ထီးခီးနယ်စပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက်ထွက်ပြေး
Dawei Watch
May 7, 2025ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက ဧပြီလ ၂၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။ ဧပြီလ ၁၉ ရက်က ထီးခီးနယ်စပ်စခန်းနှင့် ၆ မိုင်ခန့်အကွာရှိ ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူပြီးနောက် ဧပြီလ ၂၁ ရက်တွင် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယခုမေလဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိုင်းဘက်ကို လက်နက်နှင့်အတူ ထွက်ပြေးသည်ဟု သတင်းရရှိကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစု၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။ “ထွက်ပြေးတဲ့သတင်းတွေတော့ ကြားရတယ်၊ ရဲတွေရော စစ်သားတွေရော ထွက်ပြေးတယ်ဆိုတာ ကြားရတယ်၊ နောက်ဆက်တွဲ သက်ဆိုင်ရာ နီးစပ်သူတွေကို […]


