ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဆင်နယ်ရဲ့ ခေတ်သစ်တစ်ခု အစပြုပြီဆိုတာ မြင်ကြရတော့မယ်

August 15, 2026

ကွန်မြူနတီဒိုင်းလုပွဲ

အာဆင်နယ် – မန်စီးတီး

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ နဲ့ အက်ဖ်အေဖလားလက်ရှိချန်ပီယံတို့ အားပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲကြီး လာပါပြီ။

ဒါဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် အစပြုတော့မယ်ဆိုတဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲ ပြီးသွားရင် ရှေ့လာမယ့်သီတင်းပတ်မှာ ပရီးမီးယားလိဂ်ရာသီသစ် စတင်တော့မှာပါ။

အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းကို နောက်ဆုံးကစားခွင့်ရတဲ့ ၅ ကြိမ်လုံး ဒိုင်းဆုပိုင်ရှင်အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ဒိုင်းထပ်ရခဲ့ရင် အာဆင်နယ်က ကွန်မြူနတီဒိုင်း ကစားခွင့်‌ နောက်ဆုံး ၆ ကြိမ် ရရှိတာမှာ ၆ ကြိမ်လုံး ချန်ပီယံဖြစ်တယ်ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ရရှိသွားပါလိမ့်မယ်။

ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံးကစားခွင့်ရခဲ့တဲ့ ၅ ကြိမ်မှာ အာဆင်နယ်က မန်စီးတီးနဲ့ တစ်ကြိမ်ပဲ ထိပ်တိုက်တွေ့ခဲ့ပြီး အဲ့ဒီပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၃ ကြိမ် ကွန်မြူနတီဒိုင်း ရခဲ့တာမှာတော့ အာဆင်နယ်ဟာ ပင်နယ်တီအဆုံးအဖြတ်ခံယူပြီးမှ အနိုင်ရခဲ့တာပါ။

ဒီပွဲက ဂွါဒီယိုလာခေတ်လွန်မှာ ဂွါဒီယိုလာရဲ့လက်ထောက်ဟောင်းဖြစ်ခဲ့သူ နှစ်ယောက် အားပြိုင်ကြမယ့်ပွဲစဉ်ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာနဲ့ မန်စီးတီးနည်းပြသစ် မာရက်စ်ကာတို့ နှစ်ယောက်မှာ ဘယ်သူက အစွမ်းထက်သလဲကို စောင့်ကြည့်ရမယ့်ပွဲပါပဲ။

ကွန်မြူနတီဒိုင်းဟာ မိနစ် ၉၀ အတွင်း သရေဖြစ်နေခဲ့ရင် အချိန်ပိုဆက်ကစားစရာ မလိုဘဲ ပင်နယ်တီအဆုံးအဖြတ်ဆီကို တိုက်ရိုက်သွားတဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီနှစ် ကွန်မြူနတီဒိုင်းပွဲကိုတော့ ကာဒစ်ဖ်မှာရှိတဲ့ မီလီနီယံ ထောင်စုနှစ်ကွင်းကြီးထဲမှာ ကျင်းပမှာပါ။

မာရက်စ်ကာ ဟာ မန်စီးတီးကို သူလိုချင်တဲ့ပုံစံတစ်ခုဆီ ဆွဲသွင်းနေရဆဲပါပဲ။ ကစားသမားတွေကလည်း မာရက်စ်ကာရဲ့ ဦးဆောင်နိုင်စွမ်းကို စောင့်ကြည့်အကဲခတ်နေကြဆဲပဲဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အာတီတာရဲ့လက်အောက်မှာ တစ်ဆင့်ချင်းအလိုက် တိုးတက်နေခဲ့ပါပြီ။

အခုပွဲစဉ်မှာ မန်စီးတီး အနိုင်ရဖို့က မလွယ်လောက်ပါဘူး။ အသင်းလိုက်ကစားအားကောင်းသလို စိတ်ဓာတ်ရေးရာနဲ့ စုစည်းမှုကောင်းမွန်နေတဲ့ အာဆင်နယ်ကပဲ ကွန်မြူနတီဒိုင်းကြီးကို ဆွတ်ခူးကိုင်မြှောက်သွားပါလိမ့်မယ်။

အာဆင်နယ်ကို အားပေးလိုက်ပါ။