ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဆန် ဈေးတက်ပြီး ရေထွက်ကုန် ဈေးကျသည့် ထားဝယ်ဈေးကွက်

September 14, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ထားဝယ်ဒေသထွက် ဆန် ဈေးတက်ပြီး ရေထွက်ကုန်များ ဈေးကျလျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ် စက်တင်ဘာလ ၆ ရက်က ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ် ၁၄၁,၅၀၀ကျပ်မှ စက်တင်ဘာလ ၁၂ ရက်တွင် ၁၄၈,၀၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ဧည့်မထ) ဆန် တစ်အိတ်လျှင် ၈၇,၅၀၀ ကျပ်မှ ၉၆,၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၆,၅၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ဧည့်မထ) ဆန်တစ်အိတ်လျှင် ၉,၀၀၀ကျပ် အသီးသီးဈေးတက်သွားကြခြင်းဖြစ်သည်။

ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် စက်တင်ဘာလ ၆ ရက်က ပါတူး (ခေါ်) ငါးလုံးငါးတစ်ပိဿာ ၁၈,၀၀၀ကျပ်မှ စက်တင်ဘာလ ၁၂ ရက်တွင် ၁၅,၀၀၀ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၄၅,၀၀၀ကျပ်မှ ၃၀,၀၀၀ကျပ်၊ ဖိုးထောမဲ တစ်ပိဿာ ၂၇,၀၀၀ကျပ်မှ ၁၆,၀၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ပါတူးငါးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဖိုးထောမဲငါး တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် အသီးသီးဈေးကျသွားခြင်းဖြစ်သည်။

သို့သော် ပုစွန်မှာ တစ်ပိဿာ ၆၅,၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။

ကြက်သွန်၊ ငရုတ်နှင့် အခြားစားဖိုဆောင်သီးနှံများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရသည်။