ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ် ဗုံးကြဲ၊ ခြံလုပ်သား တစ်ဦး သေဆုံး
Dawei Watch
June 4, 2026မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က ဇွန်လ ၃ ရက်၊ နံနက်အစောပိုင်းက ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ညဘက်အိပ်ချိန် ဗုံးကြဲခံရသဖြင့် မည်သည့် လေယာဉ်အမျိုးအစားဖြင့် ကြဲခံရသည်ကိုမူ မသိရကြောင်း ဒေသခံများက ဆိုသည်။ ဗုံးကြဲခံရသည့် နေရာသည် ဥယျာဉ်ခြံနေရာဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် ကွမ်းသီးခြံ အလုပ်သမား အမျိုးသားတစ်ဦး သေဆုံးပြီး ခြံတဲအချို့ ပျက်စီးခဲ့ကြောင်း ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၃ ရက်က ဗုံးကြဲခံရသည့်နေရာသည် စစ်စခန်းနေရာများမဟုတ်ဘဲ အရပ်သားများ၏ ဥယျာဉ်ခြံနေရာများသာဖြစ်ကြောင်း ရေးမြို့နယ်၌ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြထားသည်။ “ဗုံးကြဲခံရတဲ့နေရာဝန်းကျင်တွေမှာ လတ်တလော တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမနေပါဘူး။ အရင်က စစ်ရေးလှုပ်ရှားမှု ရှိခဲ့ပေမဲ့ […]


