ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

May 28, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ဘီးလင်းမြို့က အသက် ၂၉ နှစ်အရွယ် ကိုထွန်းထွန်းသည် ယနေ့ မေလ ၂၈ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က သထုံဘက်မှ ကားမောင်းနှင်ပြီးလာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။ “ဒေါက်ရပ်ရွာ အထက်တန်းကျောင်းရှေ့မှာ ပစ်ခတ်ခံရတယ်။ သုံး လေးချက်လောက် ထိသွားတယ်” ဟု ဘီးလင်းမြို့ခံ အမျိုးသားတဦးက ပြောဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုထွန်းထွန်းတွင် ဦးခေါင်း၊ လက်တို့၌ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသားသည် ဘီးလင်းမြို့တွင် ကားပစ္စည်းအရောင်းဆိုင် […]

မြဝတီ-မဲဆောက် အမှတ် ၂ ကုန်သွယ်ရေးတံတားကို ယနေ့ပြန်ဖွင့်၊ ကုန်ကားအချို့ စတင်ဖြတ်သန်း

Dawei Watch

May 28, 2026

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၂ ကုန်သွယ်ရေးတံတားကို ယနေ့ မေလ ၂၈ရက် နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီး ထိုင်းဘက်က ကုန်တင်ကားအချို့ မြန်မာဘက်သို့ စတင်ဖြတ်သန်းခွင့်ပြုကြောင်း ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။ အဆိုပါကုန်သွယ်ရေးတံတားကို မြန်မာစစ်အုပ်စုဘက်က ပိတ်ထားပြီး ၁၀ လကျော်အကြာ ယနေ့တွင် စမ်းသပ်အဆင့်အနေဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ တံတားကို ပြန်လည်ဖွင့်လှစ်ရန် မြန်မာစစ်အစိုးရဘက်က ထိုင်းအာဏာပိုင်များထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယနေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း တံတားကို မူလပုံစံအတိုင်း အပြည့်အဝ ပြန်ဖွင့်၍ မရသေးဘဲ ကနဦး စမ်းသပ်ချက်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ နောက်ပိုင်းတွင် ကုန်သွယ်ရေးအခြေအနေ ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ရကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ […]

ဥယျာဉ်ခြံများအတွင်း နေထိုင်နေရသော မောတောင် စစ်ရှောင်များ အကူအညီလိုနေ

Dawei Watch

May 28, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် တနင်္သာရီမြို့ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဥယျာဉ်ခြံများအတွင်း ပုန်းရှောင်နေသည့် စစ်ဘေးရှောင်များမှာ အိုးခွက်များ၊ အမိုးကာနှင့် အဝတ်ထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ သဲဖြူရွာမှ မောတောင်မြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ နေကျော်တောင် (ဒေသအခေါ်) သို့ ရောက်ရှိလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ စစ်ဘေးရှောင်နေရသည်မှာ နှစ်ပတ်ကျော် သုံးပတ်ခန့်ရှိလာပြီဖြစ်ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ရှောင်ရန်အတွက် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေရသဖြင့် ပစ္စည်းများကို အပြည့်အစုံ မသယ်ဆောင်နိုင်ဘဲ ထားပစ်ခဲ့ရကြောင်း၊ ဆိုင်ကယ်များသည်လည်း လမ်းခရီးတွင် ဆီကုန်သွားသဖြင့် ထားခဲ့ကာ ခြေကျင်စစ်ဘေးရှောင် ထွက်ပြေးခဲ့ရကြောင်း ၎င်းက ဆိုသည်။ “ခြေကျင်ဆိုတော့ သယ်နိုင်တာတွေပဲ သယ်ခဲ့ရတယ်။ အဝတ်လည်း တစ်စုံ၊ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 28, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မေလ ၂၇ ရက် ည‌နေ ၃ နာရီခွဲခန့်က ကန်ချနဘူရီမြို့ ပက်ဖဲဒေသရှိ နေအိမ်တစ်လုံးတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် နေထိုင်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အိမ်ကို မြန်မာနိုင်ငံသားများ ယာယီနေထိုင်နိုင်ရန် ပြုပြင်ထားပြီး အထဲတွင် ရေချိုးခန်း၊ အိမ်သာနှင့် အခြားလျှပ်စစ်အသုံးအဆောင်များကိုလည်း တွေ့ရှိကာ ဈေးဆိုင်ငယ်ကိုပါ ဖွင့်ထားကြောင်း သတင်းတွင်ပါရှိသည်။ အိမ်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၄၁ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဟုဆိုသည်။ […]

လောင်းလုံးရှိ ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

May 28, 2026

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် ဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအုပ်စုငါးအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ လတ်တလောတွင် ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာ၊ ဂေါ့အင်းကျေးရွာ၊ အောက်ရေဖြူကျေးရွာ၊ ကဒက်ကြီးကျေးရွာ စသည့် ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်အာဏာရှင်တပ်သည် မေလ ၂၀ ရက်တွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စတင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းနောက် မေလ ၂၂ ရက်နေ့တွင် ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ပြဲကျေးရွာတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းနေ့ နံနက်အာရုဏ်တက်ချိန် ၄ နာရီခန့်တွင် ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် အငိုက်မိပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းမှာ […]

အီရန်ကို အမေရိကန် ထပ်မံတိုက်ခိုက်

Dawei Watch

May 28, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် ကုန်သွယ်ရေကြောင်းသွားလာမှုအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည့် အီရန်၏ ဒရုန်းစစ်ဆင်ရေးနေရာတစ်ခုကို ပစ်မှတ်ထား၍ အမေရိကန်စစ်တပ်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟူသည့် အီရန်၏ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပယ်ချခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါအာဘတ်စ်ရှိ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး အီရန်တိုက်ခိုက်ရေးဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသည့် အမေရိကန်အရာရှိက ဆိုသည်။ အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကို အဆုံးသတ်ရန် ဧပြီလ ၈ ရက်နေ့က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆွေးနွေးနေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်စစ်တပ်က တနင်္လာနေ့တွင် အီရန်နိုင်ငံတောင်ပိုင်း၌ […]

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး

Dawei Watch

May 28, 2026

ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ယာယီစစ်စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပုလောတွင် ရေတံခွန်၌ ရေသွားကစားသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 28, 2026

ယခုနှစ် မိုးဦးကျကာလ မေလအတွင်း၌ပင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ သုံးဦးအထိ ရှိသည်။