ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေသသတင်း

စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ ထပ်မံ ဘက်ပြောင်းခိုလှုံ

Dawei Watch

March 7, 2025

စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၁ နှင့် အပတ်စဥ် ၆ သင်တန်းဆင်း တပ်သားနှစ်ဦး မွန်နှင့် တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်းထံသို့ ထပ်မံ၍ ဘက်ပြောင်းခိုလှုံကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးမြို့နယ်အတွင်း လမ်းကင်းဆောင်ရွက်နေစဉ် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒေသခံများအား ဆက်သွယ်မေးမြန်း၍ ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ ထံသို့ မတ်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေါနတပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ရန်ကုန်နှင့် ပဲခူးဒေသခံများဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရခဲ့သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၊ အမှတ် ၁ အရာခံနှင့်တပ်ကြပ်ကြီးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး […]

ဒရုန်းတပ်ဖွဲ့ကို အားကောင်းအောင် ပြင်ဆင်နေကြောင်း တနင်္သာရီတိုင်းစစ်ဌာနဆို

Dawei Watch

March 5, 2025

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် မဟာဗျူဟာမြောက်တိုက်ခိုက်နိုင်သည့် လက်နက်များရှိရန် လိုအပ်လာပြီး ဒရုန်းတပ်ဖွဲ့ အားကောင်းလာစေရန် ပြင်ဆင်နေကြောင်း တိုင်းစစ်ဌာန (တနင်္သာရီ) ၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။ တနင်္သာရီတိုင်း စစ်ဌာနအောက်ရှိ Dragon Squad ဒရုန်းတပ်ဖွဲ့အား အဆင့်မြှင့်တင်ရန် ပြုလုပ်နေသည့် ဝေဟင်စိုးမိုးဇီဝဇိုးကမ်ပိန်းအတွက် တိုင်းစစ်ဌာနပြန်ကြားရေး Facebook စာမျက်နှာက ထုတ်လွှင့်သည့် ရုပ်သံတွင် ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ရခိုင်တွင် နယ်မြေလက်လွှတ်ဆုံးရှုံးခဲ့သည့် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်များသည် တနင်္သာရီတိုင်းသို့ ပြောင်းရွှေ့ လာသည့်အပြင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ထဲတွင်မူ ရေတပ်စခန်းများကိုပါ တိုးချဲ့နေကြောင်း ၎င်းက ဆိုသည်။ ယင်းပြင် စစ်ကောင်စီသည် နယ်မြေစခန်းများကို ဆုတ်ခွာထားပြီး မြို့ပြနှင့် တပ်ရင်းများတွင် ခြေကုပ်ယူကာ ခံစစ်ပြင်ဆင်နေသည်ကိုလည်း တွေ့လာရကြောင်း ရဲဘော်စတားက […]

တနင်္သာရီတိုင်းတွင် အပူချိန်မြင့်တက်ပြီး အပူရှပ်နိုင်သဖြင့်သတိပြုရန်လို

Dawei Watch

March 4, 2025

တနင်္သာရီတိုင်းတွင် မတ်လ ပထမ ၁၀ ရက်အတွင်း အပူချိန်မြင့်တက်ပြီး အပူရှပ်ခြင်း (Heat Stroke) ခံစားရနိုင်သော ကြောင့် သတိပြုရန်လိုကြောင်း မိုးလေဝ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့ မတ်လ ၄ ရက်တွင် ရေးသားထားသည်။ တနင်္သာရီတိုင်းအပါဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခု၌ မတ်လ ပထမ ၁၀ရက်အတွင်း နေ့အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့်အထက် မြင့်တက်လာနိုင်ကြောင်း ၎င်းက အင်တာနက်လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထားဝယ်မြို့နှင့်အနီးတဝိုက်တွင် ယခုမတ်လဆန်းကစပြီး နေ့ခင်းပိုင်း အပူဒဏ်ကို သိသိသာသာ ခံစားရကြောင်း ထားဝယ်ဒေသခံများက ပြောသည်။ “နေ့ခင်းဘက် ပန်ကာ မရှိဘဲနေလို့ မရဘူး။ အပူချိန်သိသိသာသာတက်လာတယ်။ နံနက် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီကျော်အထိက အပူဆုံးအချိန်တွေပါပဲ။ […]

ဒေါနတပ်ရင်းက ရဲဘော်တစ်ဦး ထောက်ပို့ထီ ဒုတိယဆု ကံထူး

Dawei Watch

March 3, 2025

မွန်နှင့်တနင်္သာရီဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်း မှ ရဲဘော်တစ်ဦးသည် တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ ဒုတိယဆု (ကျပ်သိန်းနှစ်ရာ) ကို ကံထူးခဲ့ကြောင်း သိရသည်။ ၁၄ ကြိမ်မြောက်ထောက်ပို့ထီကို မတ်လ ၂ ရက်ညတွင် ထောက်ပို့ထီအဖွဲ့က အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်၍ ထီဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါနတပ်ရင်း၊ တပ်ခွဲ ၃၊ ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ရှိုင်း ထိုးထားသော ထီလက်မှတ် နံပါတ် ၀၃၀၂၀၄၆ ဖြင့် ကံထူးခဲ့ခြင်းဖြစ်သည် ။ ” တပ်ခွဲက ရဲဘော်ထိုးထားတဲ့ အထဲကဒုတိယဆုပေါက်တာပါ ။ နောက်ထပ် နောက် ဂဏန်းသုံးလုံးတူ ငါးသောင်းဆုက နှစ်ဆု ထပ်ပေါက်သေးတယ်” ဟု ယင်းတပ်ခွဲ ၏ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် စောခေတ်သစ်ကပြောသည် ။ ဒုတိယဆု ကံထူးထားသည့် […]

တနင်္သာရီတိုင်းတွင် မိုးဆက်ရွာမည်

Dawei Watch

February 24, 2025

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၂၄ရက်မှ ဖေဖော်ဝါရီလ ၂၇ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဆက်ရှိနေမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ရက်တွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင် စသည့်ဒေသတို့တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ […]

တနင်္သာရီတိုင်းရှိ နေရပ်စွန့်ခွာလာရသူတစ်သောင်းကျော်ကို ငွေကြေးထောက်ပံ့ဟု စစ်ကောင်စီထုတ်ပြန်

Dawei Watch

February 21, 2025

တနင်္သာရီတိုင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာလာသူ တစ်သောင်းကျော် (၁၁,၀၄၃ ဦး) ကို ငွေကြေး ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ သဘာဝဘေးရန်ပုံငွေမှ တစ်ဦးလျှင် တစ်လအတွက် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားသည်။ ထားဝယ်ခရိုင် ၆၃၅၅ ဦး၊ မြိတ်ခရိုင်မှ ၄၂၈၉ ဦး၊ ကော့သောင်းခရိုင်မှ ၃၆၅ ဦး၊ ဘုတ်ပြင်းခရိုင် ၃၄ ဦးတို့အတွက် စုစုပေါင်း ငွေကျပ်သန်း ၂၂၀ ကျော်အား ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ ဘုတ်ပြင်းမြို့နယ်ကို ခရိုင်အဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာထားသည်။ နေရပ်စွန့်ခွာလာရသူများကို တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လစဉ်ထောက်ပံ့မည် ဖြစ်ကြောင်း ဆိုသည်။ ထားဝယ်မြို့ပေါ်တွင် စစ်ဘေး‌ရှောင်နေရသူ လေးဦးအား […]

တနင်္သာရီ ခမရ ၅၅၈ က စစ်မှုထမ်းသင်တန်းဆင်း ခုနစ်ဦး ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

February 21, 2025

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် အမှတ် ၅၅၈ စစ်ကောင်စီခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းခုနစ်ဦး ဖေဖော်ဝါရီလ ၁၉ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်း ထံမှ သိရသည်။ ဘက်ပြောင်းခိုလှုံလာသည့် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားခြောက်ဦး စုစုပေါင်း ခုနစ်ဦးတွင် သေနတ် ခုနစ်လက်၊ ကျည်ဘောက် ၂၆ခု၊ ကျည်ဆန်အတောင့် ရှစ်ရာကျော်၊ လက်နက်ကြီးကျည် ၁၄လုံး ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း နှစ်လုံး တို့ ယူဆောင်လာခဲ့ကြောင်း ဒေါနတပ်ရင်းက ဖေဖော်ဝါရီလ ၂ဝရက်တွင် မှတ်တမ်းဓာတ်ပုံများဖြင့် ထုတ်ပြန်ထားသည်။ လက်နက်များဖြင့် ဘက်ပြောင်းခိုလှုံလာသဖြင့် ဆုငွေများချီးမြှင့်ထားပြီး လက်ရှိတွင် တပ်ရင်း၌ စောင့်ရှောက်ထားကာ တော်လှန်ရေးတွင် ပြန်လည်ပါဝင်ရန် ဆန္ဒရှိမရှိကို သိရှိနိုင်ရန် ၎င်းတို့ဆန္ဒကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဒေါနတပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောသည် […]

တနင်္သာရီတိုင်းတွင် နှစ်ရက်အတွင်း မိုးရွာမည်ဟု မိုး/ဇလ ထုတ်ပြန်

Dawei Watch

February 18, 2025

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ရက်အတွင်း မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ထုတ်ပြန်ချက်အရသိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း တနင်္သာရီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တိုတွင် ယနေ့ ညနေပိုင်းမှစကာ မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကြောင်းအထက်ပါ ထုတ်ပြန်ချက်ကဆိုသည်။ “မနက်စောစောတော့(မိုး)အုံ့နေတယ် ပစ္စည်း(သီဟို၊ကွမ်းသီး)တွေက အခြေအနေကြည့်ပြီး အကုန်ထုတ်လှန်းထားတာပဲ ကွမ်းသီးကတော့ အခြေအနေ စောင့်ကြည်နေတယ်။ ကွမ်းသီးက မိုးထိရင် နီသွားတာ”ဟု ထားဝယ်မြို့ရှိ ကွမ်းသီး သီဟို ပွဲ ရုံလုပ်ငန်းလုပ်သူတစ်ဦးကပြောသည်။ ယင်းအပြင် အထက်ပါတိုင်းနှင့် ပြည်နယ်များအပါအဝင် ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပို င်းတို့တွင်လည်း ယနေ့ ညနေမှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်းမိုးရွာနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် […]