စာမေးပွဲမေးခွန်း ချသင်ပေးတတ်သော ဆရာ၊ ဆရာမများ
Dawei Watch
May 9, 2026(၁) ငယ်ဘဝဆီ ခဏလောက် စိတ်ကူးယဉ်ကြည့်ကြရအောင်။ စာမေးပွဲမှာပါမယ့် မေးခွန်းကို အတိုင်းသားသင်ပေးတတ်တဲ့ ဆရာ၊ဆရာမမျိုးနဲ့ ကြုံခဲ့ရဖူးသလား။ ကိုယ့်ကလေးတွေကို အဲဒီမေးခွန်းချသင်တတ်တဲ့ ဆရာ၊ဆရာမဆီပဲ အပ်နှံရမယ်လို့ ပြောရင် ဘယ်လို ဆန္ဒရှိမလဲ။ (၂) ဒီနေ့အချိန်အထိ ဖြတ်သန်းခဲ့ရသမျှ သက်တမ်းတစ်လျှောက်မှာ ဆရာ၊ဆရာမ မျိုးစုံနဲ့ ကြုံဆုံခဲ့ရဖူးပါတယ်။ လောကရဲ့ နိယာမကို ငြင်းဆန်လို့ မရတော့ ကောင်းသောဆရာ၊ ဆရာမများလည်းကြုံခဲ့ရသလို ဆိုးသော ဆရာ၊ ဆရာမများနဲ့လည်း ဆုံခဲ့ဖူးတာပေါ့။ အဲဒီထဲကနေ ပြန်ကောက်ထုတ်ပြီး ပြောရမယ်ဆိုရင် စာမေးပွဲမှာပါမယ့် မေးခွန်းတွေကို ကလေးတွေဆီအတိုင်းသား ချသင်ပေးတတ်တဲ့ဆရာ၊ ဆရာမတွေအကြောင်း ပြောချင်ပါတယ်။ ဘယ်လိုဆရာ၊ဆရာမမျိုးတွေက ဒီလိုလုပ်ရပ်မျိုးကို လုပ်တတ်ကြသလဲ။ စဉ်းစားကြည့် ကြရအောင်ပါ။ ကိုယ်တွေ့ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ခွဲခြားပြရရင်တော့ (က) ဘာသာရပ်မပိုင်နိုင်သော ဆရာ၊ ဆရာမများ (ခ) […]


