ယနေ့ ထိုင်းခရီးစဉ်လာရောက်သည့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဘန်ကောက်တွင် မြန်မာနိုင်ငံသားများက ဆန္ဒပြကြသည်။
ယနေ့ ဩဂုတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံး (UN) ရှေ့တွင် ကိုစူရတ်တို့ ဦးဆောင်ဖွဲ့စည်းထားသည့် Bright Future အဖွဲ့က ဆန္ဒပြကြခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။ ၎င်းမလာရောက်မီ ယမန်နေ့ကပင် မြန်မာသံရုံးရှေ့အပါအဝင် နေရာများတွင် လုံခြုံရေး တိုးမြှင့်ချထားခဲ့သည်။




၂၀၂၅ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သော BIMSTEC အစည်းအဝေးလာတက်သော မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရနေဆဲ ဖြစ်သည်။
Ref: The Reporter







