ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင်တွင် ဥယျာဉ်ခြံများအတွင်း သတ္တုတူးဖော်နေ၍ လမ်းများ ပျက်စီး

Dawei Watch

August 10, 2026

ကလိန်အောင်မြို့၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာ ဝန်းကျင်ရှိ ဥယျာဉ်ခြံ အချို့၌ သတ္တုတူးဖော်မှုများ လုပ်ကိုင်နေပြီး စက်ယန္တရား အဝင်အထွက် အသွားအလာများသဖြင့် ဥယျာဉ်ခြံသွားလမ်းများ ပျက်စီးကာ သွားလာရေး အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ သတ္တုလုပ်ကွက်များသည် ပြီးခဲ့သည့် ၁၅ နှစ်ဝန်းကျင်က မရမ်းချောင်းရွာ ဝန်းကျင်တွင် တစ်ကြိမ် လာရောက်လုပ်ကိုင်ခဲ့ဖူးပြီး တွက်ခြေမကိုက်သဖြင့် ပြန်သိမ်းသွားကာ ယခု တစ်ဖန် ပြန်လည်လာရောက် လုပ်ကိုင်နေကြကြောင်း ၎င်းတို့က ဆိုသည်။ ကျောက်ပုံနယ်စပ်လမ်း (နတ်အိမ်တောင်လမ်း) ကို ဖြတ်သန်းစီးဆင်းနေသည့် ထားဝယ်ချောင်းအနီးရှိ ဥယျာဉ်ခြံများတွင် သတ္တုလုပ်ကွက်များကို ယခုနှစ် မိုးဦးကျ ဇွန်လမှစ၍ အကောင်အထည်ဖော်လာနေကြောင်း သိရသည်။ ထားဝယ်ချောင်းက မွန်ပြည်နယ်ဘက်မှ မြစ်ဖျားခံလာပြီး မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းကာ ကလိန်အောင်မြို့အနီးတွင် ဇင်းဘာချောင်းနှင့်ပေါင်းစည်းပြီး ထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။ […]

ဖူးခက်တွင် မြန်မာကျောင်းသူက ထိုင်းကျောင်းသူကို ရိုက်နှက်ခဲ့၍ ထိုင်းမိခင်က အမှုဖွင့်

Dawei Watch

August 10, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာကျောင်းသူများက ထိုင်းကျောင်းသူကို ရိုက်နှက်ခဲ့သည်ဆိုကာ ထိုင်းမိခင်က ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာကျောင်းသူများက အသက် ၁၄ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို အိမ်သာထဲတွင် ရိုက်နှက်ကန်ကျောက်နေခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ဖူးခက်သတင်းဌာနများက အွန်လိုင်းပေါ် တင်ခဲ့ပြီးနောက် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းရိုက်နှက်မှုသည် ဩဂုတ်လ ၅ ရက်နေ့က ဖူးခက်မြို့ ထလန်ဒေသ ချုံထလေရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာကျောင်းသူတစ်ဦးက ထိုင်းကျောင်းသူကို ပါးရိုက်၊ ထိုးကြိတ်၊ ဆံပင်ကို ဆွဲ၍ လှဲချခဲ့ပြီး မျက်နှာကိုလည်း ခြေထောက်ဖြင့် အကြိမ်ကြိမ် ကန်ခဲ့သည်ဟု ထိုင်းကျောင်းသူက ရဲစခန်းတွင် ထွက်ဆိုသည်။ ယင်းဒဏ်ရာများကြောင့် ထိုင်းကျောင်းသူသည် မျက်စိ၊ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံတွင် […]

ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ် ၁၄၀ ကျော် စစ်မှုထမ်း စုဆောင်းခံရ

Dawei Watch

August 10, 2026

စစ်အာဏာရှင်တပ်က စစ်မှုထမ်း အဓမ္မစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၄၀ ကျော် စစ်မှုထမ်းစုဆောင်းခံရကြောင်း သိရသည်။ ဇူလိုင်လ ၃၁ ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂၇) သင်တန်းသို့ ပို့ဆောင်မည့် သင်တန်းသားများကို မြိတ်မြို့ရှိ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် သင်တန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။ စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းသုံး ပစ္စည်းပေးအပ်ပွဲ မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်း အပတ်စဉ် (၂၇) အတွက် တနင်္သာရီတိုင်းတွင် လူငယ် ၁၄၀ ကျော် စစ်မှုထမ်း သင်တန်းသားအဖြစ် စုဆောင်းခံထားရကြောင်း တွေ့ရသည်။ Dawei Watch က လက်လှမ်းမီးသမျှ ကောက်ယူရရှိသည့် စာရင်းအရ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့တွင် ဇူလိုင်လအတွင်း လူငယ်အမျိုးသား […]

သံဖြူဇရပ်တွင် စစ်တပ်က အမျိုးသမီးတစ်ဦးကို အဓမ္မဖမ်းဆီး

Dawei Watch

August 10, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသည့် အမျိုးသမီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ ဖေ့စ်ဘွတ်ခ် (Facebook) လူမှုကွန်ရက် စာမျက်နှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဩဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ Facebook လူမှုကွန်ရက် စာမျက်နှာအောက်တွင် “အားလုံး ဘေးကင်းကြပါစေ”၊ “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလည်း အောင်မြင်ပါစေ” စသည့် မှတ်ချက်များ ရေးသားခဲ့မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ “ရေးဘီလူး Facebook ပေ့ချ်မှာ ကွန်မန့် ဝင်ရေးလို့ဆိုပြီး ဖမ်းတာ။ […]

မလွှဲတောင်လမ်းပိုင်း ကျွဲတလင်းရွာတွင် တိုက်ပွဲဖြစ်၊ ခြံလုပ်သားတစ်ဦး လက်နက်ကြီးကျည်စထိမှန်

Dawei Watch

August 9, 2026

ရေဖြူမြို့နယ်၊ မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မလွှဲတောင်အနီးရှိ အလယ်စခန်းရွာမှ ကလိန်အောင်မြို့ဘက်သို့ ပြန်ဆင်းလာသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အပြန်အလှန်ပစ်ခတ်မှုသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ကျေးရွာအပြင်ဘက်ရှိ ရော်ဘာခြံများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “လက်နက်ကြီးက အထိုင်ကနေပစ်တာ မဟုတ်ဘူး။ ခြေလျင် စစ်ကြောင်းမှာတောင် ပစ်တဲ့ပြောင်း (လက်နက်ကြီး) တွေ တစ်ခါတည်းထမ်းပြီးပါနေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရော်ဘာခြံလုပ်သား အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရသည်ဟု သိရပြီး နောက်ဆက်တွဲ အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။ ကျွဲတလင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းကို […]

တနင်္သာရီမြစ်တွင် လှေတစ်စီးတိမ်းမှောက်ပြီး တူဝရီးနှစ်ဦး ရေနစ်သေဆုံး

Dawei Watch

August 8, 2026

ထားဝယ်ခရိုင်မှ မြိတ်ခရိုင်သို့ ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်တွင် လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးနှင့် ၎င်း၏ တူမတို့ ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ရေနစ်သေဆုံးသူများသည် တကူကျေးရွာက အသက် ၄၂ အရွယ် ဦးအောင်ဆန်းချစ်နှင့် အသက် လေးနှစ်အရွယ် ၎င်း၏ တူမတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သြဂုတ်လ ၅ ရက်က တနင်္သာရီမြို့နယ်၊ အောင်သာဝရကျေးရွာအနီးတွင် ရေဝဲအတွင်း မတော်တဆ လှေတိမ်းမှောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါလှေသည် တနင်္သာရီမြစ်ဖျားပိုင်းရှိ သတ္တုလုပ်ကွက်များ၌ ငရုတ်သီး၊ ကြက်သွန် စသည့် ကုန်ခြောက်ပစ္စည်းများ သွားရောင်းသည့် လှေဖြစ်ပြီး လှေပေါ်တွင် လူငါးဦး လိုက်ပါခဲ့ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။ “လှေမြုပ်ပြီး‌တော့ အလောင်းက သုံးရက်ကြာမှ ပြန်တွေ့တယ်။ မနေ့ကမှ ရွာပြန်သယ်လာတယ်” ဟု […]

ထားဝယ်အရှေ့တောတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဆိုင်ကယ်နှင့် ပရိဘောဂများကို အဓမ္မယူ

Dawei Watch

August 8, 2026

ထားဝယ်အရှေ့တောဒေသ အညာဖျားကျေးရွာအုပ်စု၊ ဥယျာဉ်ကြီးကျေးရွာမှ ပြန်ထွက်သွားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံများ ပိုင်ဆိုင်သည့် ဆိုင်ကယ်နှင့် ပစ္စည်းများကို ကားဖြင့်တင်ဆောင်ကာ သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၅ ရက်နေ့တည်းက ဥယျာဉ်ကြီးရွာသို့ စစ်ကြောင်းထိုးနေပြီး ယနေ့ ဩဂုတ်လ ၈ ရက်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကြောင်းဝင်နေချိန် ဒေသခံများ၏ ဒီဇယ်ဆီ ပီပါများကိုလည်း ကားဖြင့် သယ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “(ဩဂုတ်) ၇ ရက်နေ့က ဆိုင်ကယ်နှစ်စီး၊ ဒီနေ့မှာ နှစ်စီး သယ်သွားတယ်လို့ပြောတယ်၊ ဆီ ပီပါတွေတော့ ဘယ်လောက်ပါသွားလဲ အတိအကျမသိဘူး” ဟု ဥယျာဉ်ကြီးရွာမှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ အညာဖျားရွာသို့လည်း စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းရှိ ရဟန်း လေးပါး၏ ဖုန်း […]

သေနတ်ပစ်ခတ်ခဲ့သော ထိုင်းကျောင်းသား ကျောင်းတွင်းအနိုင်ကျင့်ခံရမှု ရှိမရှိ ရဲတပ်ဖွဲ့စစ်ဆေး

Dawei Watch

August 8, 2026

ထိုင်းနိုင်ငံတွင် ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သော ကျောင်းအတွင်း သေနတ်ပစ်ခတ်ခဲ့မှုဖြစ်စဉ်၏ နောက်ကွယ်တွင် ကျောင်းတွင်း အနိုင်ကျင့်ခံရမှု ရှိမရှိ ရဲတပ်ဖွဲ့ စစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၇ ရက်က အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားတစ်ဦးက နွန်ထဘူရီခရိုင် Debsirin Nonthaburi စာသင်ကျောင်းအတွင်းသို့ ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်မှုကြောင့် ဆရာ ၄ ဦး၊ ကျောင်းဝန်ထမ်း ၁ ဦး သေဆုံးခဲ့သလို သေနတ်ပစ်ခတ်သော ကျောင်းသားကလည်း ကိုယ့်ကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။ နောက်ဆုံးဖော်ပြခဲ့သော သတင်းများအရ သေနတ်ပစ်ခတ်မှုအတွင်း ကျောင်းသားများ သေဆုံးမှု မရှိခဲ့ပေ။ စာသင်ကျောင်းအတွင်း ပစ်ခတ်မှု မဖြစ်မီက သေနတ်သမားသည် နေအိမ်တွင် အဘိုးနှင့် အဘွားကို […]