ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်မှ နယူးဒေလီသို့သွားသည့် လေယာဉ် လေထုမငြိမ်မသက်မှုနှင့် ကြုံပြီး ခရီးသည်များ ဒဏ်ရာရ

Dawei Watch

August 5, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပျံသန်းသော Air India လေကြောင်းလိုင်းပိုင် လေယာဉ်သည် လေထုမငြိမ်မသက်မှုနှင့် ကြုံတွေ့ရပြီး ခရီးသည် ၂၀ နီးပါးအထိ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ လေယာဉ်သည် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပျံသန်းခဲ့ပြီး နှစ်နာရီခန့်အကြာ ၁၀ နာရီခွဲခန့်တွင် လေထုမငြိမ်မသက်မှု (turbulence) ကို ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် လေယာဉ်သည် ပေ ၃၀၀ ခန့် ရုတ်တရက် နိမ့်ဆင်းသွားခဲ့ပြီး လေယာဉ်အတွင်း ၃ မိနစ်ခန့်ကြာအောင် တုန်ခါမှု ပြင်းထန်ခဲ့ကြောင်း၊ ခရီးသည်အများစုသည် ထိုင်ခုံနေရာမှ မြောက်တက်၍ လေယာဉ်မျက်နှာကျက်နှင့် ထိခိုက်မိခဲ့ကြောင်း ဖော်ပြသည်။ “ကျွန်တော်တို့ သေပြီထင်တာ တုန်ပြီး ငိုပဲ […]

ထိုင်းအရှေ့ပိုင်းတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၂၀နီးပါး ဖမ်းဆီးခံရ

Dawei Watch

August 5, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၉ ဦး ဖမ်းဆီးခံရကြောင်း လယွန်အလုပ်သမားရုံးက ထုတ်ပြန်သည်။ ဩဂုတ်လ ၄ ရက်က လယွန်ခရိုင် ပလောင်းဒင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အလုပ်ရုံများတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်နေကြောင်း တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့၊ လဝက၊ အလုပ်သမားရုံးများကို ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ အလုပ်ရုံထဲတွင် မြန်မာအလုပ်သမား ၁၄၈ ဦး၊ ကမ္ဘောဒီးယား တစ်ဦး၊ တရုတ် ၁၈ ဦးနှင့် ထိုင်းနိုင်ငံသား ၁၅ ဦး စုစုပေါင်း ၁၈၂ ဦး အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့သည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် […]

စမ်းလှမ်းရွာ ဓားပြတိုက်မူ ကျူးလွန်သူလေးဦးကို ဖမ်းမိ၊ ငွေကြေးလက်ခံသူကို မဖမ်းမိသေး

Dawei Watch

August 5, 2026

ဓားပြတိုက်ခံရတဲ့ နေအိမ်ပိုင်ရှင်ကလည်း မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်လာရောက် အဖမ်းခံတယ်လို့ ဆိုပါတယ်။

မြိတ်-ကော့သောင်းလမ်းတွင် တံတားငယ်တစ်စင်းပျက်စီးသဖြင့် သွားလာရေးခက်

Dawei Watch

August 4, 2026

လက်တလောတွင် ကားအငယ်နှင့် ဆိုင်ကယ်များ တံတား၏ တစ်ခြမ်းတွင် ရှောင်ကွင်း၍ သွားလာ၍ ရနေသေးသော်လည်း ကားအကြီးများ သွားလာ၍ မရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က လမိုင်းကော့ရွာကို ဗုံးကြဲ

Dawei Watch

August 4, 2026

တကူကျေးရွာအုပ်စုသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး စစ်အာဏာရှင်တပ်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

ကိုလံဘီယာက ဘောလုံးပွဲမှာ ရန်ပွဲကြီးဖြစ်ပြီး လူ ၂၀ လောက် ဒဏ်ရာရ

Dawei Watch

August 4, 2026

ပရိသတ် ၂၀၀၀ ကျော်လောက်ကတော့ ရန်ပွဲကို ကြောက်လန့်မှုကြောင့် ကွင်းထဲ ဆင်းပြေးတဲ့အထိ ဖြစ်သွားခဲ့တယ်လို့ Daily Mail Sport က ဖော်ပြထားပါတယ်။

မောင်းမကန်ရွာတွင် ဒေသခံရှစ်ဦးကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

August 4, 2026

သဘော့ဆိပ်ကျေးရွာဘက်သို့ စစ် ကြောင်းထပ်ထိုးခဲ့ပြီး သဘော့ဆိပ်ရွာသားတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

မက်ဆီ ကစားနေတဲ့ မေဂျာလိဂ်က ကမ္ဘာ့အဆင့် ၁၀ နေရာဆီ တက်လှမ်း

Dawei Watch

August 4, 2026

အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းအတွက်ရော ကစားသမား မက်ဆီအတွက်ပါ ဂုဏ်တက်စရာဖြစ်လာခဲ့ပါတယ်။