မြန်မာ နှစ်ရာနီးပါးကို ထိုင်းအစိုးရက ကော့သောင်း ပြန်ပို့
Dawei Watch
August 13, 2026ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား နှစ်ရာနီးပါးကို ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ရနောင်းလဝကထံမှ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၁၅၉ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၁၈၄ ဦးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းခြင်း ဖြစ်သည်။ ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၁၁၅၆ ဦးကို ကော့သောင်းသို့ လွှဲပြောင်းပြီးဖြစ်သည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် […]


