of Myanmar အဖွဲ့မှ ဇွန်လ ၁၀ ရက်က ၎င်းတို့၏ လေ့လာချက်မှတ်တမ်းကို ထုတ်ပြန်သည်။ မှတ်တမ်းတင်နိုင်ခဲ့သည့် မြွေမျိုးစိတ်သစ်သည် လာအိုမြွေဝံပုလွေ အမျိုးအစားဖြစ်ကြောင်း ယင်းမှတ်တမ်းတွင်ဖော်ပြသည်။ ” အခုမျိုးစိတ်က လုံးဝမရှိတဲ့ မျိုးစိတ်အသစ်ကို တွေ့တာမဟုတ်ဘူး။ အရင်ရှိပြီးသားမျိုးစိတ်၊ တခြားနိုင်ငံတွေမှာ ရှိပြီးသားမျိုးစိတ်၊ မြန်မာနိုင်ငံ မှာ အရင်မရှိသေးဘူး။ အခုမှ မြန်မာနိုင်ငံ မှာ မှတ်တမ်းရှိတယ် ဆိုပြီး ချပြနိုင်တာဖြစ်တယ်” ဟု Snakes of Myanmar အဖွဲ့မှ သုတေသန ပြုလုပ်နေသူ မစိုးသန္တာအောင်ကပြောသည်။ လာအိုမြွေဝံပုလွေကို ယခုမှတ်တမ်းမထုတ်ပြန်မီ လေးနှစ်တာကာလအတွင်း […]

ထားဝယ် ထီးခီးနယ်စပ်တစ်လျှောက်ကို KNU ထိန်းချုပ်

Dawei Watch

June 13, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ငါးရံ့နီစခန်းက တပ်ဖွဲ့ဝင်များ ဇွန်လ ၁၂ ရက်က ထိုင်းဘက်ကို စခန်းစွန့်ခွာထွက်ပြေး ပြီးနောက် ထားဝယ်မြို့နယ် ထီးခီးနယ်စပ်တစ်လျှောက်ကို ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ ငါးရံ့နီစခန်းသည် ဇွန်လ ၁၀ ရက်က KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူလိုက်သည့် ပွိုင့် ၂၅၆၆ (ခေါ်) ဗောဓိစခန်း၏ မြောက်ဘက် မိုင် ၂၀ နီးပါးအကွာတွင် တည်ရှိသည်။ အဆိုပါစခန်းတွင် စစ်ကောင်စီ (၂၅) ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့် အထိုင်ချထားသည့် စခန်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ KNLA […]