မြိတ်ပကဖထံ တစ်ရက်အတွင်း လေးဦး ဘက်ပြောင်းခိုလှုံဟုဆို
Dawei Watch
October 15, 2024စစ်ကောင်စီတပ်ဘက်မှ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ အောက်တိုဘာလ ၁၃ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာသူ လေးဦးရှိကြောင်း ပကဖအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်သားသုံးဦးနှင့် စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းခံရသူတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပထမ တစ်ယောက်က အရင်ဆက်သွယ်ပြီး ထွက်ပြေးလာတာ။ နောက်သုံးယောက်ကတော့ ထွက်ပြေးပြီးမှ ဆက်သွယ် လာတာ။ အရင်ဆက်သွယ်လာတဲ့ တစ်ယောက်ကိုတော့ ရဲဘော်တွေက စောင့်ကြိုပြီးခေါ်လာတာ။ မြို့တွင်းကနေဆိုတော့ လက်နက်တော့ မပါကြဘူး” ဟု ၎င်းက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ ကော့သောင်းမြို့နယ်အခြေစိုက် ခလရ ၄၃၁ တပ်ရင်းက ဖြစ်ကြောင်း မြိတ်မြို့နယ် ပကဖ ထံမှ သိရသည်။ ၎င်းတို့ သုံးဦးသည် မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းကတစ်ဆင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာဘက်သို့ ပို့ဆောင် […]


