ဒေသထွက် မျှင်ငါးပိ ဈေးနှစ်ဆခန့်ခုန်တက်
Dawei Watch
November 3, 2024တနင်္သာရီတိုင်း ပင်လယ်ဒေသမှထွက်သည့် မျှင်ငါးပိစျေးမှာ နှစ်ဆခန့်အထိ ခုန်တက်သွားကြောင်း ရေလုပ်သားများထံမှ သိရသည်။ ယမန်နှစ်က မျှင်ငါးပိ (အကောင်းစား)တစ်ပိဿာလျှင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရှိနေရာက လက်ရှိတွင် ကျပ်တစ်သောင်း ဝန်းကျင်အထိ ဈေးမြောက်နေကြောင်း ဘုတ်ပြင်း၊ ကျွန်းစုနှင့် မြိတ်မြို့နယ်ရှိ မျှင်ငါးပိလုပ်နေသည့် ရေလုပ်သား အချို့က ဆိုသည်။ ငါးပိအရည်အသွေးအပေါ်မူတည်ကာ တစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဝန်းကျင်မှ ကျပ်တစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။ မျှင်ငါးပိကို ဂွေးကောင်ဟုခေါ်သည့် ပင်လယ်ထွက်သတ္တဝါအား ဆားဖြင့်ရောကာ နေလှန်းခြင်း၊ ထောင်းခြင်း အစရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ပြုလုပ်ရသည်။ ငါးပိလုပ်ရာတွင် အသုံးပြုသည့် ဆားကြမ်းဈေးမြင့်တတ်ခြင်း ၊ငါးပိလုပ်သည့်ဂွေးကောင်များ ဖမ်းဆီးရရှိမှုနည်းလာခြင်း ၊ မိုးကာလအလွန် မိုးရွာသွန်းမှုများခြင်းတို့ကြောင့် ငါးပိဈေးတက်လာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကော့ကနင်းရွာတွင် ငါးပိလုပ်နေသည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ “အဓိက အကြောင်းအရင်းက ဒီနှစ်က အရင်နှစ်ကထက် […]


