ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွာတွင်ဝယ်စားနိုင်သူနည်းလာ၍ ဘန်းသဲရွာမှ တံငါသည်များ မြို့ပေါ်တက် ငါးရောင်းနေရ

Dawei Watch

August 7, 2026

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ဘန်းသဲရွာတွင် ငါးဝယ်စားနိုင်သူ နည်းပါးလာသဖြင့် တံငါသည်များ တနင်္သာရီမြို့ပေါ်ဈေးသို့ သွားရောက်ရောင်းချနေရကြောင်း တံငါသည်များနှင့် ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်များတွင် ဘန်းသဲရွာရှိ တံငါသည်များမှာ ရွာအတွင်းတွင်ပင် ငါးများရောင်းချပြီး ရပ်တည်နေကြခြင်းဖြစ်သည်။ ယခုနှစ်ဇူလိုင်လမှစ၍ ဘန်းသဲရွာရှိ မြစ်ချောင်းများတွင် ငါးရှားပါးလာပြီး ဈေးတက်လာသည့်အတွက် ဝယ်စားနိုင်သူ နည်းပါးလာကြောင်း တံငါသည်တစ်ဦးက ဆိုသည်။ “ငါးကလည်း ဈေးတက်လာတော့ သိပ်မဝယ်စားနိုင်ဘူး။ တအားစားချင်လာရင်တောင် ၅၀ သားလောက်ပဲ ဝယ်စားဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် တစ်ရက်လျှင် ငါး ၃ ပိဿာနှင့် ၄ ပိဿာဝန်းကျင်ရပြီး၊ ယခုနှစ်တွင် တစ်ရက်လျှင် ငါး ၁ ပိဿာခန့်သာရပြီး ၂ ပိဿာရသည့်နေ့ပင် ရှားလာကြောင်း တံငါသည်များထံမှသိရသည်။ “ရှာရတာလည်း ပိုပင်ပန်းလာတယ်။ […]

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းခံရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံတောင်းဆို

Dawei Watch

August 7, 2026

စစ်အာဏာရှင်၏ အဓမ္မဖမ်းဆီးခြင်းခံရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌက ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အာဆီယံ ဘုံသဘောတူညီချက်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိစေရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။ ဩဂုတ်လ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque နှင့် တွေ့ဆုံခွင့်ပေးသည့်အပေါ် အာဆီယံအနေဖြင့် ကြိုဆိုကြောင်း‌လည်း ဖော်ပြသည်။ ယင်းတွေ့ဆုံမှုက မြန်မာနိုင်ငံရှိ အားလုံ ပါဝင်သည့် နိုင်ငံတော်အဆင့် ဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ဖော်ပြသည်။ […]

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် အရပ်သားကားများကို ချောဆွဲ

Dawei Watch

August 7, 2026

လောင်းလုံးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ခရီးသည်နှင့် ကုန်တင်ကားများပေါ် လိုက်ပါခြင်း၊ ကားတစ်စီးလုံးကို ချောဆွဲခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း ကားသမားများက ပြောသည်။ မင်းရပ်ကျေးရွာတွင် မွှေနောက်ပြီး ညအိပ်တပ်စွဲခဲ့သော စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နှင့်ကပ်လျက် သဗျာကျေးရွာသို့ ထွက်ခွာလာစဉ် လမ်းတွင်တွေ့သည့် ခရီးသည်နှင့် ကုန်တင်ကားများကို တားဆီးပြီး လိုက်ပါလာခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် ကားသမားတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ ကားမှာ လူ (ခရီးသည်) ရှိနေတာဆိုတော့ ဆန့်သလောက် လိုက်ခိုင်းပါဆိုပြီး (စစ်သား) လေးငါးယောက် တက်လိုက်လာတယ်။ သဗျာရောက်တာနဲ့ နေခဲ့တာ” ဟု ခရီးသည်တင် ကားတစ်သမားတစ်ဦးက ပြောဆိုသည်။ ထားဝယ်-လောင်းလုံး ပြေးဆွဲနေသည့် အခြားခရီးသည်တင်ကားအချို့လည်း အလာတူကြုံခဲ့ရကြောင်း ဆိုသည်။ စစ်အာဏာရှင်တပ်သည် ယနေ့တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် […]

ကန်ချနဘူရီတွင် မူကြိုကျောင်းကို ကားဝင်တိုက်၊ ကလေး ၁၀ ဦး ဒဏ်ရာရ

Dawei Watch

August 7, 2026

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မူကြိုကျောင်းတစ်ကျောင်းကို ကားဝင်တိုက်ပြီး ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၇ရက် နေ့လယ်ပိုင်းတွင် ကန်ချနဘူရီမြို့ နောင်စောင်တောမူကြိုကျောင်းကို အိမ်စီးကားက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကလေးများ အိပ်ပျော်နေချိန် ကားဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကလေးငယ်များကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် ကားတိုက်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်။ ကားတိုက်မှုကြောင့် မိဘများက စိုးရိမ်နေကြပြီး ကလေးငယ်များ ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုနေကြောင်း သတင်းများတွင် ဖော်ပြသည်။ Ref: Khaosod, Rattanavudh Foundation

ထိုင်းလွှတ်တော်ရောက်လာသော စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းအမတ် ဆန္ဒပြရှုတ်ချ

Dawei Watch

August 7, 2026

ထိုင်းနိုင်ငံ လွှတ်တော်သို့ ရောက်ရှိလာသော မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဘန်ကောက်လွှတ်တော်အမတ်တစ်ဦးက အော်ဟစ်ဆန္ဒပြ၍ ရှုတ်ချခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့သို့ နှစ်ရက်ကြာ ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။ ယနေ့ ဒုတိယနေ့ နံနက် ၁၁ နာရီခန့်တွင် ဦးမင်းအောင်လှိုင်သည် လွှတ်တော်သို့ စတင်ရောက်ရှိလာစဉ် ကြိုဆိုသောနေရာတွင် ဘန်ကောက်လွှတ်တော်အမတ် Anusorn Thamjai က အော်ဟစ်၍ မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဆန္ဒပြခဲ့သည်။ “For Peace, For Humanity” ဟုဆိုကာ ငြိမ်းချမ်းရေးနှင့် လူသားစာနာရေးအတွက် အော်ဟစ်ပြီး ဆန္ဒပြခဲ့သဖြင့် လွှတ်တော်လုံခြုံရေးက ၎င်းကို လာရောက်ဆွဲထုတ်သွားသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။ ဘန်ကောက်လွှတ်တော်အမတ်သည် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဦးမင်းအောင်လှိုင်ထံ အိတ်ဖွင့်ပေးစာ […]

ထိုင်းတွင် ကျောင်းသားတစ်ဦးက စာသင်ကျောင်းထဲ သေနတ်ဖြင့်ပစ်၍ ခုနစ်ဦးသေပြီး အများအပြား ဒဏ်ရာရ

Dawei Watch

August 7, 2026

ကျောင်းထဲမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက်ကျောင်းသားက သူရဲ့အဘိုးနဲ့အဘွားကိုလည်း နေအိမ်မှာ ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကနဦးသုံးသပ်ထားပါတယ်။

ထားဝယ်အရှေ့တော ဥယျာဉ်ကြီးရွာကို စစ်ကြောင်းထိုးပြီး အိမ်နှစ်လုံးမီးရှို့

Dawei Watch

August 7, 2026

ထားဝယ်အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေပြီး အိမ်နှစ်လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၅ ရက်တွင် ဥယျာဉ်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး နေအိမ်နှစ်လုံးကို မီးရှို့သည့်အပြင် ဒေသခံများ ဝယ်ယူစုဆောင်းထားသည့် ဒီဇယ် ပီပါများနှင့် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ဒီနေ့ (ဩဂုတ် ၇) လည်း စစ်ကြောင်းထပ်ဝင်နေတယ်။ ဆီ ပီပါတွေ ထပ်သယ်နေတယ်လို့ပြောတယ်” ဟု ဥယျာဉ်ကြီးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဒေသခံများသည် ခဲသတ္တုလုပ်ကွက်တွင် အသုံးပြုရန် ဒီဇယ်များကို ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “(ဩဂုတ်) ၅ ရက်နေ့က ဆီ ပီပါ တစ်ဆယ်လောက်ရှိမယ်၊ Vigo ကားနှစ်စီးအပြည့်ပဲ။ ဒီနေ့လည်း ဆီ ပီပါ တစ်ရာကျော်တယ်လို့ပြောတယ်၊ သယ်ထုတ်နေကြတယ်တဲ့” […]

စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်‌ခုဖြင့် လောင်းလုံးအောက်ဘက်သို့ စစ်ကြောင်းထိုး

Dawei Watch

August 7, 2026

စစ်အစိုးရအဖွဲ့ကိုဖွဲ့တဲ့ ဧပြီလကတည်းက လောင်းလုံးမြို့အနီးဝန်းကျင်ရွာတွေဟာ မကြာခဏ စစ်ကြောင်းထိုးခံရလို့ လချီကြာ စစ်ဘေးရှောင်နေရတာပါ။