ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အပစ်ရပ်သက်တမ်းတိုး၍ ဟော်မုဇ်ရေလက်ကြား ဖွင့်ပေးရန် ကန်နှင့် အီရန် သဘောတူပြီဟု ဆို

Dawei Watch

May 29, 2026

အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းရန် အမေရိကန်နှင့် အီရန်အကြား မေလ ၂၈ ရက်နေ့တွင် သဘောတူညီမှုရရှိခဲ့သည်ဟု သတင်းအရင်းအမြစ်များက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ယင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးအတည်ပြုရန် ကျန်ရှိနေသေးပြီး အီရန်ဘက်ကလည်း ယင်းသဘောတူညီချက်ကို အပြီးသတ်အတည်မပြုရသေးကြောင်း အီရန်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။ နီးစပ်သူသတင်းအရင်းအမြစ်လေးခု၏ ပြောကြားချက်အရ ယင်းသဘောတူညီချက်သည် ယာယီအပစ်ရပ်စဲမှုကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အီရန်၏ အဏုမြူစီမံကိန်းကိစ္စရပ်ကဲ့သို့ ခက်ခဲသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း ကုန်သွယ်ရေးသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုထားမည်ဖြစ်ကြောင်း သိရသည်။ ဝါရှင်တန်နှင့် တီဟီရန်ရှိ အစိုးရခေါင်းဆောင်များက အပြီးသတ်အတည်ပြုခဲ့ပါက ယင်းသဘောတူညီချက်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် […]

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်သိမ်းပြီးနောက် နေအိမ်များရှိ ပစ္စည်းများကို ဖောက်ထွင်းဟုဆို

Dawei Watch

May 29, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် နေအိမ်များကို ထုရိုက်ဖွင့်၍ ပစ္စည်းများ သယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သော မေလ ၁၉ ရက်နေ့မှစကာ မြို့တွင်းရှိ နေအိမ်အကုန်လုံးနီးပါးကို ထုဖွင့်၍ ဆိုင်ကယ်များ၊ မော်တော်ကားများနှင့် အခြားပစ္စည်းများကို ယူဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ “အကုန်လုံးနီးပါးကို ဖောက်ပြီးယူနေတယ်။ ဆိုင်ကယ်တွေလည်း အကုန်ယူ၊ ကားတွေရော စားစရာတွေရော အကုန်ယူတယ်။ အရင်တစ်ခေါက် (တော်လှန်ရေးတပ်က) သိမ်းတုန်းက နည်းနည်းပါးပါးဆိုတော့ တော်သေးတယ်။ အခုက ပိုဆိုးနေတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ ထို့ပြင် စစ်အာဏာရှင်တပ်က အိမ်ရှေ့တံခါးများကို အရင်ဖောက်ထွင်းပြီးနောက် မြို့အတွင်း၌ ကျန်ရှိနေသည့် ဒေသခံများကိုလည်း ပစ္စည်းများ ဝင်ရောက်ယူဆောင်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ […]

ထိုင်းအစိုးရက မြန်မာ ၁၀၀ ကျော်ကို ‌ကော့သောင်းဘက် ပြန်ပို့

Dawei Watch

May 29, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ မေလ ၂၉ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူထံမှ သိရသည်။ ယခုပို့ဆောင်မှုသည် မေလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၁၀၈ ဦးနှင့်အတူ ကလေးငယ် ၃ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၇၆၅ ဦး အထိရှိလာပြီဖြစ်သည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ […]

ရေဖြူ နဘုလယ်ဒေသတွင် စစ်အာဏာရှင်တပ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

May 29, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် လဲရှောင်ကျေးရွာသို့ မေလ ၂၈ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်လာပြီးနောက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲနေကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၈ရက် ညနေ ၃နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်လုံးကျတယ်။ စံကင်းဘုန်းကြီးကျောင်းနားမှာ တစ်လုံးနဲ့ ဆေးခန်းနား တစ်လုံးကျတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နှစ်ကြိမ်ပြန်လည်ပစ်ခတ်ပြီး ဒေသခံများ ထိခိုက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ကိုမူ အတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သည် ယနေ့ မေလ ၂၉ […]

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ် ဒရုန်းဗုံးချခံရပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

Dawei Watch

May 29, 2026

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က မေလ ၂၈ရက် မွန်းလွဲပိုင်းကစပြီး ထားဝယ်မြို့၏ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်တိုင်းတံတားဂိတ်နှင့် မြို့တော်ခန်းမအနီးဝန်းကျင်တို့တွင် မေလ ၂၇ရက် နံနက်ပိုင်းက ဒရုန်းဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။ မြို့တော်ခန်းမသည် တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီးတွင် တည်ရှိသည်။ ပေါက်တိုင်းတံတားဂိတ်အနီး ဗုံးနှစ်လုံးနှင့် မြို့တော်ခန်းမအနီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့ က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် ၃၄ တို့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံထံ ဆက်သွယ်မေးမြန်းရာ ယခုရက်ပိုင်းအတွင်း […]

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဆီကို ဒီမနက်မှာ ထွက်ခွာလာနေပြီဖြစ်တဲ့ ဂျိုရှူအာဗန်

Dawei Watch

May 29, 2026

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဆီ သွားရောက်ဖို့အတွက် ဒီမနက်မှာပဲ ခရီးထွက်လာခဲ့ပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံက ချင်းဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ချီးမြှင့်ပြီးတဲ့နောက် ဂျိုရှူအာဗန်က မီဇိုရမ်ပြည်နယ်ဆီကို ခရီးဆက်ခဲ့တာပါ။ ဒီနေ့ မေလ ၂၉ ရက်နေ့၊ မနက် ၃ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ၊ ဒေလီလေဆိပ်ဆီကို ဂျိုရှူအာဗန် ရောက်ရှိလာခဲ့ပြီး အခုတော့ မီဇိုရမ်ပြည်နယ်ဆီကို ခရီးဆက်လက်ထွက်ခွာနေပြီပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ ဗီဇာ အခက်အခဲတချို့ကိုလည်း ဒေသခံအစိုးရက ဝင်ရောက်ဆောင်ရွက်ပေးလို့ အဆင်ပြေပြေဖြစ်သွားကြောင်း သိရှိရပါတယ်။ ဂျိုရှူအာဗန် ဟာ မီဇိုရမ်ပြည်နယ်အခြေစိုက် Mizoram State Mixed Martial Arts Association က မနက်ဖြန် မေလ ၃၀ ရက်နေ့မှာ […]

လောင်းလုံး၊ ကဒက်ကြီးရွာရှိ နေအိမ်ခြောက်ဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့

Dawei Watch

May 29, 2026

စစ်အာဏာရှင်တပ်သည် တောထဲတွင် တပ်ဖျောက်ပြီး ရွာထဲသို့ ရုတ်တရက် ဝင်ရောက်လာလေ့ရှိသဖြင့် ဒေသခံအမြောက်အမြား ဖမ်းဆီးခံရကြောင်း၊ ဒေသခံများထံတွင် ပါလာသည့် ငွေကြေးနှင့် ရွှေငွေပစ္စည်းများကို အဓမ္မယူဆောင်ကာ လူကိုပြန်လွှတ်ပေးလေ့ရှိသည်။

မေလအတွင်း တနင်္သာရီတိုင်းက လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

May 28, 2026

တနင်္သာရီတိုင်းတွင် ယခုမေလအတွင်း လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံရကြောင်း ကာယကံရှင်မိသားစုဝင်များ ၏ ပြောပြချက်နှင့် စစ်အုပ်စု ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ စစ်မှုထမ်း အပတ်စဥ် ၂၅ သင်တန်းကို ကျွန်းစုမြို့နယ် ၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှု အောက်ရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်တွင် မေလ ၂၅ ရက်က ဖွင့်လှစ်ခဲ့သည်။ စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများအရ လူငယ် ၁၆၀ ကျော် စစ်မှုထမ်း သင်တန်းသား အဖြစ်စုဆောင်းခံထားရကြောင်း တွေ့ရှိရသည်။ တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းများ စဖွင့်စဥ်က ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း တွင်သာ ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးတပ်တွင်လည်း သင်တန်းများ […]