ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ့ပြက္ခဒိန် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဈာပန ယနေ့ကျင်းပမည်

August 12, 2026

ပုံစာ - ဘဒ္ဒန္တပညိန္ဒ။

မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညိန္ဒ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့ ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ကြောင်း ဈာပနဖြစ်မြောက်ရေး စီစဉ်သူများထံမှ သိရသည်။

ဆရာတော်သည် ဩဂုတ်လ ၈ ရက်နေ့က ၉၆ ပါးသော ရောဂါဖြင့် ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၇၉ နှစ်၊ ဝါတော် ၅၉ ဝါ ရှိပြီဖြစ်သည်။

ဘဒ္ဒန္တပညိန္ဒသည် စစ်တပ် အာဏာမသိမ်းမီ ကတည်းကစကာ ပျံလွန်တော်မမူမီ အချိန်အထိ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

ဆရာတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ရွာဇာတိဖြစ်ပြီး ပျံလွန်တော်မမူမီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇာသိပ္ပံကျောင်းတိုက်၌ သီတင်းသုံးတော်မူခဲ့သည်။

မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့တွင် ဆရာတော် ဘဒ္ဒန္တပညိန္ဒ မတိုင်မီက ဒေါက်တာဖေဉာဏ်နှင့် ရွှေသုဝဏ်ဆရာတော်တို့က ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။

စစ်အုပ်စု၏ အခါပေးအဖြစ် လူသိများခဲ့သည့် ဒေါက်တာဖေဉာဏ်သည်လည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဇာတိ ဖြစ်ပြီး ရဟန်းဘဝဖြင့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာတွင် သီတင်းသုံးနေစဉ် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပစ္စည်းလုယက်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်။

ပုံစာ – ဘဒ္ဒန္တပညိန္ဒ။