ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာ၊ ကနိုင်းဒါတိုးဂိတ်အနီးရှိ PP1 စက်သုံးဆီဆိုင် မန်နေဂျာဖြစ်သူကို လက်နက်ကိုင်ဆောင် ထားသည့် အမျိုးသားနှစ်ဦးက ပစ်ခတ်သတ်ဖြတ်ပြီး ကားကိုလည်း ယူဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
PP1 စက်သုံးဆီဆိုင် မန်နေဂျာ အသက် ၃၉ နှစ်အရွယ်ရှိ ဦးဟန်စိုင်းအောင်ကို ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၅ နာရီကျော်တွင် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ဆီဆိုင်တွင်ပင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံအချို့က ပြောသည်။
ဦးဟန်စိုင်းအောင် စီးနေသည့် ကားကိုလည်း အဆိုပါအမျိုးသားနှစ်ဦးက ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။
ဦးဟန်စိုင်းအောင်အား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။
ဦးဟန်စိုင်းအောင်သည် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာဇာတိဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
၎င်းတွင် ဇနီးနှင့် အသက် ခုနစ်နှစ်အရွယ် သမီးတစ်ဦးကျန်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။







