မိုးရွာသွန်းမှုကြောင့် တနင်္သာရီက စစ်ရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်
Dawei Watch
April 4, 2025မတ်လကုန်ပိုင်းမှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ရှောင်နေရသူများနှင့် စစ်ရှောင်ကူညီနေသူအချို့ထံမှ သိရသည်။ မတ်လ၂၉ရက်မှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ရက်ရှည်စစ်ဘေးရှောင်နေရသည့် သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက စစ်ဘေးနေရသူများမှာ အမိုးအကာနှင့် စားနပ်ရိက္ခာများ ပို၍လိုအပ်လာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီပေးနေသည့် အသက်၂၇နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်များမှာ တောတောင်အတွင်းနေထိုင်ကြရပြီး အမိုးအကာအလုံအလောက်မရှိသဖြင့် အဝတ်အစားနှင့် ရိက္ခာကဲ့သို့ ပစ္စည်းများကို အမိုးအကာအောက်ထားပြီး လူကအမိုးအကာအပြင်ဘက်တွင် နေရသူများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ “တာလပတ်ကတော့ လူတိုင်းမှာမရှိဘူး။ တချို့ကျတော့ ထန်းခက်တွေ အမိုးလုပ်ပြီးနေနေကြတယ်။ သူတို့မှာပါလာကြတဲ့ တာလပတ်တွေကလည်း အချို့ဆို ဆွေးနေတာတွေ ပေါက်ပြဲတာတွေရှိတယ်။ မိုးရွာတော့ မိုးယိုတာပေါ့” ဟု အထက်ပါစစ်ရှောင်နေသူက ပြောဆိုသည်။ စစ်ဘေးရှောင်များတွင် ယာယီတဲထိုးပြီး နေရသူများသည့်အတွက် နေထိုင်ရန် အဆင်မပြေသလို […]


