မြိတ်နှင့် ကော့သောင်းတွင် ရုရှားဘာသာစကားသင်တန်း ထပ်ဖွင့်မည်
Dawei Watch
June 11, 2025တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့က မြိတ်မြို့ နှင့် ကော့သောင်းမြို့တို့တွင် လာမည့် ဇူလိုင်လအတွင်း ရုရှားဘာသာစကားသင်တန်းကို ဖွင့်လှစ်ရန် စီစဥ်နေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာန၏ ကြေညာချက်နှင့် အစိုးရအဖွဲ့နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။ ထားဝယ်မြို့တွင် မေလ ဒုတိယအပတ်ကစတင်ဖွင့်လှစ်ခဲ့သည့် ရုရှားဘာသာစကားအခြေခံသင်တန်းသည် ယခုဇွန်လ ၆ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ကာ သင်တန်းသား နှစ်ရာကျော်ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ဖော်ပြသည်။ ယင်းအပြင် မြိတ်မြို့တွင် ထပ်မံဖွင့်လှစ်သွားရန် အစီအစဥ်ရှိကြောင်း ရေးသားဖော်ပြသည်။ ရုရှားဘာသာစကားသင်တန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ နှင့် နီးစပ်သူများထံမေးမြန်းရာ ကော့သောင်းမြို့တွင်လည်း ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဆိုသည်။ “ကော့သောင်းမှာကတော့ ခရီးသွားလုပ်ငန်း တိုးချဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်။ ရနောင်းဘက်ကနေ ရုရှားခရီးသွားတွေ ဝင်လာရင် အသုံးဝင်အောင်လို့ ဖွင့်တာ။ မြိတ်မှာကတော့ ခရိုင်မြို့ဖြစ်နေလို့ ဖွင့်တာပါ။ […]


