ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်း NLD ပါတီ ဘဏ္ဍာရေးမှူး ထောင်ကလွတ်ပြီး လေးလ‌ကျော်အကြာတွင် ကွယ်လွန်

Dawei Watch

August 16, 2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကော့သောင်းမြို့နယ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆာင်ခဲ့သည့် ဦးယဉ်ထွေးသည် ထောင်ကလွတ်ပြီး လေးလကျော်အကြာတွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများထံမှ သိရသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဦးယဉ်ထွေးကို စစ်အုပ်စုက ဖမ်းဆီးထောင်ချခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီလတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့က ပြောသည်။ ထို့နောက် ဩဂုတ်လ ၁၄ ရက် ည ၉ နာရီခွဲတွင် ကော့သောင်းဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ထောင်ကထွက်လာကတည်းက လေဖြတ်ပြီး ထွက်လာတာပါ။ ရုပ်ကလည်း တော်တော်ပြောင်းသွားတယ်။ တချို့လူ‌ တွေဆို ကိုယဉ်ထွေး မှန်းတောင်မသိကြဘူး။‌ တော်‌တော်ပိန်သွားတယ်။ အရင်က ပြည့်ပြည့်ဖြိုးဖြိုးနဲ့ လူချော၊ လူခန့်ကြီးပါ။ အခုတော့ မမှတ်မိလောက်အောင် […]

စစ်အာဏာရှင်တပ် လောင်းလုံး ဂေါ့အင်းရွာထဲ ဝင်လု၊ ပျောက်နေသည့်ဒေသခံနှစ်ဦး လွှတ်ပြီး အခြားနှစ်ဦးပြန်ဖမ်း

Dawei Watch

August 16, 2026

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာထဲကို စစ်အာဏာရှင်တပ်က ရုတ်တရက်ဝင်ရောက် လုယက်ပြီးနောက် တောထဲသို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့သည် ဂေါ့အင်းကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး နေအိမ်များရှိ ဆန်၊ ဆီ၊ ကြက်သွန်နှင့် အခြား ရိက္ခာပစ္စည်များကို အဓမ္မယူဆောင်ကာ ချက်ချင်းထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် တောလမ်းအတိုင်း သွားလာလှုပ်ရှားပြီး ရုတ်တရက်ရွာထဲသို့ ဝင်ရောက်သည့်ပုံစံကို ယခုနောက်ပိုင်းတွင် ကျင့်သုံးလာကြောင်း ဆိုသည်။ ယခုစစ်ကြောင်းမှာလည်း အလာတူ လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး ရိက္ခာပြတ်သဖြင့် နီးသည့် ရွာထဲဝင်ရောက်လုယက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ “တောထဲ ရိက္ခာပြတ်လို့ လူ (စစ်အာဏာရှင်တပ်သား) နှစ်ဆယ်လောက်နဲ့ ရွာထဲဝင်လုတာ“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ […]

မွန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သူ နှစ်ဦးရှိလာ

Dawei Watch

August 15, 2026

မွန်ပြည်နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိလာကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများထံမှ သိရသည်။ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးလုံးသည် ရန်ကုန်မြို့က ပြန်လာကြပြီး ရက်ပိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ ရေးမြို့၊ သီရိခေမာရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဩဂုတ်လ ၁၀ ရက်က ရန်ကုန်က ပြန်လာပြီး ၁၄ ရက်တွင် ဝမ်း မကြာခဏသွားရာမှ ဆေးရုံသို့ သွားရောက် စမ်းသပ်စစ်ဆေးခဲ့ရာ Cholera test kit positive ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့သည်။ “လူနာက ရန်ကုန်ကနေ ပြန်လာတယ်လို့ သိရတယ်။ သူနေထိုင်ထိတွေ့ခဲ့ရာ နေရာတွေကို ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသည့် […]

အာဆင်နယ်ရဲ့ ခေတ်သစ်တစ်ခု အစပြုပြီဆိုတာ မြင်ကြရတော့မယ်

Dawei Watch

August 15, 2026

ကွန်မြူနတီဒိုင်းလုပွဲ အာဆင်နယ် – မန်စီးတီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ နဲ့ အက်ဖ်အေဖလားလက်ရှိချန်ပီယံတို့ အားပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲကြီး လာပါပြီ။ ဒါဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် အစပြုတော့မယ်ဆိုတဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲ ပြီးသွားရင် ရှေ့လာမယ့်သီတင်းပတ်မှာ ပရီးမီးယားလိဂ်ရာသီသစ် စတင်တော့မှာပါ။ အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းကို နောက်ဆုံးကစားခွင့်ရတဲ့ ၅ ကြိမ်လုံး ဒိုင်းဆုပိုင်ရှင်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဒိုင်းထပ်ရခဲ့ရင် အာဆင်နယ်က ကွန်မြူနတီဒိုင်း ကစားခွင့်‌ နောက်ဆုံး ၆ ကြိမ် ရရှိတာမှာ ၆ ကြိမ်လုံး ချန်ပီယံဖြစ်တယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ရရှိသွားပါလိမ့်မယ်။ ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံးကစားခွင့်ရခဲ့တဲ့ ၅ ကြိမ်မှာ အာဆင်နယ်က မန်စီးတီးနဲ့ တစ်ကြိမ်ပဲ ထိပ်တိုက်တွေ့ခဲ့ပြီး အဲ့ဒီပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး […]

ဖာနီနှင့် ဇဝဲရွာရှိ မူးယစ်ဆေးဝါး ရောင်း၊ဝယ်သူများကို တော်လှန်ရေးတပ်က ခေါ်ယူသတိပေး

Dawei Watch

August 15, 2026

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု ဇဝဲရွာနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခေါ်ယူသတိပေးခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ဒုတိယပတ်အတွင်း ဇဝဲနှင့် ဖာနီရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို တော်လှန်ရေးတပ်များက နေအိမ်များတွင် သွားရောက်ဖမ်းဆီး၍ တစ်နေရာသို့ ခေါ်ဆောင်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် တာဝန်ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီးနောက် အနီးအနားရှိ ရွာတစ်ရွာ၏ အိမ်တွင် နှုတ်ဖြင့် စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရိုက်နှက်ခြင်းနှင့် ငွေတောင်းခြင်းမျိုး မလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ “သွားခေါ်ခိုင်းပြီး သတိပေးပြောဆိုပြီး ပြန်လွှတ်လိုက်တယ်။ နောက်တစ်ခါ အဲဒီလိုလုပ်ရင် တရားဥပဒေအရ ဆောင်ရွက်မယ်။ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ သူတို့ဘက်ကနေ သုံးယောက်က […]

အင်ဒိုနီးရှားအင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၄၀ နီးပါး အထိရောက်ရှိ

Dawei Watch

August 15, 2026

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ဆိုသည်။ ကနဦးထုတ်ပြန်ခဲ့သည့် ဆူနာမီသတိပေးချက်ကို ငလျင်လှုပ်ခတ်ပြီးနောက် သုံးနာရီခန့်အကြာတွင် ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ နောက်ဆုံးရ စာရင်းများအရ သေဆုံးသူ ၃၈ ဦး ၊ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးနှင့် မစိုးရိမ်ရသည့် သာမန်ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ဆိုသည်။ ငလျင်ဒ‌ဏ်ကြောင့် လူပေါင်း ၂၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်း BNPB […]

တနင်္သာရီမြို့နယ်ရှိ တောင်သူများ ဒူးရင်းသီး ဈေးကောင်းရသော်လည်း အမြတ်မကျန်

Dawei Watch

August 15, 2026

တနင်္သာရီမြို့နယ်ဝန်းကျင် ရွာများရှိ တောင်သူများသည် ဒူးရင်းသီး ဈေးကောင်းရသော်လည်း သယ်ယူစရိတ်နှင့် ဂိတ်ကြေးများ ဈေးတက်လာသဖြင့် အမြတ်မကျန်ကြောင်း တောင်သူများထံမှ သိရသည်။ ဇွန်လလယ်မှစ၍ ဩဂုတ်လအထိ ဒူးရင်းသီး သီးလေ့ရှိကြောင်း၊ ယခုနှစ်တွင် ဒူးရင်းသီး ဈေးကောင်းရသော်လည်း မြိတ်မြို့သို့ တင်ပို့ရာတွင် ကားခနှင့် ဂိတ်တွင် ပေးဆောင်ရသည့် ငွေပမာဏ များလာသဖြင့် အမြတ်မကျန်ကြောင်း တပ်ဦးရွာ ဒူးရင်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့်နှစ်တွင် ဒူးရင်းသီး အကြီးတစ်လုံးကို ၁၅,၀၀၀ ကျပ် ဝန်းကျင်မှ ယခုနှစ်တွင် ကျပ် နှစ်သောင်းဝန်းကျင်နှင့် အငယ်တစ်လုံးကို ၅,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အထိ ဈေးရကြောင်း ၎င်းက ဆိုသည်။ “ဒူးရင်းသီးကို အရင်ကတည်းက ဘိတ် (မြိတ်) ပို့တယ်။ အခုက ကားခဈေးကြီးပြီး အရင်နှစ်ကထက် သုံးဆပိုပေးရတယ်။ […]

နွေဈေးကွက် မပိတ်သိမ်းခင်မှာ ကစားသမားသစ် ၃ ယောက် ထပ်ခေါ်မယ်ဆိုတဲ့ မန်ယူ

Dawei Watch

August 15, 2026

မန်ယူနည်းပြ မိုက်ကယ် ကာရစ် ဟာ လက်ရှိ နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာ ကစားသမားသစ် သုံးယောက် ခေါ်ယူနိုင်အောင် အသင်းတာဝန်ရှိသူတွေဆီ တင်ပြတောင်းဆိုထားတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ မန်ယူဟာ လက်ရှိမှာတော့ လိဒ်စ်ယူနိုက်တက် ဂိုးသမား ကားလ် ဒါလိုး၊ အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် နဲ့ ချယ်လ်ဆီးကွင်းလယ်ခံစစ် ကစားသမား အန်ဒရေး ဆန်းတို့စ် တို့ကို ခေါ်ယူထားပြီးပြီဖြစ်ပါတယ်။ မန်ယူရဲ့နွေဈေးကွက်အသုံးစရိတ်က ယူရို ၉၇ ဒသမ ၃ သန်း ရှိထားပြီဖြစ်သလို အငှားစေလွှတ်ထားတဲ့ ဟွိုက်ဂျ်လန်း၊ ရတ်ရှ်ဖို့ဒ် နဲ့ ဆန်ချို တို့ဟာလည်း အသင်းဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ နည်းပြ ကာရစ် က ရတ်ရှ်ဖို့ဒ် ကို အခွင့်အရေးတွေ ထပ်ပေးဖို့ […]