❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၃) ❞
Dawei Watch
July 30, 2023ကိုယ်တို့နေခဲ့တဲ့ မူလတန်းကျောင်းမှာ စာမေးပွဲပြီးလို့ အောင်စာရင်းထွက်တယ် ဆိုတာမျိုး မရှိခဲ့ပါဘူး။ အခြားရွာက ကျောင်းတွေမှာတော့ မပြောတတ်ပါ။ နောက်နှစ် ကျောင်းပြန်ဖွင့်ချိန် အရင်နှစ်က တက်ခဲ့တဲ့အတန်းမှာပဲ တစ်ပတ်လောက် စာမသင်ရဘဲ ဆက်ထိုင်နေရပါတယ်။ ကျောင်းသားအသစ်တွေ လက်ခံတဲ့ကိစ္စ၊ ရပ်ဝေးကလာတဲ့ ဆရာ/မတွေရဲ့ နေရေးထိုင်ရေး ကိစ္စ၊ ကျောင်းသန့်ရှင်းရေးကိစ္စတွေ ပြီးတော့မှ အတန်းပိုင်ဆရာက ဘယ်သူတွေတော့ ဘယ် အတန်းကိုသွားဆိုပြီး အမည်စာရင်းခေါ်ကာ အတန်းပြောင်းခိုင်းလေ့ရှိပါတယ်။ အမည်စာရင်း မပါတဲ့ သူတွေကတော့ စာမေးပွဲရှုံးသူတွေပဲပေါ့။ ကျောင်းဆောင်အသစ်ဆောက်ဖို့ ဒါမှာမဟုတ် ပြုပြင်ဖို့လိုအပ်ရင် ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး အလှူခံရပါတယ်။ ဆရာ/မတွေ မလုံလောက်ရင်လဲ ဒီလိုပဲ ကျောင်းသား မိဘတွေက စုပေါင်းဖြေရှင်းရလေ့ ရှိပါတယ်။ အခုခေတ်လိုမျိုး အစိုးရက ချပေးတယ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ရှိခဲ့ရင်လည်း ကိုယ်တို့ရွာနီးချုပ်စပ်မှာတော့ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း […]


