ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် မြန်မာလူငယ်တစ်ဦး ဓားထိုးခံရ

Dawei Watch

August 14, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် ရပ်နေစဉ် နောက်ကျောကို ဓားဖြင့် အထိုးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၂ ရက် ည ၉ နာရီခန့်က ဖူးခက်မြို့ ရတ်စဒါဒေသတွင် အသက် ၁၉ နှစ်အရွယ် ကိုအောင်ကောင်းထက်သီ သည် သူငယ်ချင်းအခန်းမှ ပြန်လာပြီး လမ်းဘေးတွင် ဆိုင်ကယ်နှင့်အတူ တစ်ဦးတည်းရပ်နေစဉ် နောက်ထပ် ဆိုင်ကယ်တစ်စီး ရောက်လာပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဆိုင်ကယ်ပေါ်တွင် အမျိုးသား၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာပြီး ဓားထိုးခဲ့ပြီးနောက် မြန်မာလူငယ်ကို ကန်လှဲကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ မြန်မာလူငယ်တွင် နောက်ကျောကို ဓါးဝင်စိုက်လျက် အနေအထားဖြင့် တွေ့ရပြီး အနီးအနားက ပြည်သူများက အရေးပေါ်ကားခေါ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း […]

သရက်ချောင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၀ ခန့်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်

Dawei Watch

August 14, 2026

သရက်ချောင်းမြို့နယ် ကင်းရှေ့၊ စော်ဖျားကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀ခန့်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၀ တွင် ရှမ္မတွင်းကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၁၂ ရက်တွင် ရှင်မုတ္ထီး၊ ရောင်းမော်ရွာဘက်က စစ်အင်အား ငါးရာကျော် အင်အားထပ်မံဖြည့်တင်းလာရာ စုစုပေါင်း အင်အား ခုနစ်ရာခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။ ကင်းရှေ့၊ ကြာအင်း၊ ကြက်စားပြင်၊ မိုးရွှေကုန်း၊ စော်ဖျား၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ရောင်းမော် စသည့် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီလောက်များတဲ့ စစ်သား တစ်ခါမှ မမြင်ဖူးဘူး။ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိဘူးဆိုတော့ ကြိုပြီး ရှောင်လာတယ်။ ၁၂ […]

ထားဝယ်အရှေ့တော ကျေးရွာအချို့တွင် ခဲမဖြူနှင့် သံသတ္တု ယာယီအဝယ်ရပ်

Dawei Watch

August 14, 2026

ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာအချို့တွင် ခဲမဖြူနှင့် သံ သတ္တု အရောင်းအဝယ် ရပ်နားထားကြောင်း ဒေသခံ အဝယ်ဒိုင် အချို့ထံမှ သိရသည်။ အရှေ့တောဒေသက တူးဖော်ထွက်ရှိသည့် ခဲမဖြူနှင့် သံသတ္တုများကို ဒေသခံ အဝယ်ဒိုင်များက ဝယ်ယူပြီး ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တင်ပို့ရောင်းချကြသည်။ လက်ရှိတွင် ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်ကြီးအချို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ဘဏ်တွင် ငွေကြေးထုတ်ယူရ ခက်ခဲသည့်အတွက် ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ အဝယ်ရပ်ထားကြကြောင်း အဝယ်ဒိုင်ပိုင်ရှင်အချို့က ပြောသည်။ “မြို့ပေါ်က ဒိုင်ကြီးတွေကို ရဲတွေက ဖမ်းလိုက်တာ။ ခဲ၊ သံ တစ်ပိဿာမှ ဖမ်းမိတာ မဟုတ်ဘူး။ ဘဏ်ကနေ ပိုက်ဆံ အဝင်အထွက်တွေကို ကြည့်ပြီး ဖမ်းလိုက်တာ။ ပြီးတော့ အစ်ကိုတို့လို တစ်ဆင့်ခံ ငွေသွားထုတ်တဲ့ သူတွေကိုလည်း စောင့်ပြီးဖမ်းတယ်” ဟု […]

စစ်အုပ်စုက ထားဝယ်မြို့ပေါ်တွင် လူဟောင်းအများစုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ခန့်

Dawei Watch

August 14, 2026

အတုအယောင်ရွေးကောက်ပွဲဖြင့် တက်လာသည့် စစ်အစိုးရလက်ထက်တွင် ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခဲ့သော်လည်းအများစု အပြောင်းအလဲမရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့တွင် ရပ်ကွက်အုပ်စု ၁၅ ခုရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခဲ့သည်။ အသွင်ပြောင်းစစ်အစိုးရတက်လာပြီးနောက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ပြုလုပ်ရာတွင် ယခင်လူဟောင်းအများစု ပြန်ရွေးခံရခြင်းဖြစ်သည်။ Dawei Watch က လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းများအရ ပိန္နဲတော၊ သင်္ဘောဆိပ်၊ ဘုမ္မော်၊ ဒေါင်းငူ-တံငါ၊ ထိန်သစ်၊ ကျောက်မော်-ရှမ္မရပ်ကွက်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများပင် ပြန်အရွေးခံရကြောင်း သိရသည်။ အထက်ပါ ရပ်ကွက်အချို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း တာဝန်ယူခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများပင် ပြန်လည်ရွေးချယ်ခံရပြီး မည်သို့ ရွေးချယ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ “ကော်မတီ ငါးဦး ရွေးဖို့ဆိုပြီး လော်စပီကာနဲ့ ရပ်ကွက်ထဲကြေညာပြီး […]

ဘန်ကောက်တွင် မြန်မာသားအဖ စီးလာသည့်ဆိုင်ကယ် မီးနီစောင့်နေချိန် ကုန်ကားဝင်တိုက်၊ ဖခင်ဖြစ်သူသေဆုံး

Dawei Watch

August 13, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာသားအဖ စီးလာသည့်ဆိုင်ကယ် မီးနီစောင့်နေချိန် ဆယ်ဘီးတပ်ကားက အနောက်က ဝင်တိုက်သဖြင့် ဖခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်းဌာနတို့ ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၁၃ရက် နံနက် ၁၀ နာရီခွဲခန့်က လတ်ကဘန်ဒေသတွင် လူ ဖြတ်ကူးရန် မီးနီပြနေသဖြင့် ဆိုင်ကယ်က ရပ်တန့်စောင့်ဆိုင်းနေစဉ် ဆယ်ဘီးတပ်ကားက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ကားတိုက်ခံရမှုကြောင့် မြန်မာတစ်ဦး ကားအောက်သို့ ဝင်ပါသွားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြသည်။ ကားတိုက်ခံရမှုကြောင့် ဖခင်ဖြစ်သူ ဦးပါးကွက် ခေါ် ဦးခင်ဟန် သည် နေရာတွင်ပင် သေဆုံးခဲ့ပြီး သားဖြစ်သူမှာ ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]

ဖခင် ကွယ်လွန်ပြီးနောက် ကစားသမားဘဝ အဆုံးသတ်ဖို့ မက်ဆီ အလေးအနက်ထား စဉ်းစားလာ

Dawei Watch

August 13, 2026

အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ မက်ဆီဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ သူ့ခံစားချက်တွေကို စာတစ်စောင် ရေးသားခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လွှင့်တင်ကာ အသိပေးသွားခဲ့ပါတယ်။ ဒီစာထဲက စကားအသွားအလာတွေအရ မက်ဆီဟာ ကစားသမားဘဝကနေ အနားယူဖို့ အရမ်းပဲ နီးစပ်သွားပြီဆိုတာ သိရှိလိုက်ရပြီး အခုအချိန်မှာ သူ့အနေနဲ့ ရှေ့ဆက်ဖို့အတွက် ခွန်အားမရှိတော့သလို ခံစားနေရပြီလို့တောင် မက်ဆီက ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း သူ့အဖေရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ သတင်းတွေကြောင့် မက်ဆီဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အယ်လ်ဂျီးရီးယားနဲ့ ပွဲစဉ်ပြီးဆုံးချိန်ကိုရောက်တော့ မက်ဆီက ကွင်းထဲမှာတင် မျက်ရည်ကျခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်။ အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် စိတ်ဝမ်းနည်းကြေကွဲမှုတွေကို လဲပြိုသွားမတတ် ခံစားနေရတယ်လို့ မက်ဆီက အသိပေးလိုက်ပြီး ဘောလုံးကစားသမားဘဝ ဆက်လက်ဖြတ်သန်းဖို့အတွက် အားအင်မရှိတော့သလိုတောင် ခံစားနေရပြီလို့ […]

ပုလောမြို့နယ် ပင်လယ်ဘက်ရှိ စစ်ဘေးရှောင်တစ်ရာကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့မှုလို

Dawei Watch

August 13, 2026

ပုလောမြို့နယ်၊ ပင်လယ်နှင့် နီးသည့်နေရာများတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်တစ်ရာကျော်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ဇူလိုင်လ အစမှစ၍ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းရှိ ပလမြို့လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးလာသဖြင့် ကြဲနှင့် ဇရိပ်ဆိပ်ရွာသားများ အများစု ပင်လယ်ဘက်တွင် တိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ တိမ်းရှောင်နေသူ တစ်ရာကျော်ရှိပြီး စားနပ်ရိက္ခာများ ပြတ်တောက်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ “အိမ်က ပါလာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ပြီ။ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ လိုအပ်နေတယ်။ အခုက ငါးတွေရှာပြီး ရတာနဲ့ ဝယ်စားနေပေမယ့် လုံလောက်မှု မရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။ စျေးဆိုင်ရှိသည့် အခြားရွာများသို့ သွားသည့် လှေကြုံရှိလျှင် မှာယူနေရကြောင်း စစ်ဘေးရှောင် အခြားတစ်ဦးက ပြောသည်။ […]

မုဒုံတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 13, 2026

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦး ယမန့်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများ၊ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူသည် အသက် ၄၂ နှစ်အရွယ် ဒေါ်နွယ်နွယ်ခိုင် ဖြစ်ပြီး ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်က ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ ဒေါ်နွယ်နွယ်ခိုင်သည် နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ဒေါ်နွယ်နွယ်ခိုင်သည် ရင်ဘတ်၊ ခါး၊ နောက်ကျောတို့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဒေါ်နွယ်နွယ်ခိုင်ကို မည်သူတို့က […]