ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ခေါင်းဆောင်နှင့်အတူ တနင်္သာရီတိုင်းစစ်အစိုးရဝန်ကြီးချုပ် ရုရှားခရီးစဉ် လိုက်ပါ

Dawei Watch

August 18, 2026

ရုရှားဟာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ MoU လက်မှတ်ရေးထိုးထားပါတယ်။

မြန်မာကလေးငယ်များကို ပန်းရောင်ကတ်အတုထုတ်ပေးသော ထိုင်းခုနစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 18, 2026

ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ် နှစ်ထောင်ကျော်ကို ပန်းရောင်ကတ်အတုတွေ ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ် မောတောင်မြို့ကို အင်အားဖြည့်ပြီးနောက် စစ်ဘေးရှောင်နေရာများကို နယ်မြေရှင်း

Dawei Watch

August 18, 2026

နယ်မြေရှင်းပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ ပရိဘောဂတွေကို ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

PDF ဖမ်းထားသည့် ထားဝယ်မြို့နယ် အကောက်ခွန်အရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

August 18, 2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ တွင် ဖမ်းဆီးစစ်ဆေးနေသည့် ထားဝယ်မြို့နယ် ၊ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးကြောင်း နည်းဗျူဟာ ၃၃ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ သြဂုတ်လ ၁၇ ရက်တွင် ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ကာ သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ပြောသည်။ ဦးဖြိုးစံ ကို ဖမ်းဆီးစစ်ဆေးနေသည့် နေရာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသည်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာသို့ ရောက်နေစဥ် နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ […]

တီရှပ်ဝတ်ပြီး မင်္ဂလာဆောင်ခဲ့တဲ့ စီရော်နယ်ဒို

Dawei Watch

August 17, 2026

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Gucci ဆိုင်မှာ စတင်ဆုံတွေ့ခဲ့ကြတဲ့ ချစ်ဇာတ်လမ်းကို ပြန်လည်အမှတ်ရစေချင်လို့လို့ ဆိုပါတယ်။

ထားဝယ် ရေဝိုင်းချောင်းရှိ သတ္တုလုပ်ကွက်များကို အပြီးပိတ်သိမ်းရန် DNLA ညွှန်ကြား

Dawei Watch

August 17, 2026

ထားဝယ်မြို့နယ် ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ သတ္တုလုပ်ကွက်များကို အပြီးတိုင်ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA ထံမှ သိရသည်။ ချောင်းရိုးတစ်လျှောက်နှင့် ဥယျာဉ်ခြံများအတွင်း ဘက်ဟိုးကဲ့သို့ စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေသည့် သတ္တုလုပ်ကွက်များကို ဇူလိုင်လနှောင်းပိုင်းမှစကာ အပြီးရပ်နားခိုင်းလိုက်ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။ လုပ်ငန်းရှင်များက သတ္တုတူးဖော်ရန်အတွက် ရေချောင်းများ အပါအဝင် ဥယျာဉ်ခြံမြေများကို ဈေးကြီးပေးဝယ်ယူကြသည့်အပြင် ဒေသပါပျက်စီးလာသည့်အတွက် ယင်းကဲ့သို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒီအတိုင်းသာ ဆက်လွှတ်ထားရင် ရွာတွေပါမကျန် ဖြစ်လာမယ်။ စီးပွားရေးသမားတွေ လုပ်လာတာက ရွာပါ ပြောင်မယ့်ကိန်းရှိတယ်။ အဲဒါကြောင့် အပြီးရပ်နားခိုင်းတာ”ဟု စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။ ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ ဟာမြင်းကြီး၊ ပိန္နဲချောင်း၊ မြင်းမတပ်၊ ရေဝိုင်းစသည့်ကျေးရွာများရှိ သတ္တုလုပ်ကွက်အားလုံးနီးပါး ရပ်နားခိုင်းထားကြောင်း စုံစမ်းသိရသည်။ […]

မုဒုံတွင် လေဆိပ်စီမံကိန်းအသစ်အတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမည်

Dawei Watch

August 17, 2026

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းစီမံကိန်းအသစ်အတွက် မြေဧက ၃၂၀၀ ကျော် သိမ်းယူမည်ဖြစ်ကြောင်း စစ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ မုဒုံမြို့နယ်အတွင်းရှိ တော်ကူး၊ ကျိုက်ရွဲ၊ ညောင်ကုန်း၊ ဘဲရမ်းနှင့် ဝက်တဲကျေးရွာအုပ်စုတို့ရှိ ကွင်းပေါင်း ၁၄ ကွင်းက မြေဧက ၃၂၈၅ ကို သိမ်းယူမည်ဖြစ်ကြောင်း ဖော်ပြသည်။ ကျိုက်ရွဲကျေးရွာအုပ်စုက ၁၆ ဒသမ ၄၈ ဧက၊ တော်ကူးကျေးရွာအုပ်စုက ၇ ဒသမ ၇၇ ဧက၊ ညောင်ကုန်းကျေးရွာအုပ်စုက ၁၅ ဒသမ ၉၉ ဧက၊ ဘဲရမ်းကျေးရွာအုပ်စုက ၀ ဒသမ ၂၉ ဧကနှင့် ဝက်တဲကျေးရွာအုပ်စု မြေဧက ၃၂၄၀ ကျော် ပါဝင်သည်။ လေယာဉ်ကွင်းစီမံကိန်းအသစ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရကြောင်း […]

ဒီနှစ်ဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးနှစ် ဖြစ်နိုင်တယ် ဆိုတဲ့ စီရော်နယ်ဒို

Dawei Watch

August 17, 2026

အယ်လ်နတ်စ်ဆာနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒို က ဒီနှစ်ဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးနှစ်ဖြစ်နိုင်တယ်လို့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျီအော်ဂျီနာနဲ့ လက်ထပ်ခဲ့ပြီး သူ့အနေနဲ့ အနာဂတ်မှာ မိသားစုကိုပဲ ဦးစားပေးချင်တော့ကြောင်းလည်း အသိပေးသွားခဲ့ပါတယ်။ “ဒီရာသီဟာ ကျွန်တော့်အတွက် ဘောလုံးကစားသမားဘဝရဲ့ နောက်ဆုံးနှစ် ဖြစ်နိုင်ပါတယ်။ အံ့သြစရာလောက်စရာ အမွေအနှစ်တစ်ခုကို ကျွန်တော် ချန်ထားခဲ့ချင်ပါတယ်” လို့ စီရော်နယ်ဒို က Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေပါတယ်။ ကစားသမားဘဝဖြတ်သန်းမှုကနေ အနားယူပြီးရင် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် […]