မလွှဲတောင်အတက်တွင် ကားချောက်ထဲကျပြီး ရေဖြူဒေသခံငါးဦးသေဆုံး
Dawei Watch
January 23, 2025မလွှဲတောင်အတက်တွင် ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းက ကားတစ်စီးချောက်ထဲကျပြီး ရေဖြူမြို့နယ်ဒေသခံ ခရီးသည်ငါးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးရွာက ခရီးသည်နှင့် ကုန်တင်သည့်ကားသည် ရေးမြို့မှပြန်လာစဥ် ရေး-ထားဝယ် ကားလမ်း ရေးဘက်ခြမ်း မလွှဲတောင်အတက် ၁၄ မိုင်အကွေ့တွင် ချောက်ထဲကျခြင်းဖြစ်ကြောင်း အထက်ပါအသင်းများထံမှ သိရသည်။ ကားပေါ်တွင် ရေဖြူမြို့နယ် ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စသည့် ကျေးရွာများက ခရီးသည်ဆယ်ဦး လိုက်ပါလာကြောင်း အဆိုပါအသင်းများထံမှ သိရသည်။ ယာဥ်မောင်းဖြစ်သူတွင် ဒဏ်ရာပြင်းထန်သဖြင့် ကားတိမ်းမှောက်သည့် အကြောင်းအရင်းကို မေးမြန်းခွင့်ရသေးသဖြင့် မသိရသေးကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၁၄ မိုင် ဘုန်းကြီးကျောင်းအကွေ့ မလွှဲတောင်အတက်မှာ လမ်းဘေးက ကွန်ကရစ်တိုင်တွေပါ တိုက်ပြီး […]


