ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒီနှစ်ဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးနှစ် ဖြစ်နိုင်တယ် ဆိုတဲ့ စီရော်နယ်ဒို

August 17, 2026

အယ်လ်နတ်စ်ဆာနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒို က ဒီနှစ်ဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးနှစ်ဖြစ်နိုင်တယ်လို့ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျီအော်ဂျီနာနဲ့ လက်ထပ်ခဲ့ပြီး သူ့အနေနဲ့ အနာဂတ်မှာ မိသားစုကိုပဲ ဦးစားပေးချင်တော့ကြောင်းလည်း အသိပေးသွားခဲ့ပါတယ်။

“ဒီရာသီဟာ ကျွန်တော့်အတွက် ဘောလုံးကစားသမားဘဝရဲ့ နောက်ဆုံးနှစ် ဖြစ်နိုင်ပါတယ်။ အံ့သြစရာလောက်စရာ အမွေအနှစ်တစ်ခုကို ကျွန်တော် ချန်ထားခဲ့ချင်ပါတယ်” လို့ စီရော်နယ်ဒို က Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေပါတယ်။

ကစားသမားဘဝဖြတ်သန်းမှုကနေ အနားယူပြီးရင် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခရီးတွေသွားဖို့၊ Padel ကစားနည်းကို အချိန်ပေးကစားဖို့နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားဖို့ စိတ်ကူးထားတယ်လို့လည်း စီရော်နယ်ဒို က ပြောသွားခဲ့ပါတယ်။

ကစားသမားဘဝဖြတ်သန်းမှု ၂၅ နှစ်တာကာလထဲမှာ စီရော်နယ်ဒို က Ballon d’Or ဆု (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၅) ကြိမ် ဆွတ်ခူးရရှိခဲ့ပြီး အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ဆော်ဒီအာရေဗျလိဂ်တွေမှာ ချန်ပီယံဆုတွေ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒို ဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတစ်လျှောက် သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းချက် ထားရှိနေပြီး လတ်တလောမှာ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့အတွက် ၂၄ ဂိုးသာ လိုပါတော့တယ်။