ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ဆရာတော်အမှုနှင့် ညစ်ညမ်းဗီဒီယိုဖိုင်များ ဖြန့်ဝေပါက ထောင်ဒဏ်နှင့် ငွေဒဏ် ကျခံရနိုင်ဟုသတိပေး

September 11, 2026

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် ဖမ်းဆီးခံရသော ကျောင်းထိုင်ဆရာတော်အမှုနှင့် ပတ်သက်၍ ညစ်ညမ်းဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း၊ ဖုန်းနှင့် ကွန်ပျူတာများတွင် သိမ်းဆည်းခြင်းတို့ လုပ်ဆောင်လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးလိုက်သည်။

ကျောင်းရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်မှုဖြင့် စက်တင်ဘာလ ၁၀ ရက်က ရှေးဟောင်းတော်ဝင် ဘုန်းကြီးကျောင်းဖြစ်သော ဝပ်ဖုထိုင်းစဝမ် (Wat Phutthaisawan) ကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖရားဝဇီရာယန် (Phra Vajirayan) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းအမှုနှင့် ဆက်စပ်၍ ဆရာတော်နှင့် နီးစပ်သူ အမျိုးသမီးတို့ စားပွဲပေါ်တွင် မှေထုန်မှီဝဲနေသော ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပြန့်နှံ့လာပြီးနောက် ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် ညစ်ညမ်းဗီဒီယိုများကို ကွန်ပျူတာ သို့မဟုတ် ဖုန်းများထဲတွင် သိမ်းဆည်းထားသည်ဖြစ်စေ၊ အခြားသူများကို ဖြန့်ဝေခဲ့သည်ဖြစ်စေ ကွန်ပျူတာအက်ဥပဒေအရ ငွေဒဏ် ဘတ် တစ်သိန်း သို့မဟုတ် ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ညစ်ညမ်းဗီဒီယိုများကို မတင်ကြရန်၊ မဖြန့်ဝေကြရန်နှင့် အကယ်၍ မလိုက်နာပါက ထောင်ဝင်စာ တွေ့ရမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတိပေးထားသည်။

Ref: CH 7, Bangkokbiz News