အာဆင်နယ်ရဲ့ ခေတ်သစ်တစ်ခု အစပြုပြီဆိုတာ မြင်ကြရတော့မယ်
Dawei Watch
August 15, 2026ကွန်မြူနတီဒိုင်းလုပွဲ အာဆင်နယ် – မန်စီးတီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ နဲ့ အက်ဖ်အေဖလားလက်ရှိချန်ပီယံတို့ အားပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲကြီး လာပါပြီ။ ဒါဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် အစပြုတော့မယ်ဆိုတဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲ ပြီးသွားရင် ရှေ့လာမယ့်သီတင်းပတ်မှာ ပရီးမီးယားလိဂ်ရာသီသစ် စတင်တော့မှာပါ။ အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းကို နောက်ဆုံးကစားခွင့်ရတဲ့ ၅ ကြိမ်လုံး ဒိုင်းဆုပိုင်ရှင်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဒိုင်းထပ်ရခဲ့ရင် အာဆင်နယ်က ကွန်မြူနတီဒိုင်း ကစားခွင့် နောက်ဆုံး ၆ ကြိမ် ရရှိတာမှာ ၆ ကြိမ်လုံး ချန်ပီယံဖြစ်တယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ရရှိသွားပါလိမ့်မယ်။ ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံးကစားခွင့်ရခဲ့တဲ့ ၅ ကြိမ်မှာ အာဆင်နယ်က မန်စီးတီးနဲ့ တစ်ကြိမ်ပဲ ထိပ်တိုက်တွေ့ခဲ့ပြီး အဲ့ဒီပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး […]


