ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၀) ❞

Dawei Watch

September 30, 2023

ကိုယ်တို့မြို့ကနေ မော်လမြိုင်မြို့ကို ကုန်းလမ်းက သွားမယ်ဆိုရင်တော့ တစ်ညအိပ် နှစ်ရက်ခရီး သွားရပြီး၊ ရန်ကုန်ကိုသွားမယ်ဆိုရင် နှစ်ညအိပ် သုံးရက်ခရီး သွားကြရပါတယ်။ ဒါက ပုံမှန်လမ်းခရီးကို ဆိုလိုတာပါ။ တကယ်လက်တွေ့ ခရီးသွားရတဲ့အခါ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ နေလိမ့်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ အများအားဖြင့် အဝေးပြေး ခရီးသည်တင်ကားတွေက အိုဟောင်းနေပြီး အခုခေတ်ကားတွေလို ထိုင်ခုံနေရာနဲ့ စနစ်တကျထိုင်ပြီး စီးရတာမျိုး မဟုတ်ပါဘူး။ ဦးရာလူတွေက သစ်သားခုံတန်းလျား ပေါ်မှာ ထိုင်စီးနိုင်ကြပေမဲ့ ကျန်တဲ့များစွာသော ခရီးသည်တွေက အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို တွယ်ကပ်စီးပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲသွားကြရပါတယ်။ ကားလမ်းက ကျဉ်းပြီး ဆိုးပါတယ်။ အချိန်မရွေး နေရာမရွေး ကားပျက်နိုင်ပြီး လစ်ရင်လစ်သလို ထွက်တိုက်တတ်တဲ့ ဓားပြလား သူပုန်လား အသေအချာမပြောနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ ရန်ကိုလည်း ကြောက်ကြရပါသေးတယ်။ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း -(၉) ❞

Dawei Watch

September 24, 2023

ကိုယ်တို့ အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ ကိုယ်တို့ရွာတွေက ရေလုပ်သားတွေရဲ့ ငါးဖမ်းတဲ့ ပုံစံတွေ ပြောင်းလဲလာပါတယ်။ မူလက လှေငယ်လေးတွေနဲ့ ရွက်အားကိုး တက်အားကိုးပြီး ထမင်းဘူးကိုယ်စီယူကာ နေ့ချင်းပြန် ငါးဖမ်းတဲ့စနစ်ကနေ စက်လှေတွေနဲ့ တစ်လစာ ရိက္ခာဖြည့်ပြီး ရက်ရှည်ငါးဖမ်းထွက်တဲ့စနစ်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းလာခဲ့ပါတယ်။ တနည်းပြောရရင် ငါးအစိုကိုဖမ်းပြီး ကိုယ့်ဒေသမှာပဲ ရောင်းကြတဲ့စနစ်ကနေ ငါးခြောက်ကို ဈေးကွက်ရှိရာ တင်ပို့ရောင်းချတဲ့စနစ်ကို ပြောင်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီး စိုက်ထုတ်နိုင်မှု အခြေအနေအရ မိရိုးဖလာလုပ်ကိုင်ခဲ့ကြတဲ့ နေ့ချင်းပြန် ငါးဖမ်းတဲ့ လုပ်ငန်းလေးတွေ တစ်ချို့လည်း ဒီနေ့ဒီအချိန်အထိ ဆက်ရှိနေဆဲပါပဲ။ ငါးစိုကို တိုက်ရိုက်ရောင်းတဲ့ အချိန်တုန်းကတော့ ဒီနေ့စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေကြရတဲ့ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်တွေဆိုတာ အလကားတောင်းစားလို့ရတဲ့ အစားစားတွေ ပါ။ ကင်စား ဖုတ်စား […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၈) ❞

Dawei Watch

September 11, 2023

ကိုယ်တို့ အလယ်တန်းအောင်တော့ ကိုယ်တို့ရွာနဲ့ (၁၀)မိုင်နီးပါး ကွာဝေးတဲ့ရွာမှာ အထက်တန်း ကျောင်းကို သွားတက်ခဲ့ရပါတယ်။ ကိုယ်တက်ခဲ့ရတဲ့ကျောင်းက ရွာနှစ်ရွာရဲ့အစပ် မြို့ကိုသွားတဲ့ ကား လမ်းမနံဘေးမှာ ရှိပါတယ်။ ပင်မကျောင်းဆောင်ကြီးက သွပ်မိုး ကွန်ကရစ် (C) ပုံသဏ္ဍန် တစ်ထပ် ကျောင်းဆောင်ပါ။ ကပ်လျက်မှာတော့ အစည်းအဝေးခန်းမကြီးပါတဲ့ သစ်သားနှစ်ထပ် ကျောင်းဆောင် ကြီးနဲ့ အခြားစာသင်ဆောင်တွေလည်း သီးခြားစီ ရှိကြပါသေးတယ်။ ကျောင်းရဲ့မျက်နှာစာမှာ အလံတိုင်၊ စုဝေးကွင်းနဲ့ ဘေးနှစ်ဘက်တွေမှာ မုန့်ဆိုင်တန်းတွေ ရှိပါ တယ်။ နောက်ကျောဘက်မှာ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုလည်း ရှိပါတယ်။ ရွာကျောင်းဆိုပေမဲ့ မြို့နဲ့ကမြစ်တစ်ခုပဲ ခြားလေတော့ တောမကျ မြို့မကျ နေရာလို့ ပြောနိုင်တာပေါ့။ ဒီကျောင်းမှာ ကိုယ်တက်ဖြစ်ခဲ့တဲ့အကြောင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကိုယ်တို့ရွာသားဖြစ်ပြီး […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၇) ❞

Dawei Watch

August 31, 2023

ကိုယ်တို့ရွာရဲ့ အဓိကစီးပွားရေးက ပင်လယ်ငါးဖမ်းတဲ့ တံငါလုပ်ငန်းဆိုပေမဲ့ လယ်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်။ ရွာရဲ့အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ လယ်ကွင်းကြီးတွေ ရှိပါတယ်။ အခုချိန်မှာတော့ တစ်ချို့က ဥယျာဉ်ခြံမြေအဖြစ်၊ တစ်ချို့က အိမ်ရာမြေအဖြစ် ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ်တို့မိသားစုမှာ လယ်ပိုင်မရှိပေမဲ့ အဖေဘက်က အဘိုးအဘွားတွေက လယ်သမား စစ်စစ်တွေ ဖြစ်လေတော့ လယ်သမားတွေရဲ့ နိစ္စဓူဝ လုပ်ကိုင်နေတာတွေကို မြင်နေကြားနေ ရလေ့ရှိပါတယ်။ ဒါကြောင့် “ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများ” ဆိုတဲ့ လယ် သမားများရဲ့ ဘဝတွေကို ပြန်လည်မြင်ယောင် မိပါသေးတယ်။ အမှန်တော့ အဲဒီခေတ်က လယ်သမားတွေဟာ လယ်ယာမြေကို တရားဝင်ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းရောင်းချခွင့် မရှိကြပါဘူး။ လယ်ယာမြေမှန်သမျှကို နိုင်ငံတော်က ပိုင်တယ်။ တောင်သူလယ်သမားတွေကို သီးစားချထားပေးတယ် […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၆) ❞

Dawei Watch

August 20, 2023

ကိုယ်တို့ခေတ် အစဉ်အလာကြီးမားတဲ့ ပွဲတော်တွေအထဲက ဒီနေ့အထိ မှတ်မှတ်ထင်ထင် ရှိနေတဲ့ ဘုရားပွဲတော်ကြီး တစ်ခုရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စာသင်ကျောင်းတွေ အတန်းတင် စာမေးပွဲဖြေဆိုပြီးချိန် နွေရာသီ ကျောင်းပိတ်ရက်တွေဖြစ်တဲ့ တပေါင်းလဆန်း(၉)ရက်နေ့ကစလို့ တပေါင်းလ ပြည့်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်ကြီးပါ။ ပွဲတော်ကျင်းပတဲ့ရွာက မြို့နဲ့ သိပ်မဝေးလှဘဲ မြစ်ကမ်းနံဘေး ကပ်လျှက်ရှိတဲ့ ရွာလေးပါ။ ကိုယ်တို့ရွာနဲ့တော့ အတော်လှမ်းပါသေးတယ်။ ကားနဲ့သွားရင် တစ်နာရီကျော်ကျော်ခရီး၊ လှည်း နဲ့သွားရင် နေ့တစ်ဝက်ခရီးလောက် ရှိပါတယ်။ ပထမဆု နွားမတမ်းလေးတစ်ကောင်နဲ့ ဘုရားဆင်းတုတော်တစ်ဆူဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ကံစမ်းမဲမျိုးကို ရောင်းလေ့ရှိသလို နိုင်ငံတဝှမ်းက လက်ဝှေ့အကျော်အမော်တွေ လာရောက် ယှဉ်ပြိုင်ထိုးသတ်ကြတဲ့ လက်ဝှေ့ပွဲလည်းရှိလေတော့ ဒေသတွင်းမှာ လူသိများတဲ့ နာမည်ကျော်ပွဲတော်ကြီး တစ်ခုပါ။ တနည်းပြောရရင် လက်ဝှေ့ပွဲနဲ့ တွဲပြီးမြင်လေ့ရှိတဲ့ ပွဲတော် လို့လည်း […]

စစ်ကောင်စီမပြောနိုင်တော့သော စကားသုံးခွန်း

Dawei Watch

August 11, 2023

ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စစ်ကောင်စီဟာ သူ့ရဲ့သက်တမ်းကို ထပ်တိုးခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲအတွင်း လေးကြိမ်မြောက်သက်တမ်းတိုးခြင်း ဖြစ်ပါတယ်။ သက်တမ်းတိုးမှုနဲ့အတူ စစ်ကောင်စီဟာ သူ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို ထူးထူးခြားခြား ပြောင်းလဲလိုက်တာကိုလည်း တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေမှာ စစ်ကောင်စီ မပြောတော့တဲ့ ကိစ္စ သုံးခုကို သွားတွေ့ပါတယ်။ အဲဒီကတစ်ဆင့် စစ်ကောင်စီရဲ့အနေအထားနဲ့ သူ ဘယ်ကိုသွားနေပြီလဲဆိုတာကို တွေးဆနိုင်ပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ အာဏာစသိမ်းတဲ့အခါ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်ဆိုပြီး ချမှတ်ကြေညာခဲ့ပြီး နေ့စဉ်သတင်းစာတွေမှာ မျက်နှာဖုံးနဲ့ နောက်ကျောဖုံးတွေမှာ အမြဲဖော်ပြနေခဲ့တာပါ။ ဒါတွေကို မြင်ရကြားရတာဟာ ပျင်းစရာကောင်းလှပါတယ်။ လူကြားကောင်းအောင် ဟန်ပြသဘော ပြောနေတဲ့အတိုင်းပါပဲ။ အခုမတိုင်မီ အရင်စစ်အစိုးရတွေလက်ထက်ကလည်း ဒီလိုမျိုးတွေ ရှိခဲ့တာပါပဲ။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၅) ❞

Dawei Watch

August 10, 2023

ကိုယ်တို့ခေတ် ကျောင်းသူကျောင်းသားတွေက ခုနှစ်တန်း၊ ရှစ်တန်းအရွယ်ဆို အပျို လူပျိုပေါက်စလေးတွေ ဖြစ်နေကြပါပြီ။ ရွာနီးချုပ်စပ်က ကျောင်းနေဖက် သူငယ်ချင်းတွေ လည်း ရှိနေပြီဆိုတော့ အကြောင်းအမျိုးမျိုးပြလို့ သူ့ရွာကိုကိုယ်ကသွားလိုက် ကိုယ့်ရွာကို သူကလာလိုက်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အရေးပါသူအဖြစ် အထင်ရောက်နေ ပြီဆိုပါတော့။ တနည်းပြောရရင် ကိုယ့်ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားစ ပြုလာပြီဖြစ် အရွယ်တွေပေါ့။ ကိုယ်တို့ရပ်ရွာတွေက လူကြီးသူမတွေဟာ သူတို့ဘဝမှာ အနည်းဆုံး ကထိန်အလှူ တစ်ကြိမ်လောက်တော့ လှူခွင့်ရမှ လူဖြစ်ကျိုးနပ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ သားမြေးမြစ်တွေကို ရှင်ရဟန်းအသွင်နဲ့ မြင်ရတာကို ကျေနပ်ဂုဏ်ယူကြပြီး ကုသိုလ်အထူး ရတယ်လို့ ယူဆကြပါတယ်။ တတ်နိုင်သူများကတော့ တစ်ကြိမ်မက လှူကြတာပေါ့လေ။ ကထိန်အလှူ မတတ်နိုင်ရင်တောင်မှ ရဟန်းခံရှင်ပြုအလှူတော့ ကြိုးစားပြီး ဖြစ်တဲ့ နည်းနဲ့ လှူတတ်ကြပါတယ်။ တချို့ဘိုးဘွားတွေဆို […]

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း (၄) ❞

Dawei Watch

August 3, 2023

ကိုယ်တို့ရဲ့ အလယ်တန်းကျောင်းက ( C )ပုံသဏ္ဍန် သစ်သားသွပ်မိုး တစ်ထပ်ကျောင်း ဆောင်ပါ။ ပင်လယ်ကမ်းခြေကိုသွားတဲ့ ကားလမ်းကနေ ကျောင်းဝင်းထဲဝင်တဲ့ လမ်းကလေးရဲ့ တစ်ဘက်တစ်ချက်စီမှာ ယူကလစ်ပင်တန်းလေးတွေ ညီညီညာညာစိုက်ထားပါတယ်။ ကျောင်းရဲ့ မျက်နှာစာမှာ အလံတိုင်နဲ့ စုဝေးကွင်းရှိပြီး နောက်ကျောဘက်မှာ မုန့်ဆိုင်ဈေးတန်း ရှိပါတယ်။ ဘောလုံးကွင်း၊ ဘော်လီဘောကွင်းအပါအဝင် သီဟိုဠ်ပင်၊ အုန်းပင်စတဲ့ နှစ်ရှည်စားပင်သီးပင် တွေနဲ့ ကျောင်းခြံဝင်းကြီးက အကျယ်ကြီးပါ။ နိုင်ငံတဝှမ်းက ပင်လယ်ကမ်းခြေကို အပန်းဖြေဖို့လာကြတဲ့ ဧည့်သည်တွေဟာ ကိုယ်တို့ ကျောင်းကို ဖြတ်ပြီးသွားကြရပါတယ်။ ‌နေ့ကြီးရက်ကြီးတွေနဲ့ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေ မှာ ပိုပြီးစည်ပါတယ်။ အထူးသဖြင့် မြို့ပေါ်မှာ အထင်ကရပွဲတော်တွေလုပ်တိုင်း ရန်ကုန်က လာသမျှ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေအားလုံး ဒီကမ်းခြေကို မဖြစ်မနေ လာ ကြလေ့ရှိပါတယ်။ […]