ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ် ဗုံးကြဲ
Dawei Watch
May 24, 2026ရေး-ထားဝယ်လမ်းရှိ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ယနေ့ မေလ ၂၄ ရက် နံနက်ပိုင်းတွင် ဗုံးကြဲကြောင်း တော်လှန်ရေးအင်အားစုများနှင့် ရွာသားများထံမှ သိရသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကြဲခြင်းဖြစ်ပြီး ကျေးရွာအနီးသစ်ထုတ် လုပ်ငန်းခွင်တစ်ခုအနီးဝန်းကျင်နှင့် တောစပ် တစ်နေရာတို့တွင် ဗုံးကျရောက်ပေါက်ကွဲကြောင်း ရွာသားများက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံနှင့် လူထိခိုက်မှု မရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ကျောက်ရှပ်ရွာဘက်သို့ ဦးတည်ကာ ရဟတ်ယာဥ်နှစ်စင်း ပျံသန်းသွားသည်ကို မြင်တွေ့ရကြောင်း ကလိန်အောင်နှင့် ကံပေါက် ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်၏ လေကြောင်းကို ကင်းထောက်နေသည့် EAR ချန်နယ်ကလည်း မြိတ်လေတပ်က ရဟတ်ယာဥ် တစ်စင်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် […]


