အမေရိကန်နှင့် အီရန် အပြန်အလှန်တိုက်ခိုက်မှု ထပ်ဖြစ်
Dawei Watch
June 1, 2026ဧပြီလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာခဲ့ပြီးကတည်းက အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်တိုက်ခိုက်မှုများ ကြိုးကြားကြိုးကြား ရှိနေသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါဧပြီလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာခဲ့ပြီးကတည်းက အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်တိုက်ခိုက်မှုများ ကြိုးကြားကြိုးကြား ရှိနေသည်။
လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင် တပ်စခန်းများကို တော်လှန်ရေးတပ်က ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဒရုန်းများဖြင့် လာရောက်ဗုံးချ ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
အမျိုးသမီးငါးဦးနှင့် အမျိုးသားတစ်ဦးပါဝင်သော အဖွဲ့ကို ခိုးယူထားသည့် ရွှေထည်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဟုဆိုသည်။
ထားဝယ်မြို့ရှိ ကလေးကစားကွင်းတွင် မေလ ၃၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်တစ်စီး ထပ်မံအခိုးခံလိုက်ရကြောင်း ဆိုင်ကယ်အခိုးခံရသည့် ကာယကံရှင်နှင့် နီးစပ်သူထံမှ သိရသည်။ အခိုးခံလိုက်ရသည့် ဆိုင်ကယ်မှာ Wave အမျိုးအစား ဆိုင်ကယ်ဖြစ်ပြီး သားအမိနှစ်ဦး ဆိုင်ကယ်ထားပြီးနောက် ကစားကွင်းအတွင်း ဝင်ရောက်သွားရာမှ ပြန်ထွက်လာချိန်တွင် ဆိုင်ကယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။ ယင်းနောက် ကစားကွင်းအနီးရှိ CCTV မှတ်တမ်းများကို ကြည့်ရှုရာ အမျိုးသားတစ်ဦးမှ ၎င်း၏ဆိုင်ကယ်အား ခိုးယူမောင်းထွက်သွားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ “သားအမိနှစ်ယောက်သွားတယ် ကစားကွင်းရောက်တော့ ကလေးက ဆင်းပြေးသွားတယ်ဆိုတော့ သူလည်း ဆိုင်ကယ်ကို သော့ခတ်ဖို့ သတိမထားမိဘဲ ဝင်သွားတယ်ထင်တယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။ ဆိုင်ကယ်ခိုးယူသူမှာ ဘောင်းဘီရှည်အမည်းရောင်၊ အင်္ကျီအမည်းရောင် ဝတ်ဆင်ထားပြီး […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသော နိုင်ငံတကာကျောင်း (international school) တစ်ကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ဆရာ၊ ဆရာမ ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၃၀ ရက်က ဘန်ကောက်မြို့ ပရီဒီဘနိုမြောင်းနယ်မြေရှိ နိုင်ငံတကာကျောင်းကို လဝကရဲတပ်ဖွဲ့နှင့် အလုပ်သမားရုံး တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့သည်။ ကျောင်းကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ဆရာ၊ ဆရာမများကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ခန့်ထားသည်ဟု တိုင်ကြားချက်ရရှိသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ဥပဒေအရ လိုင်စင်မရှိဘဲ ကျောင်းဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကျောင်းကို ဖွင့်လှစ်ထားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ပြီး မူကြိုမှ အထက်တန်းအဆင့်အထိ ကျောင်းသားပေါင်း […]
တနင်္သာရီမြို့နယ် ကျောက်လုံးကြီးကျေးရွာအုပ်စုတွင်ရှိသည့် စစ်အာဏာရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်များက သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ယနေ့ မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ တနင်္သာရီမြစ်နံဘေးရှိ ကျောက်လုံးကြီးစခန်းကို မေလ ၂၉ ရက် ညနေ ၄ နာရီတွင် KNU ၊ တပ်မဟာ(၄) ဗျူဟာအမှတ် (၁) ဦးဆောင်မှုဖြင့် K.N.D.Oတပ်ရင်း (၇) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်သားများသည် တပ်စခန်းအပြင် ကျေးရွာအတွင်း နေအိမ်၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စသည့် နေရာအများစုတွင်လည်း နေရာယူတပ်စွဲခဲ့သည်ကို တွေ့ရကြောင်း KNU ၊ မြိတ်-ထားဝယ်ခရိုင် ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ပြောသည်။ […]
လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။ ကဒက်ကြီးကျေးရွာထဲရှိ ခြေတော်ရာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်သည် ကျောင်းထဲမှ ရွာထဲသို့ စစ်ကြောင်းထိုးထွက်လာချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မေလ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲဖြစ်ချိန်ဆို ကျွန်မတို့ ပြေးလို့မမီတော့ဘူး။ အိမ်ထဲမှာပဲ ဘုရားတပြီး ဝပ်နေလိုက်ရတယ်“ ဟု တိုက်ပွဲဖြစ်ချိန် ရွာထဲ ပိတ်မိခဲ့သူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီကျော်တွင်မူ လက်နက်ကြီးပေါ်ကွဲသံများ […]
သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် မေလ ၂၉ ရက် နံနက်ပိုင်းက အသက် ၅ နှစ်အရွယ် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။ ကလေးများ ပျောက်နေသဖြင့် မိဘများက လိုက်လံရှာဖွေရာ လယ်ကွင်းပြင်အတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရကြောင်း ရွာသားတစ်ဦးက ပြောသည်။ ရွာအနီး ရေပြည့်နေသော လယ်ကွင်းပြင်၌ ရေကစားကြရင်း ရေနစ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ သေဆုံးသည့် ကလေးများ၏ ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ရန်တောင်ရွာ သုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။ မေလ ၂၇ ရက်ကလည်း ပုလောမြို့နယ်ရှိ ကျောက်လိပ်ရေတံခွန်တွင် ရေကစားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။ ယခု မိုးဦးကျကာလ မေလအတွင်း၌ပင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် […]