ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အိမ်ထောင်ရေးပိုင်ဆိုင်မှုတွေကိုသီးသန့်စီ ခွဲထားဖို့ ဆုံးဖြတ်ထားတဲ့ စီရော်နယ်ဒို နဲ့ သူ့ဇနီး

Dawei Watch

August 14, 2026

စီရော်နယ်ဒို နဲ့ ဂျီအော်ဂျီနာ တို့ဟာ လစ္စဘွန်းမြို့အနားက ယူရို သန်း ၃၀ တန်ကြေးရှိတဲ့ သူတို့ရဲ့ ဇိမ်ခံစံအိမ်ကြီးမှာ သက်သေ ၄ ယောက်နဲ့ သားသမီးတွေရဲ့ရှေ့မှောက် တိတ်တဆိတ် လက်ထပ်ထိမ်းမြားလိုက်ကြတယ်လို့ Daily Mail Sports က ရေးသားထားပါတယ်။ အင်္ဂါနေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပခဲ့တဲ့ ဒီ ရိုးရိုးရှင်းရှင်း မင်္ဂလာအခမ်းအနားဆီကို စီရော်နယ်ဒိုရဲ့ အမေ ဒိုလိုရက်စ် အာဗေရို နဲ့ မောင်နှမသုံးယောက်ဖြစ်တဲ့ ဟူဂို၊ အယ်လ်မာ နဲ့ ကာတီယာတို့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ မင်္ဂလာပွဲအတွက် သက်သေတွေအဖြစ် ဂျီအော်ဂျီနာရဲ့ ညီမ အီဗာနာ၊ စီရော်နယ်ဒိုရဲ့ ရင်းနှီးသည့် မိတ်ဆွေဟောင်း မီဂူယ် ပက်ဇောင်၊ စပိန်လူမျိုးဇနီးမောင်နှံဖြစ်သည့် ဟိုဆေး ရိုဒရီဂွက်ဇ် […]

စစ်ကြောင်းဝင်ချိန် တောင်မင်းပြောင်ရွာတွင် ဒေသခံအမျိုးသားတစ်ဦး သေဆုံး

Dawei Watch

August 14, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်နေချိန် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ မြောက်ပိုင်းကျေးရွာများဖြစ်သည့် တောင်မင်းပြောင်နှင့် မြို့ဟောင်းကျေးရွာများသို့ ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ သေဆုံးသူအမျိုးသားသည် မိသားစုအား ဘေးလွတ်ရာသို့ တိမ်းရှောင်စေခဲ့ပြီးနောက် ၎င်းမှာ မွေးမြူရေးခြံအား စောင့်ရှောက်ပြီး ရွာအနီးတိမ်းရှောင်နေခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာများ တစ်စုံတစ်ရာမတွေ့ရသဖြင့် နဂိုအခံရှိသည့် အတက်ရောဂါဖြင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ယူဆကြကြောင်း ဒေသခံများက ဆိုသည်။ “သူ့မိသားစုကို ထားဝယ်ဘက်လွှတ်ပြီး သူက သူခြံကိုစောင့်ရှောင်ရင်းကျန်ခဲ့တယ်။ တစ်ယောက်တည်းဆိုတော့ အအေးမိပြီး တက်ပြီးသေတာ” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ စစ်အာဏာရှင်တပ် ပြန်ထွက်သွားပြီးနောက် ဇူလိုင်လ ၃၀ ရက်တွင် စစ်ဘေးရှောင်ရာမှ ရွာသို့ပြန်လာသည့် […]

ရေးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

Dawei Watch

August 14, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်ကို စစ်အဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ အစရှိသည့် ကျေးရွာများဘက်ကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဗုံး သုံးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးများသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံများထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း သီးပင် စားပင် ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ၊ နတ်ကြီး၊ ကင်ပွန်း အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲ […]

ဖူးခက်တွင် ထိုင်းလူငယ်များကို လေသေနတ်ဖြင့်ခြိမ်းခြောက်သည်ဆိုကာ မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရ

Dawei Watch

August 14, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လက်လုပ်လေသေနတ် (BB Gun) ဖြင့် ထိုင်းလူငယ်များကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာလူငယ် လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၁ ရက်က ဖူးခက်မြို့ ကင်ကဲဝို Big C စတိုးဆိုင်ရှေ့တွင် မြန်မာလူငယ်လေးဦးသည် ထိုင်းလူငယ်သုံးဦးကို လက်လုပ် လေသေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ပြီး ဖုန်းနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။ ထိုင်းလူငယ်များက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် CCTV မှတ်တမ်များမှတစ်ဆင့် ခြေရာခံရာ အသက် ၁၅ နှစ်မှ ၂၁ နှစ်ကြားရှိ မြန်မာလူငယ် လေးဦးကို ချလုံနှင့် ပါတွန်ဒေသများတွင် ဩဂုတ်လ ၁၃ ရက် ညနေက ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ အခင်းဖြစ်သောနေ့က မြန်မာလူငယ်များသည် ဆိုင်ကယ်ဖြင့် […]

ကျိုက္ခမီတွင် ရန်ကုန်က ပြန်လာသည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့

Dawei Watch

August 14, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသည် ဩဂုတ်လ ၉ ရက်တွင် ရန်ကုန်မှ ပြန်လာပြီး ဩဂုတ်လ ၁၃ ရက်တွင် မကြာခဏ ဝမ်းသွားနေသည့်အတွက် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။ ကျိုက္ခမီတိုက်နယ်ဆေးရုံက အဆိုပါအမျိုးသမီးကို စမ်းသပ်စစ်ဆေးရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အမျိုးသမီးကို ကျိုက္မမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်။ ကျန်းမာရေးတော့ ကောင်းမွန်နေတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ လူနာအမျိုးသမီးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ကိုးဦးကို ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် Quarantine ထားရှိပြီး […]

ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန် လာရောက်လည်ပတ်သူနည်း

Dawei Watch

August 14, 2026

စစ်မှုထမ်း အဓမ္မစုဆောင်းခံရနိုင်သောကြောင့် ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန်သို့ လာရောက်လည်ပတ်သူ နည်းနေကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရေတံခွန်သည် ထားဝယ်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ၏ အနောက်ဘက်တွင် ရှိသည်။ မောင်မယ်ရေတံခွန်သို့ သွားရောက်လည်ပတ်မည်ဆိုလျှင် ထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ဖြတ်သန်းရမည် ဖြစ်သည်။ ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်သည် လူငယ်များကို လစဉ် စစ်မှုထမ်းဖမ်းဆီးစုဆောင်း လေ့ရှိသည့် နေရာဖြစ်သည်။ ကမြောကင်းတံတားကို ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် မသွားလာရဲကြောင်း ထားဝယ်မြို့ခံလူငယ်တစ်ဦးက ဆိုသည်။ “ကမြောကင်းတံတားဖြတ်ရမယ်ဆို ဘယ်မှ မသွားရဲဘူး။ (စစ်မှုထမ်းဆွဲတာ) ကြားနေရတာနဲ့တင် အဲဒီဖက် သွားရမှာ ကြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစ ၂နှစ်ခန့်အထိ မောင်မယ်ရေတံခွန်သည် ဝါတွင်းကာလ ဥပုသ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် စည်စည်ကားကား […]

ဖူးခက်တွင် မြန်မာလူငယ်တစ်ဦး ဓားထိုးခံရ

Dawei Watch

August 14, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် ရပ်နေစဉ် နောက်ကျောကို ဓားဖြင့် အထိုးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၂ ရက် ည ၉ နာရီခန့်က ဖူးခက်မြို့ ရတ်စဒါဒေသတွင် အသက် ၁၉ နှစ်အရွယ် ကိုအောင်ကောင်းထက်သီ သည် သူငယ်ချင်းအခန်းမှ ပြန်လာပြီး လမ်းဘေးတွင် ဆိုင်ကယ်နှင့်အတူ တစ်ဦးတည်းရပ်နေစဉ် နောက်ထပ် ဆိုင်ကယ်တစ်စီး ရောက်လာပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဆိုင်ကယ်ပေါ်တွင် အမျိုးသား၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာပြီး ဓားထိုးခဲ့ပြီးနောက် မြန်မာလူငယ်ကို ကန်လှဲကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ မြန်မာလူငယ်တွင် နောက်ကျောကို ဓါးဝင်စိုက်လျက် အနေအထားဖြင့် တွေ့ရပြီး အနီးအနားက ပြည်သူများက အရေးပေါ်ကားခေါ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း […]

သရက်ချောင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၀ ခန့်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်

Dawei Watch

August 14, 2026

သရက်ချောင်းမြို့နယ် ကင်းရှေ့၊ စော်ဖျားကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀ခန့်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၀ တွင် ရှမ္မတွင်းကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၁၂ ရက်တွင် ရှင်မုတ္ထီး၊ ရောင်းမော်ရွာဘက်က စစ်အင်အား ငါးရာကျော် အင်အားထပ်မံဖြည့်တင်းလာရာ စုစုပေါင်း အင်အား ခုနစ်ရာခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။ ကင်းရှေ့၊ ကြာအင်း၊ ကြက်စားပြင်၊ မိုးရွှေကုန်း၊ စော်ဖျား၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ရောင်းမော် စသည့် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီလောက်များတဲ့ စစ်သား တစ်ခါမှ မမြင်ဖူးဘူး။ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိဘူးဆိုတော့ ကြိုပြီး ရှောင်လာတယ်။ ၁၂ […]