ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ် ပစ်ခတ်တိုက်ခိုက်

Dawei Watch

May 26, 2026

သရက်ချောင်းမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်ပစ်ခတ်မှု ဆက်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဘုတ်ကိုင်းရွာ ယင်းမှတစ်ဆင့် ကျွဲဇပ်ရွာဘက်သို့ စစ်ကြောင်းဆင်းချိန် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းနောက် နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြကြောင်း ၎င်းတို့က ဆိုသည်။ “စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တဲ့အသံတွေ ကြားရတယ်။ တော်လှန်ရေးဘက်က လက်နက်ကြီးနဲ့ပစ်တဲ့ အသံလည်း ကြားရတယ်၊ ဒရုန်းနဲ့ ဗုံးချတာလား မိုင်းဆွဲတာလားမသိဘူး၊ လက်နက်ကြီးပစ်သလိုပဲ အသံတွေကြားရတယ်။ ရွာတွေ ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ထည့်တော့ ရွာသားတွေ ပြေးကြတာပေါ့” ဟု ဆင်ကူးရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည့် စစ်ကြောင်းဆက်မထိုးတော့ဘဲ […]

စစ်အာဏာရှင်တပ် ဖမ်းထားသည့် မောတောင်ဒေသခံရာချီ ၁၀ ရက်ကျော်ကြာအထိ ပြန်မလွတ်

Dawei Watch

May 26, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်ထိန်းချုပ်ရန် လာစဉ် ဖမ်းဆီးခေါ်ဆောင် လာသည့် ဒေသခံ နှစ်ရာကျော်မှာ ၁၀ ရက်ကျော်ကြာသည်အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများထံမှ သိရသည်။ မောတောင်မြို့ အမှတ် ၆ရွာတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများနှင့် ရဟန်းများကို မေလ ၁၆ရက်တွင် စစ်အာဏာရှင် တပ်က ဝင်ရောက်ဖမ်းဆီးပြီး မောတောင်မြို့သို့ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ၁၀ ရက်ကျော်အကြာ ယနေ့ မေလ ၂၆ ရက် ညနေ ၃နာရီအထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် ဒေသခံများမှာ အမှတ် ၉ရွာ၊ အမှတ် ၈ရွာနှင့် အမှတ်၆ရွာတို့က ရွာသားအများစု ပါဝင်ပြီး လက်ရှိ မောတောင်မြို့တွင် ဆက်လက်ထိန်းသိမ်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ “ပြန်မလွှတ်ပေးဘူး။ […]

မြေမြှုပ်မိုင်းနှင့် ကင်းပုန်းကြောင့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများအတွက် လုပ်သားခေါ်ရခက်

Dawei Watch

May 26, 2026

ရေဖြူမြို့နယ်၊ မလွှဲတောင် – ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများတွင် မြေမြှုပ်မိုင်းနှင့် စစ်အာဏာရှင်တပ် ကင်းပုန်းများကြောင့် ခြံစောင့်နှင့် ခြံခုတ်လုပ်သား ခေါ်ယူရခက်ခဲနေကြောင်း ရော်ဘာခြံရှင်များက ပြောသည်။ ပြီးခဲ့သည့် ဧပြီလအတွင်း ယင်းလမ်းပိုင်းရှိ ကျေးရွာများရှိ ရော်ဘာခြံများတွင် မိုင်းနင်းမိ၍ ဒဏ်ရာရသူ ခြောက်ဦးထက်မနည်း ရှိပြီဖြစ်သည်။ ၂၀၂၅ ခုနှစ် သြဂုတ်လတွင် အဆိုပါလမ်းပိုင်း၌ ကားလမ်းရက်ရှည်ပိတ်ရသည်အထိ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး အင်အားစုများအကြား စစ်ရေးပြင်းထန်ခဲ့ပြီးနောက် လမ်းပိုင်းရှိ ကျေးရွာများနှင့် ဥယျာဉ်ခြံများတွင် မြေမြှုပ်မိုင်း နင်းမိသူများ ဆက်တိုက်ရှိလာခဲ့သည်။ ယင်းအပြင် ၂၀၂၅ ခုနှစ် ဒုတိယ နှစ်ဝက်မှ ၂၀၂၆ ခုနှစ် မတ်လအထိ စစ်အာဏာရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းရှိ ရော်ဘာခြံများတွင်နေထိုင်သည့် ခြံစောင့်မိသားစု သုံးခုက ကလေးငါးဦးအပါအဝင် ခုနစ်ဦး ကျည်စထိမှန်သေဆုံးခဲ့သေးသည်။ “အခုက […]

စစ်မှုထမ်း အဓမ္မစုဆောင်းခံနေရ၍ မြန်မာလူငယ်များကို နေရပ်ပြန်မပို့ရန် အာဆီယံအမတ်များ တိုက်တွန်း

Dawei Watch

May 26, 2026

နေရပ်ပြန်ပို့ခံရသော မြန်မာလူငယ်အများစု စစ်မှုထမ်း စုဆောင်းခံနေရသဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများက မြန်မာလူငယ်များကို အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်း မပြုလုပ်ရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ — ASEAN Parliamentarians for Human Rights (APHR) က မေလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံအတွင်း လူငယ်ပေါင်း ၁၂၀,၀၀၀ ကျော်ကို စစ်မှုထမ်း အဓမ္မစုဆောင်းခဲ့ကြောင်း APHR အဖွဲ့က ထုတ်ပြန်သည်။ မြန်မာလူငယ်အများစုကို စစ်တပ်က အိမ်ပေါ်အထိတက်ကာ စစ်မှုထမ်း အဓမ္မစုဆောင်းခဲ့ပြီး စစ်သင်တန်းအနည်းငယ်ပေး၍ စစ်မြေပြင်တွင် လူသားဒိုင်းကဲ့သို့ အသုံးပြုနေကြောင်း အဖွဲ့က ထောက်ပြသည်။ စစ်မှုထမ်း စုဆောင်းခံရသူများသည် ပြန်လည်လွတ်မြောက်လာရေးအတွက် အိမ်ပေါင်ပြီး ထုတ်ယူနေရသလို […]

ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြိုးဆွဲချ

Dawei Watch

May 26, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၅ ရက် နံနက် ၇ နာရီခန့်က ဖူးခက်မြို့ ချလောင်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သေဆုံးနေသည့် အသက် ၃၇ နှစ်အရွယ် ကိုနန်းဦးကို အခြားအလုပ်သမားများက မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးရာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကို မတွေ့ရကြောင်း ဖော်ပြသည်။ ကိုနန်းဦးသည် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ဇာတိဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်၏ အချက်အလက်အရ သိရသည်။ ကိုနန်းဦးသည် အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည်ဟု အခြားသူငယ်ချင်များကို ပြောဆိုဖူးကြောင်း ရင်းနှီးသူများက သတင်းတွင် ဖြေကြားထားသည်။ ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သေသေချာချာ […]

စစ်အာဏာရှင်တပ်က မောတောင်မြို့၊ အမှတ် (၃) ရွာရှိ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့

Dawei Watch

May 26, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ရယူပြီးနောက် အမှတ် (၃) ရွာရှိ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၅ ရက်နေ့၊ အမှတ် (၃) ရွာရှိ စစ်ဘေးရှောင်အများစု တက်ရောက်နေသည့် တကော့ဖောလု (ဒေသအခေါ်) စာသင်ကျောင်းနှင့် အနီးရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကျောင်းမီးမရှို့ခင် ကျောင်းမှာရှိတဲ့ ပစ္စည်းတွေကို (စစ်အာဏာရှင်တပ်သားများက) အကုန်သယ်လိုက်တယ်။ ပြီးမှ မီးရှို့တယ်။ အနားမှာရှိတဲ့ အဆောင်တွေရော နေအိမ်တွေရော အကုန်မီးရှို့လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား လေးရာကျော် တက်ရောက်နေကြောင်း၊ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ မေလ ၁၅ ရက်နေ့က နေကျော်တောင် […]

မလေးရှားရောက်နေတဲ့ UFC ချန်ပီယံ ဂျိုရှူအာဗန်နဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းတို့ ပရိသတ်နဲ့တွေ့ဆုံ

Dawei Watch

May 26, 2026

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှူအာဗန် နဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း တို့ဟာ မေလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံမှာ သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ချင်းဒုက္ခသည်ကော်မတီ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို တက်ရောက်အားပေးချီးမြှင့်ဖို့အတွက် ဂျိုရှူအာဗန် နဲ့ ဖြူဖြူကျော်သိန်း တို့က ရောက်လာခဲ့တာဖြစ်ပြီး အခမ်းအနား မတိုင်ခင်မှာ သူတို့နှစ်ယောက်က ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဂျိုရှူအာဗန် ဟာ မနေ့က ညနေပိုင်းမှာ မလေးရှားနိုင်ငံဆီကို ရောက်လာခဲ့ပြီး ရောက်လာပြီးတာနဲ့တပြိုင်နက် ပရိသတ်တွေ့ဆုံပွဲ အခမ်းအနားဆီ တက်ရောက်ပေးခဲ့ပါတယ်။ တေးသံရှင် ဖြူဖြူကျော်သိန်း ကလည်း ပရိသတ်တွေ့ဆုံပွဲ အခမ်းအနားမှာ သီချင်းတချို့ သီဆိုဖျော်ဖြေခဲ့ပြီး ဒီအခမ်းအနားဆီကို ပရိသတ်ပေါင်းများစွာ တက်ရောက်အားပေး ကြည့်ရှုခဲ့ပါတယ်။ […]

အကဗီဒီယိုနဲ့ နာမည်ကြီးသွားတဲ့ ယူဂန္ဓာက မိဘမဲ့ကလေးတွေကို ကမ္ဘာ့ဖလားပွဲမှာ ဖျော်ဖြေဖို့ ရှာကီရာ ဖိတ်ခေါ်တော့မယ်

Dawei Watch

May 25, 2026

လတ်တလောမှာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေထက် လူသန်းပေါင်းများစွာ စိတ်ဝင်တစား ကြည့်ရှုအားပေးနေတဲ့ ဗီဒီယိုတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ အာဖရိကတိုက်၊ ယူဂန္ဓာနိုင်ငံ၊ ကန်ပါလာမြို့ဆီက လမ်းဘေး မိဘမဲ့ကလေးငယ်တစ်စုကနေပြီး ကမ္ဘာကျော်တေးသံရှင် ရှာကီရာ ရဲ့ “Dai Dai” သီချင်း Challenge ကို အားရပါးရ ကပြခဲ့တဲ့ ဗီဒီယိုပါပဲ။ အခုဆိုရင် ဒီကလေးတွေကို Shakira က ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးရဲ့ ဖျော်ဖြေရေးစင်မြင့်ထက်အထိ ဖိတ်ခေါ်ဖို့ စီစဉ်နေပါပြီ။ ယူဂန္ဓာနိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်လေးထဲက မိဘမဲ့ကလေးငယ်တွေဟာ အဝတ်အစားနွမ်းဖတ်ဖတ်၊ ဖိနပ်တောင်မပါဘဲ ဖုန်တောထဲမှာ “Dai Dai” သီချင်း Challenge ကို ကပြခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေ၊ မယုံနိုင်စရာကောင်းတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ တက်ကြွတဲ့ အားမာန်တွေဟာ ဟောလိဝုဒ်စင်မြင့်က အကသမားတွေထက်တောင် […]