စစ်မှုထမ်းအကြောင်းပြငွေတောင်းမှု တိုင်ကြားမှုမရှိ၍ အရေးမယူနိုင်ဟု တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးဆို
Dawei Watch
August 29, 2025စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစနစ်အတွက် အဓမ္မငွေကြေးကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် တနင်္သာရီတိုင်းတွင် တိုင်ကြားလာသူမရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ တိုင်းအတွင်းရှိ မြိတ်နှင့်ထားဝယ်ခရိုင်အတွင်းရှိရပ်ကွက်၊ ကျေးရွာအများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံများထံမှ ငွေကြေးအဓမ္မ တောင်းခံမှုများ အများအပြားရှိနေသည်။ ထိုသို့တောင်းခံရာတွင်လည်း လစဉ်ကြေးအနေဖြင့် ငွေကျပ်သောင်းကဏန်း လတိုင်းထည့်ဝင်နေရသည့် ရပ်ကွက်၊ ကျေးရွာများရှိသလို လူငယ်များကိုဖမ်းဆီးပြီးမှ ကျပ်သိန်းဆယ်ကဏန်းမှ သိန်းရာကဏန်းအထိ တောင်းယူနေသည့် ဖြစ်စဉ်များလည်းရှိသည်။ ငွေကြေးအဓမ္မတောင်းခံနေမှုများ ရှိသည်ဆိုသော်လည်း လက်ရှိအချိန်အထိ သတင်းပို့တိုင်ကြားလာသူ မရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။ “ရှင်းရှင်းပြောရင်ဗျာ အဂတိလိုက်စားမှုတို့ ဘာတို့ဆိုတာ အားလုံးကို ထိထိရောက်ရောက် အရေးယူချင်တာလေ။ အဲလိုဖြစ်လာမယ်ဆိုရင် တိုင်ကြားစာတို့ ဘာတို့ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာခင်ဗျား”ဟု ၎င်းကပြောသည်။ အဓမ္မငွေကြေးတောင်းခံပါက တိုင်ကြားနိုင်သည်ဟု စစ်အာဏာရှင်တပ်က […]


