သရက်ချောင်း၊ ကင်းရှေ့ရွာကို စစ်ကြောင်းရောက်နေပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရ
Dawei Watch
August 12, 2026သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းရောက်ရှိနေပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှသိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ရှမ်းမတွင်းရွာမှတစ်ဆင့် ကင်းရှေ့ရွာဘက်သို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါ စစ်ကြောင်းသည် အရပ်သားနေအိမ်နှင့် ဘုန်းကြီးကျောင်းဝန်းအတွင်း ရောက်ရှိနေပြီး ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကင်းရှေ့ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “မိန်းမကြီးတွေရော ယောကျ်ားလေးတွေရော ဖမ်းခံရတယ်လို့ ပြောတယ်၊ ပြန်လွှတ်ပေးတဲ့လူတွေ လွှတ်ပေးလိုက်ပြီလို့ ပြောတယ်၊ ဖုန်းတွေဆက်တော့လည်း စက်ပိတ်ထားတယ်ဆိုပဲ ပြောတော့ အကုန်ပြန်လွှတ် မလွှတ် မသိရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အဆိုပါ စစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်က ထားဝယ်အရှေ့တောဒေသ အညာဖျားနှင့် ဥယျာဉ်ကြီးရွာမှ ပြန်ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး ယနေ့ […]


