ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဖမ်းဆီးငွေညှစ်

Dawei Watch

August 6, 2026

မွန်ပြည်နယ်တွင် စစ်အာဏာရှင်တပ်သည် ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ဒေသန္တရအမိန့်အကြောင်းပြချက်ဖြင့် စစ်အုပ်စု လက်အောက်ခံ စစ်အာဏာရှင်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့က ညပိုင်း လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ဖမ်းဆီးရာတွင် အထူးသဖြင့် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “ညပိုင်းဆိုရင် သူတို့ (စစ်တပ်) တွေ ကားနဲ့ လှည့်လေ့ရှိတယ်။ အဲဒီလိုလှည့်တဲ့အချိန် တွေ့သမျှကို ဖမ်းတယ်။ ဖမ်းပြီးရင် ငွေညှစ်တယ်။ သူတို့တောင်းသလောက် မပေးနိုင်ရင် စစ်မှုထမ်းပို့မယ် ဘာညာဆိုတော့ မရှိလည်း တချို့က ကြံဖန်ပြီး ပေးရတယ်” […]

မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာကို လက်နက်ကြီးပစ်ပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းထိုး

Dawei Watch

August 6, 2026

မလွှဲတောင်လမ်းပိုင်းမှာ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်က ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

စက်တင်ဘာ ၁၉ မှာ ဂျိုရှူအာဗန်နဲ့ ပန်တိုဂျာတို့ မကျေပွဲ နွှဲမယ်

Dawei Watch

August 6, 2026

ဒါဟာ မြန်မာနိုင်ငံကိုယ်စားပြု ဖိုက်တာတစ်ယောက်အနေနဲ့ UFC မှာ ခေါင်ပွဲထိုးခွင့်ရတဲ့ သမိုင်းမှတ်တမ်းလည်းဖြစ်သွားခဲ့ပါတယ်။

ထိုင်းတွင် အသက် ၂ နှစ်ကျော်အရွယ် မြန်မာကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်းခံရ

Dawei Watch

August 5, 2026

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင် အသက် ၂ နှစ်ကျော်အရွယ် မြန်မာကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိဘများက ထိုင်းလူမှုအဖွဲ့အစည်းတစ်ခုထံ အကူအညီတောင်းခံထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂ နှစ်နှင့် ၇ လအရွယ် မြန်မာကလေးငယ်၏ လိင်အင်္ဂါကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားတစ်ဦးကို မိဘများက ဇွန်လ ၁၅ ရက်နေ့က ရဲစခန်းတွင် တိုင်ကြားထားသည်။ ရဲစခန်းတွင် တိုင်ကြားထားပြီး တစ်လကျော်ကြာလာသည်အထိ အမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို မသိရသဖြင့် အမှုမှန်ပေါ်ပေါက်ရန် ထိုင်းလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော Be One Foundation အဖွဲ့ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ Be One Foundation အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း မိခင်နှင့် ကလေးငယ်များအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးနေသော ထိုင်းအဖွဲ့အစည်းဖြစ်သည်။ […]

မက်ဒရစ်တောမီးလောင်မှု ပြန်လည်ထူထောင်ဖို့ မက်ဆီက ယူရို ရှစ်သောင်း လှူဒါန်း

Dawei Watch

August 5, 2026

မက်ဒရစ်မြို့အနောက်ပိုင်း ဆီရာအိုစတေးဒေသဆီက ဟတ်တာပေါင်း ၃၀,၀၀၀ ကျော် ပျက်စီးသွားခဲ့တဲ့ ဆိုးဆိုးရွားရွား တောမီးဘေးဒဏ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်အောင် မက်ဆီက ယူရို ၈၀,၀၀၀ တရားဝင် လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။ မက်ဒရစ်ဒေသ အစိုးရအဖွဲ့ဥက္ကဋ္ဌက မက်ဆီ ငွေလှူဒါန်းတဲ့သတင်းကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားခဲ့တာပါ။ မက်ဆီရဲ့ ထင်ရှားလှတဲ့ လူမှုရေးနဲ့ ပရဟိတ လှူဒါန်းမှု မှတ်တမ်းတွေကတော့…. စပိန်တောမီးဘေးတွေ – အခုနွေရာသီကာလထဲမှာ စပိန်နိုင်ငံရဲ့ တခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တောမီးဘေးတွေအတွက် ကြက်ခြေနီအသင်းဆီကို မက်ဆီ က ရန်ပုံငွေတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဗလင်စီယာ ရေကြီးမှု – ဗလင်စီယာဒေသရဲ့ ဒါနာ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ ရေဘေးဒဏ်သင့်ပြည်သူတွေကို အရေးပေါ်အကူအညီ ပံ့ပိုးမှုတွေကို မက်ဆီ က လုပ်ဆောင်ခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံထဲက ဂါရာဟန်ဖောင်ဒေးရှင်းဆီကို မက်ဆီ က […]

လောင်းလုံးတွင် စစ်ကြောင်းဝင်ပြီးနောက် ပျောက်နေသည့် အမျိုးသားနှစ်ဦးအတွက် မိသားစု သပိတ်သွတ်

Dawei Watch

August 5, 2026

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် တောင်မင်းပြောင် ကျေးရွာ ဒေသခံအမျိုးသားနှစ်ဦးအတွက် မိသားစုက သပိတ်ဆွမ်းသွတ်ကြောင်း ဒေသခံများက ပြောသည်။ အင်အားတစ်ရာကျော်ရှိသည့် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်မြောက်ပိုင်း တောင်မင်းပြောင်ကျေးရွာသို့ ဇူလိုင်လ ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံနှစ်ဦးဖြစ်သည့် ကိုမိုးနှင့် ကိုနေတိုးတို့ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကြောင်းဝင်ရောက်ချိန် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး စစ်ကြောင်း ဇူလိုင်လ ၃၀ရက်က ပြန်ထွက်ချိန်တွင် ဒေသခံများ ရွာသို့ ပြန်ဝင်လာကြသော်လည်း ကိုးမိုးနှင့် ကိုနေတိုးတို့ နှစ်ဦးမှာ ယနေ့ ဩဂုတ်လ ၅ ရက်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးအား စစ်အာဏာရှင်တပ်က ပစ်သတ်ပြီး အလောင်းဖျောက်သွားခဲ့သည်ဟု ယူဆကာ မိသားစုတို့က ဩဂုတ်လ ၄ ရက်တွင် […]

ဘောလုံကစားနေရင်း မိုးကြိုးပစ်ခံရလို့ ထိုင်းဘောလုံးသမား သေဆုံး၊ အများအပြား ဒဏ်ရာရ

Dawei Watch

August 5, 2026

အင်္ဂါနေ့တုန်းက ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်မှာ ကျင်းပခဲ့တဲ့ ပွဲစဉ်တခုထဲမှာ မိုးကြိုးပစ်ခံရလို့ ထိုင်း ဘောလုံးသမားတစ်ယောက် သေဆုံးပြီး နောက်ထပ် ကိုးယောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ Golok FA Cup 2026 ဒေသတွင်း ပြိုင်ပွဲကို စုငိုင်ကိုလွတ်ခ် စည်ပင်သာယာနယ်မြေထဲက ဆန်တီပတ်ကွင်းမှာ ကျင်းပနေတာဖြစ်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က ဒေသခံနဲ့ အဖွဲ့စုံအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတာပါ။ ဆမ်ကော့ခ်စ် နဲ့ အဘူ အိတ်ခ် နောင်ဆီရင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲစဉ်မှာ ဒီအအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲကစားနေစဉ်အခိုက် ညနေ ၅ နာရီလောက်မှာ မိုးစရွာခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ် တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဘောလုံးကွင်းထဲမှာ တောက်ပတဲ့ လျှပ်စီးကြောင်းတစ်ခု လင်းလက်သွားပြီး ကစားသမား အများအပြား ကွင်းအတွင်း လဲကျသွားခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားခဲ့ရသူကတော့ ဆမ်ကော့ခ်စ်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ […]

လမိုင်းကော့နှင့် အလယ်ပိုင်းရွာ ဗုံးကြဲမှုတွင် ဂျိုင်ရိုကော်ပတာသုံးစင်းအသုံးပြု

Dawei Watch

August 5, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုရှိ လမိုင်းကော့နှင့် အလယ်ပိုင်းရွာတို့ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက် ရာတွင် ဂျိုင်ရိုကော်ပတာ သုံးစင်းအသုံးပြုခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ သြဂုတ်လ ၄ ရက် ညနေ ၄ နာရီတွင် လမိုင်းကော့ရွာကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ အမျိုးသမီးကြီးတစ်ဦး ဗုံးစထိမှန်၍ သေဆုံးပြီး နေအိမ်နှစ်ဆောင် ထိခိုက်ပျက်စီးကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နေအိမ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ မီးလောင်ပြီး နံဘေးရှိ အိမ်ကိုပါ မီးကူးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “မီးကိုတော့ ရွာသားတွေ ဝိုင်းငြှိမ်းလိုက်တယ်။ (ဗုံး) အစထိပြီး အိမ်မှာ အပေါက်တွေဖြစ်ကုန်တယ်။ တော်တော်များများ လောင်သွားတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ လမိုင်းကော့ရွာကို ဗုံးချတိုက်ခိုက်ပြီးနောက် အလယ်ပိုင်းရွာထဲကိုလည်း […]