ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အမေရိကန်၏ ထိုင်ဝမ်မူဝါဒ မပြောင်းလဲဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

Dawei Watch

June 3, 2026

ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးသည် ထိုင်ဝမ်ကျွန်းကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်ပြုမှုအပေါ် ထိုင်ဝမ်အစိုးရဘက်မှ စိုးရိမ်ပူပန်မှု မြင့်တက်စေခဲ့သည်။

စစ်အာဏာရှင်တပ် ဖမ်းထားသည့် မောတောင်မြို့ခံတစ်ဦး ထွက်ပြေးလွတ်မြောက်

Dawei Watch

June 2, 2026

၎င်းကို ဖမ်းဆီးထားသောနေရာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ဖမ်းဆီးခံထားရပြီး ညှဥ်းပန်းနှိပ်စက်ခံနေရသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်ပြီဟု ထရမ့်ပြော

Dawei Watch

June 2, 2026

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် ဟစ်ဇ်ဘိုလာအဖွဲ့မှ ကိုယ်စားလှယ်များနှင့် စကားပြောဆိုခဲ့ဟုလည်း ထရမ့်ကဆိုသည်။

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် မိသားစုဝင်သုံးဦးသေဆုံး

Dawei Watch

June 2, 2026

ထိတွေ့တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ သရက်နှစ်ခွနှင့် ပန်းပြင်ကျေးရွာကြားရှိသည့် စစ်အာဏာရှင် စစ်ဆေးရေးဂိတ်က သင်းကျွန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ထိုင်းတွင် ကားသုံးစီးဆင့်တိုက်မှု ကံပေါက်ဒေသခံအပါအဝင် သုံးဦးသေဆုံး

Dawei Watch

June 2, 2026

အခြားလေးဦးလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဆိုသည်။

လောင်းလုံးမြို့ပေါ်တိုက်ပွဲ ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရပြီး အိမ်သုံးဆောင်ပျက်စီး

Dawei Watch

June 2, 2026

လောင်းလုံးမြို့ပေါ် တိုက်ပွဲတွင် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း မြို့ခံများက ပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်စခန်းများကို ဇွန်လ ၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ လူနေအိမ်နှစ်ဆောင်နှင့် (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထို့အပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်ခန့်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ထိန်သစ်က ကလေးတစ်ဦးနဲ့ မြို့မ စျေးလမ်းကြားက အမျိုးသားတစ်ဦး ထိသွားတယ်။ စျေးလမ်းကြားမှာ ထိတဲ့ […]

ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်း ကံထူး

Dawei Watch

June 2, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဘတ် ခြောက်သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၁၇၃၇၇၀ တွင် ခြောက်လုံးတိုက် ပထမဆုကို တစ်စောင် ကံထူးခဲ့ခြင်းဖြစ်သည်။ ထီဆုငွေကို အလုပ်ရှင်ကိုယ်တိုင် လိုက်လံထုတ်ယူပေးမည်ဖြစ်ကြောင်း AAC-မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “ထီပေါက်တာကို ကျွန်တော်တို့ကို အကြောင်းကြားလို့ ကူညီပေးဖို့ လုပ်နေတယ်ပေါ့နော်။ နောက်တော့ သူ့သူဌေး ကိုယ်တိုင်က အာမခံပြီး ထုတ်ပေးမယ်ပြောတော့ ကျွန်တော်တို့က ထုတ်ပေးစရာ မလိုတော့ဘူးပေါ့” ဟု ၎င်းက ပြောဆိုသည်။ လုံခြုံရေးအရ ထီပေါက်သူ၏ အမည်နှင့် မြန်မာနိုင်ငံရှိ နေရပ်ကို ထုတ်ဖော်ပြောဆို၍ မရကြောင်း ဦးခိုင်ကြီးက ဆိုသည်။ […]

ကန်ချနဘူရီတွင် ကလေးငယ်သေဆုံးမှု မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 1, 2026

ကလေးငယ် သေဆုံးမှုနှင့် ပက်သက်၍ အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်တွင် နေထိုင်သော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။