တနင်္သာရီတိုင်း လူဦးရေ၏ ထက်ဝက်ကျော်သာ သန်းခေါင်စာရင်းကောက်ယူနိုင်
Dawei Watch
December 31, 2024လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့် စစ်ကောင်စီက ကောက်ယူထားသော သန်းခေါင်စာရင်းရှေ့ပြေး အချက်အလက်များကို ထုတ်ပြန်ရာတွင် တနင်္သာရီတိုင်းရှိ လူဦးရေ၏ ထက်ဝက်ခန့်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်းတွေ့ရသည်။ ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့သည့် သန်းခေါင်စာရင်းကောက်ယူမှုအရ တနင်္သာရီတိုင်းရှိ လူဦးရေ ခုနစ်သိန်းခုနစ်သောင်းကျော်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ယနေ့(ဒီဇင်ဘာ ၃၁) နံနက်ကထုတ်ပြန်သည့် ရှေ့ပြေးအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံလူဦးရေမှာ ငါးဆယ့်တစ်သန်းသုံးသိန်းကျော် ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ခန့်မှန်းထားပြီး သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့သည့် လူဦးရေ ၃၂ သန်းကျော်ရှိပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၁၉ သန်းကျော်ရှိကြောင်း ယင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှုအရ တနင်္သာရီတိုင်းရှိ လူဦးရေမှာ ၁၃ သိန်းကျော် (၁,၃၈၀,၅၆၇) ရှိကြောင်း […]


