ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မက်ဒရစ်တောမီးလောင်မှု ပြန်လည်ထူထောင်ဖို့ မက်ဆီက ယူရို ရှစ်သောင်း လှူဒါန်း

August 5, 2026

မက်ဒရစ်မြို့အနောက်ပိုင်း ဆီရာအိုစတေးဒေသဆီက ဟတ်တာပေါင်း ၃၀,၀၀၀ ကျော် ပျက်စီးသွားခဲ့တဲ့ ဆိုးဆိုးရွားရွား တောမီးဘေးဒဏ်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်အောင် မက်ဆီက ယူရို ၈၀,၀၀၀ တရားဝင် လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။ မက်ဒရစ်ဒေသ အစိုးရအဖွဲ့ဥက္ကဋ္ဌက မက်ဆီ ငွေလှူဒါန်းတဲ့သတင်းကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားခဲ့တာပါ။

မက်ဆီရဲ့ ထင်ရှားလှတဲ့ လူမှုရေးနဲ့ ပရဟိတ လှူဒါန်းမှု မှတ်တမ်းတွေကတော့….

စပိန်တောမီးဘေးတွေ – အခုနွေရာသီကာလထဲမှာ စပိန်နိုင်ငံရဲ့ တခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တောမီးဘေးတွေအတွက် ကြက်ခြေနီအသင်းဆီကို မက်ဆီ က ရန်ပုံငွေတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

ဗလင်စီယာ ရေကြီးမှု – ဗလင်စီယာဒေသရဲ့ ဒါနာ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ ရေဘေးဒဏ်သင့်ပြည်သူတွေကို အရေးပေါ်အကူအညီ ပံ့ပိုးမှုတွေကို မက်ဆီ က လုပ်ဆောင်ခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံထဲက ဂါရာဟန်ဖောင်ဒေးရှင်းဆီကို မက်ဆီ က ယူရို ၅၀၀,၀၀၀ တိတိ လှူဒါန်းခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်ဖောင်ဒေးရှင်းကနေ ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ အာဂျင်တီးနားနိုင်ငံက ဆေးရုံတွေအတွက်လည်း အဆက်မပြတ် ထောက်ပံ့မှုတွေ ပေးနေပါတယ်။

နိုင်ငံတကာ အကူအညီတွေ – ဗင်နီဇွဲလားနိုင်ငံက ငလျင်ဒဏ်သင့်ဖြစ်စဉ်မှာလည်း ဇနီးသည်ဖြစ်တဲ့ အန်တိုနီလာနဲ့အတူ တက်ကြွစွာ ပါဝင်ကူညီခဲ့ပါတယ်။

မက်ဆီက မက်ဒရစ်တောမီးဘေးသင့်ဖြစ်စဉ်ကြီး ပြန်လည်ထူထောင်ရေး အရာရာ အဆင်ပြေစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။