ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လေးမျက်နှာ ရေဘေး ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦး သွားရောက်ကူညီ

Dawei Watch

August 6, 2026

ဧရာဝတီတိုင်း၊ လေးမျက်နှာရေဘေး သွားရောက်ကူညီရန် ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးသည် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်သို့ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးသီဟအောင် ဦးဆောင်သည့် အဖွဲ့သည် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု ပေးရာတွင် သွားရောက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အခုက ပထမအသုတ်ပေါ့နော်။ အခြေအနေကြည့်ပြီးတော့မှ နောက်တစ်သုတ်အနေနဲ့ ထပ်သွားဖို့ရှိပါတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။ ထားဝယ်မြို့မှ ဩဂုတ်လ ၁၈ ရက်နေ့တွင် လေးမျက်နှာ ရေဘေးကူညီထောက်ပံ့ရန် […]

မလေးရှားသွားမည့် မြန်မာ ၄၀ ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

August 6, 2026

မလေးရှားနိုင်ငံသို့ သွားရန် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်သည် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၅ရက်က ကန်ချနဘူရီမြို့ ရေတံခွန်လမ်းပိုင်းတွင် အာဏာပိုင်များ ဂိတ်ချစစ်ဆေးနေစဉ် ဗန်ကားတစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ဗန်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ မောင်းပြေးစဉ် လမ်းချော်ပြီး လမ်းလယ်ကျွန်းသို့ တက်သွားခဲ့ပြီးနောက် ရပ်တန့်သွားခဲ့သည်။ ကားကို စစ်ဆေးရာ မြန်မာနိုင်ငံသား ၄၃ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ နေထိုင်ခွင့်စာရွက်များ မတွေ့ရဘဲ ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်လာကြကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ သွားရန် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစရိတ်အတွက် တစ်ဦးလျှင် ဘတ် […]

ကော့သောင်းတွင် စစ်အာဏာရှင်လှေများကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Dawei Watch

August 6, 2026

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ မလိဝမ်းချောင်းဝ (ဒေသအခေါ်) သို့ လှေ ၂ စီးဖြင့် ဝင်လာသည့် စစ်အာရှင်တပ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ကော့သောင်းမြို့မှ မလိဝမ်းကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးရန် လှေကြီး ၂ စီးဖြင့် မလိဝမ်းချောင်းဝသို့ ရောက်လာပြီး အသင့်ပါလာသော လှေငယ် ၂ စီးဖြင့် ကမ်းကပ်ရန် ပြင်ဆင်နေစဉ် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာရှင်တပ်သားများသည် မလိဝမ်းချောင်းဝသို့ ရောက်စဉ် မလိဝမ်းတိုက်ဖြူ (ဒေသအခေါ်) ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကမ်းတက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေချိန် […]

သရက်ချောင်း-ထားဝယ် လိုင်းကားဆွဲနေသည့် သားအဖနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 6, 2026

သရက်ချောင်း-ထားဝယ် လိုင်းကားပြေးဆွဲနေသည့် သားအဖနှစ်ဦး ဩဂုတ်လ ၂ ရက်နေ့တွင် လက်နက်ကိုင်ထားသူအချို့က ဖမ်းဆီးခဲ့ပြီး ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်တွင် နေထိုင်သည် အဆိုပါသားအဖသည် လိုင်းကားပြေးဆွဲနေချိန် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူသားအဖနှင့် ရင်းနှီးသူ သရက်ချောင်းမြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဖခင်ဖြစ်သူမှာ အသက် ၇၀ အရွယ် ဦးလှသိန်းဖြစ်ပြီး သရက်ချောင်း-ထားဝယ် လိုင်းကားအသင်း ဥက္ကဋ္ဌဖြစ်ကာ သားဖြစ်သူမှာ အသက် ၄၃နှစ်အရွယ် ဦးသိန်းဇော်ဦးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ သရက်ချောင်း-ထားဝယ် လမ်းပိုင်းရှိ ရန်တောင်နှင့် ညောင်ဇင်ရွာကြားက တောက်ထိန်တောင် (တောထီတောင်) ဘုရားတောင်အနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရန်တောင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အထက်ပါ သရက်ချောင်းမြို့ခံ အမျိုးသမီးကလည်း “ဖမ်းတာက တောထီတောင်ခြေမှာ ဖမ်းတာလို့ပြောတယ်။ […]

စစ်ခေါင်းဆောင် ထိုင်းခရီးစဉ် ဘန်ကောက်တွင် မြန်မာများ ဆန္ဒပြ

Dawei Watch

August 6, 2026

ယနေ့ ထိုင်းခရီးစဉ်လာရောက်သည့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဘန်ကောက်တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြကြသည်။ ယနေ့ ဩဂုတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံး (UN) ရှေ့တွင် ကိုစူရတ်တို့ ဦးဆောင်ဖွဲ့စည်းထားသည့် Bright Future အဖွဲ့က ဆန္ဒပြကြခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။ ၎င်းမလာရောက်မီ ယမန်နေ့ကပင် မြန်မာသံရုံးရှေ့အပါအဝင် နေရာများတွင် လုံခြုံရေး တိုးမြှင့်ချထားခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သော BIMSTEC အစည်းအဝေးလာတက်သော မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရနေဆဲ ဖြစ်သည်။ Ref: […]

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ် ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့ ကန့်ကွက်

Dawei Watch

August 6, 2026

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ယနေ့ လာရောက်သည့် ထိုင်းခရီးစဉ်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံရှိ သတ္တု လုပ်ငန်းများကြောင့် ထိုင်းတွင် မြစ်ရေ ညစ်ညမ်းမှု၊ နယ်စပ်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။ အထူးသဖြင့် နယ်စပ်တိုက်ပွဲများ၊ အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ‌မှောင်ခိုပို့ဆောင်မှုများနှင့် နယ်စပ် ကုန်သွယ်ရေးကိစ္စကို ပိုအလေးထား ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ ၅ ရက်တွင် ပြောသည်။ ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့် ပတ်သက်၍ Solidarity Collective […]

မြစ်ရေခမ်းခြောက်မှုကြောင့် နာဇီစစ်သင်္ဘောပျက်များ ပေါ်လာ

Dawei Watch

August 6, 2026

ဥရောပ၏ ဒုတိယအရှည်ဆုံးမြစ်ဖြစ်သည့် ဒန်းညုမြစ်ရေ အလွန်အမင်းကျဆင်းကာ ရေခမ်းခြောက်ပြီး မြစ်ကြမ်းပြင်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်သင်္ဘောအပျက်များ ပေါ်လာကြောင်း DW News သတင်းတွင် ဩဂုတ်လ ၅ ရက်နေ့က ဖော်ပြသည်။ ဆားဘီးယားနိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံတို့ကို ပိုင်းခြားထားသည့် ဆားဘီးယားဆိပ်ကမ်းမြို့ ပရာဟိုဗိုအနီးတွင် နာဇီဂျာမန်တို့က ၎င်းတို့၏ သင်္ဘောများကို ရှရှားတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ရှိရှိ နှစ်မြှုပ်ပစ်ခဲ့ကြပြီး ယင်းနေရာ၌ သံချေးတက်နေသည့် သင်္ဘောဝမ်းဗိုက်နှင့် ကျိုးပဲ့နေသည့် ရွက်တိုင်တစ်ခု ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။ အချို့နေရာတွင် လက်နက်များ တင်ဆောင်ထားဆဲဟု ယူဆရသည့် သင်္ဘောရာပေါင်းများစွာကို မြစ်ကြမ်းပြင်မှ ဖယ်ရှားနိုင်ရေး ဆားဘီးယားအစိုးရက ဥရောပသမဂ္ဂထံမှ အကူအညီရရန် ကာလရှည်ကြာ တောင်းခံလာခဲ့သည်။ သို့ရာတွင် သင်္ဘောပေါ်တွင် ကျန်ရှိနေသေးသည့် ပေါက်ကွဲပစ္စည်းများ မတော်တဆ ထိခိုက်မှုမရှိဘဲ ယင်းတို့ […]