ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာ့ပြက္ခဒိန် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဈာပန ယနေ့ကျင်းပမည်

Dawei Watch

August 12, 2026

ဆရာတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ရွာဇာတိဖြစ်ပြီး ပျံလွန်တော်မမူမီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက်၌ သီတင်းသုံးတော်မူခဲ့သည်။

ထိုင်းအစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီပြော

Dawei Watch

August 11, 2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ဦးဆောင်ထားသော လက်ရှိ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း လာမည့်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က ပြောကြားလိုက်သည်။ လာမည့် ဩဂုတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တင်သွင်းမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ယခုအဆိုတင်သွင်းမှုသည် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ အစိုးရအဖွဲ့ကို ဖယ်ရှားနိုင်ရေး အတိုက်အခံပါတီ၏ ပထမဆုံးအကြိမ် လုပ်ဆောင်မှုဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း အတိုက်အခံပါတီဘက်က ထုတ်ပြောလာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်က အထက်လွှတ်တော်အမတ် ရွေးချယ်ရေးတွင် ဝင်ရောက်ညှိနှိုင်းစွက်ဖက်မှုအတွက် လက်ရှိအစိုးရအဖွဲ့က ပါဝင်ပက်သက်နေသည်ဟု ပြည်သူ့ပါတီခေါင်းဆောင်က စွပ်စွဲထားသည်။ […]

ခရီးသည်နည်းသဖြင့် ကားပြေးဆွဲသူများ အခက်ကြုံ

Dawei Watch

August 11, 2026

စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းတာ၊ စစ်ဆေးဖမ်းဆီးတာ၊ ငွေညှစ်တာ၊ တိုက်ပွဲကြောင့် လမ်းပိတ်တာ စတဲ့ လမ်းခရီး မလုံခြုံမှုတွေ ရင်ဆိုင်နေရပါတယ်။

တနင်္သာရီ အမျိုးသမီး နိုင်ငံရေးမဟာမိတ် (TWPA) ဖွဲ့စည်း

Dawei Watch

August 11, 2026

တနင်္သာရီတိုင်းထဲက ဒေသခံအမျိုးသမီးတွေ၊ လက်နက်ကိုင်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့၊ နိုင်ငံရေးအင်အားစုတွေက အမျိုးသမီးတွေနဲ့ စုစည်းထားတာလို့ဆိုပါတယ်။

သေနတ်ဖြင့်ပစ်မည်ဆို၍ ချင်းမိုင်ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းတွင် လုံခြုံရေးတိုးမြှင့်

Dawei Watch

August 11, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ပုဂ္ဂလိကအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မည်ဟု အွန်လိုင်း‌ပေါ်မှ ခြိမ်းခြောက်မှုကြောင့် ကျောင်းတွင်းလုံခြုံရေး တိုးမြှင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ချင်းမိုင်မြို့ရှိ Montfort College ပုဂ္ဂလိကအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ၌ ကျောင်းထဲ သေနတ်ပစ်ခတ်မည်ဟု ကျောင်းသားတစ်ဦးက သေနတ်ပုံပြ၍ အွန်လိုင်းပေါ် ခြိမ်းခြောက်ထားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ၁၂ တန်းစာသင်ခန်းနှစ်ခန်းကို သေနတ်ဖြင့်ပစ်ခတ်မည်ဟု Line Group ၏ ချက်ဘောက် (စကားပြောခန်း) တွင် ခြိမ်းခြောက်ထားခြင်းဖြစ်သည်။ ဂရုထဲတွင် သေနတ်ပုံကိုလည်း ပြသခဲ့သလို သေနတ်ပစ်ခတ်မည်ကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။ သို့သော်လည်း သေနတ်က အစစ်ဖြစ်မဖြစ်ကိုမူ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။ ရဲတပ်ဖွဲ့က ခြိမ်းခြောက်စာတင်ခဲ့သော ကျောင်းသား၏ အချက်အလက်များရယူကာ ရှာဖွေနေဆဲဖြစ်ပြီး မိဘဖြစ်သူများကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားကြောင်း သိရသည်။ […]

အိန္ဒိယသံအမတ် တနင်္သာရီတိုင်းသို့ သုံးကြိမ်မြောက် လာရောက်

Dawei Watch

August 11, 2026

အိန္ဒိယနိုင်ငံမှ တနင်္သာရီတိုင်း၊ ထို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရေလမ်းခရီးစဉ်ကို အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှုမြင့်တက်နေသည်။

ကိုလံဘီယာတွင် အင်အားပြင်းငလျင်လှုပ်ခတ်၊ သေဆုံးသူ လူ ၁၃၀ ကျော်ရှိလာ

Dawei Watch

August 11, 2026

အစိုးရက နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေပါတယ်။