ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကြောင်းထိုးလာသဖြင့် လောင်းလုံးမြို့အနီးက ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

May 22, 2026

လောင်းလုံးမြို့နှင့် ကပ်လျက် စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ယင်းကျေးရွာတို့က ရာနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်းနေကြရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇွန်လ ၂၂ ရက် နံနက် အရုဏ်တက်ချိန် ၄ နာရီခန့်တွင် လောင်းလုံးမြို့ထဲမှ စစ်ပြဲ၊ ညင်းမော်ကျေးရွာဘက်သို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်တို့နှင့် စစ်ပြဲကျေးရွာတွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ အနည်းဆုံး အင်အားတစ်ရာကျော် ပါဝင်သည့် စစ်ကြောင်းသည် ရုတ်တရက်ဝင်လာသဖြင့် အချိန်မီထွက်ပြေးမနိုင်သော ရွာသားအချို့ အဖမ်းခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကြောင်းမှာ ညင်းမော်ကျေးရွာသို့ရောက်လာပြီး ထိုမှတဆင့် ညင်းမော်ကျေးရွာအုပ်စု ရင်းဘုတ်ကျေးရွာသို့ ဦးစွာ ရောက်ရှိပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲံသည့် ညင်းမော်ကျေးရွာ၏ အရှေ့ဘက် တစ်ဆက်တည်းရှိ စစ်ပြဲကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးသွားခဲ့ကြောင်း ဒေသခံများထံမှ […]

အီရန်စစ်အင်အား ပြန်တည်ဆောက်မှု ခန့်မှန်းထားသည်ထက် ပိုမြန်

Dawei Watch

May 22, 2026

ဧပြီလဆန်းပိုင်းက စတင်ခဲ့သည့် ခြောက်ပတ်ကြာ အပစ်ရပ်ကာလအတွင်း အီရန်စစ်တပ်သည် ကနဦးခန့်မှန်းထားသည်ထက် များစွာပိုမိုမြန်ဆန်စွာ စစ်အင်အားပြန်လည်စုဖွဲ့ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။ အပစ်ရပ်ကာလအတွင်း အီရန်က ၎င်း၏ ဒရုန်းထုတ်လုပ်မှုအချို့ကို ပြန်လည်စတင်နေခဲ့ပြီဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ ယင်းမှာ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ကျဆင်းသွားခဲ့ရသည့် စစ်ရေးစွမ်းဆောင်ရည်အချို့ကို အီရန်က အလျင်အမြန် ပြန်လည်တည်ဆောက်နေသည့် လက္ခဏာတစ်ခုဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်သည်။ အီရန်က စစ်အင်အားအလျင်အမြန် ပြန်တည်ဆောက်နေခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှု ပြန်စပါက အီရန်သည် ဒေသတွင်းရှိ မဟာမိတ်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဦးမည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။ […]

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာသားတစ်ဦးသေဆုံးပြီး ကလေးအပါ နှစ်ဦးဒဏ်ရာရ

Dawei Watch

May 22, 2026

တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး ကလေးအပါဝင်နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၁ရက် ည ၆နာရီ ၃၀မိနစ်ဝန်းကျင်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန် တပ်ရင်းမှ ကျွဲထိန်းကုန်းရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး ကျည်တစ်လုံးမှာ နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျည်စ ဦးခေါင်းထိမှန်ပြီး အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၄နှစ်အရွယ် မိန်းကလေးငယ်မှာ ခြေတစ်ဖက် ဆုံးရှုံးကာ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးတွင် ခြေထောက် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “လက်နက်ကြီး […]

သရက်ချောင်း သရက်နှစ်ခွရွာက လူငယ်တစ်ဦးကို လက်နက်ကိုင်တစ်စု ဖမ်းခေါ်ပြီးနောက် သတင်းမရ

Dawei Watch

May 21, 2026

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာတွင် လူငယ်အမျိုးသားတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ရှိလာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၁၄ ရက် ည ၈ နာရီခန့်တွင် သရက်နှစ်ခွရွာသား အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုနိုင်အား အရပ်ဝတ် ဝတ်ဆင်ထား သည့် လက်နက်ကိုင်လူတစ်စုက လက်ထိပ်ခတ်၍ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီနေ့က သူ့အိမ်မှာ ပိုက်ဆံတောင်းတာ မပေးလို့ အိမ်မှာ ရိုက်ခွဲခတ်ခွဲ လုပ်တယ်လို့ပြောတယ်။ နောက် စာသင်ကျောင်း မှာပါ ရိုက်ခွဲခတ်ခွဲ သွားလုပ်တယ်လို့ပြောတယ်။ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက သူ့ကို လာဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လာရောက်ဖမ်းဆီးသွားသည့် လက်နက်ကိုင်အုပ်စုတွင် သရက်နှစ်ခွရွာသား သုံးဦးအပါအဝင် လူရှစ်ဦးခန့်ပါဝင်ကြောင်း ဒေသခံအချို့က […]

သရက်ချောင်း ဥတ္တူနှင့် စော်ဖျားရွာကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးအပါအဝင် သုံးဦးသေဆုံး

Dawei Watch

May 21, 2026

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာနှင့် စောဖျားရွာတို့ကို ယနေ့ မေလ ၂၁ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၄နှစ်နှင့် ၁၇ နှစ်အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ စစ်ရေးလှုပ်ရှားမှု မရှိဘဲ ဥတ္တူနှင့်‌ စော်ဖျားရွာတို့ကို လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နေ့လယ်ပိုင်း ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဥတ္တူရွာထဲကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ရာ နေအိမ် နှစ်အိမ်ကြား ကျရောက်ပေါက်ကွဲပြီး အဆိုပါနေအိမ် နှစ်အိမ်အပါအဝင် နေအိမ် သုံးအိမ်က မိသားစုဝင်များ ထိခိုက်သေဆုံး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ […]

မြိတ်တွင် လေးလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော် ဈေးတက်

Dawei Watch

May 21, 2026

မြိတ်မြို့တွင် လေးလတာကာလအတွင်း လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၁၁၀၁ ကျပ်သာရှိရာမှ ဖေဖော်ဝါရီလတွင် တစ်ယူနစ် ၁၁၄၆ ကျပ်၊ မတ်လတွင် ၂၀၂၅ ကျပ်၊ ဧပြီလတွင် ၂၁၀၃ ကျပ်အထိ တိုးမြင့်ကောက်ခဲ့ခြင်းဖြစ်သည်။ မီတာခက တရိပ်ရိပ်တက်လာသည့်အတွက် ကုန်ကျစရိတ်ပိုများလာပြီး အခက်တွေ့နေရကြောင်း မြိတ်မြို့၊ ကန်ဖျားရပ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးဈေးကတော့ တစ်လတစ်ဈေး တက်နေတယ်။ လခစားဖြစ်တဲ့အတွက် အိမ်အသုံးစရိတ်ကြီးမှာ တော်တော်စိုးရိမ်တယ်။ အခုလည်း အရင်မီတာခ တစ်လကို (ကျပ်)ငါးသောင်းကျော် အခု တစ်သိန်းကျော်ဖြစ်နေပြီ။ တော်တော်ဒုက္ခရောက်ရတယ်”ဟု ၎င်းကပြောသည်။ မြိတ်မြို့လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေသည်။ ယင်းကဲ့သို့ မီတာခဈေးတက်လာသည့်အတွက် […]

ထိုင်း-မြန်မာနယ်စပ်တွင် ဆေးကုပေးနေသော ထိုင်းဆရာဝန်ကို WHO က ဂုဏ်ပြုဆုချီးမြှင့်

Dawei Watch

May 21, 2026

ထိုင်း-မြန်မာနယ်စပ်နေ မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့ ပြည်သူများကို ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ထိုင်းဆရာဝန် Dr Worawit Tontiwattanasap ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ မေလ ၂၀ ရက်နေ့က ကျင်းပသော ၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် Dr Worawit Tontiwattanasap သည် ၂၀၂၆ ခုနှစ် ယူအေအီးကျန်းမာရေးဖောင်ဒေးရှင်းကပေးသော ဂုဏ်ပြုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ Dr Worawit Tontiwattanasap သည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်ဆေးရုံ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ဝေးလံခေါင်ဖျားသော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ်သည်။ ဆုငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ နှင့်အတူ ဆုလက်မှတ်၊ ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ Dr Worawit Tontiwattanasap […]

သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ်ကလေးတစ်ဦး မုဒိမ်းကျင့်ခံရ

Dawei Watch

May 21, 2026

တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ် ကလေးတစ်ဦးကို မုန့်ကျွေးမည်ဟု ခေါ်ဆောင်ကာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၀ ရက်နေ့တွင် သဘော့လိပ်ကြီးရွာ ခဲလုပ်ကွက်၌ ခဲလုပ်ကိုင်နေသည့် ရွှေကျင်လုပ်သား အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကို မုန့်ကျွေးမည်ဟုဆိုကာ လူပြတ်သည့်နေရာသို့ ခေါ်ဆောင်၍ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကလေးမလေးကို မုန့်ကျွေးမယ်ဆိုပြီး လိမ်ခေါ်တယ်။ ခြုံထဲမှာ မုဒိမ်းကျင့်လိုက်တာ။ ပြုကျင့်တဲ့နေရာက လူတအားပြတ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ အဆိုပါ ၁၀ နှစ်အရွယ် ကလေးငယ်၏ မျက်လုံးနှင့် လည်ပင်းတို့၌ ဒဏ်ရာများရရှိထားပြီး မိန်းမကိုယ်မှလည်း သွေးများ […]