ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြက်သွန်နီ၊ ငရုတ်၊ အာလူး ဈေးတက်သည့် ထားဝယ်ဈေးကွက်

August 16, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်နှင့် အာလူးတို့ ဈေးနှုန်းများ မြင့်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၉ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ၆,၅၀၀ ကျပ်၊ ငရုတ်သီးအခြောက် (ရွှေအပ်) တစ်ပိဿာ ၁၈,၀၀၀ ကျပ်နှင့် အာလူး တစ်ပိဿာ ၅,၅၀၀ ကျပ်သာ ရှိခဲ့သည်။

သို့သော် ယခုသီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၁၅ ရက်နေ့တွင်မူ ကြက်သွန်နီ တစ်ပိဿာ ၇,၅၀၀ ကျပ်၊ ငရုတ်သီးအခြောက် (ရွှေအပ်) တစ်ပိဿာ ၂၃,၀၀၀ ကျပ်နှင့် အာလူး တစ်ပိဿာ ၆,၀၀၀ ကျပ်သို့ အသီးသီး ဈေးတက်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာ ၁,၀၀၀ ကျပ်၊ ငရုတ်သီးအခြောက် (ရွှေအပ်) တစ်ပိဿာ ၅,၀၀၀ ကျပ်နှင့် အာလူး တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစား အများစုမှာလည်း ယခုသီတင်းပတ်၌ ဇယားပါအတိုင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

စားသုံးဆီ၊ ကြက်သွန်ဖြူ၊ အသားနှင့် ထားဝယ်ဒေသထွက်ဆန်တို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း ယခုသီတင်းပတ်အတွင်း ဆက်လက်ဈေးငြိမ်နေသည်။