ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်စကားပြောမည်ဟု ထရမ့် ပြော

Dawei Watch

May 21, 2026

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နှင့် တိုက်ရိုက်စကားပြောဆိုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းလုပ်ရပ်မှာ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ယခင်က လုပ်ဆောင်ဖူးခြင်းမရှိသည့်အပြင် အမေရိကန်-တရုတ် ဆက်ဆံရေးကို ရိုက်ခတ်စေနိုင်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း The Guardian သတင်းစာက ဖော်ပြသည်။ ထိုင်ဝမ်သမ္မတနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် သမ္မတထရမ့်က “ကျွန်တော် သူ့ကို စကားပြောသွားမှာပါ” ဟု ပြောကြားခဲ့သည်။ “ကျွန်တော် လူတိုင်းကို စကားပြောပါတယ်။ ထိုင်ဝမ်ပြဿနာကိုလည်း ကျွန်တော်တို့ ကိုင်တွယ်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ သမ္မတ လိုင်ချင်းတယ်အနေဖြင့် အမေရိကန်ခေါင်းဆောင်နှင့် စကားပြောဆိုခွင့်ရရှိပါက ဝမ်းမြောက်မိမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် အမေရိကန်အစိုးရက ထိုင်ဝမ်အစား ဘေဂျင်း (တရုတ်အစိုးရ) ကိုသာ တရားဝင်သံတမန်ရေးအရ […]

ထိုင်းမြောက်ပိုင်းတွင် ရထားလမ်းအနီး မြန်မာတစ်ဦးဒဏ်ရာများဖြင့် လဲကျလျက်တွေ့

Dawei Watch

May 21, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ရတ်ချ်စီမားခရိုင် ရထားလမ်းအနီးတွင် မြန်မာနိုင်ငံသားတစ်ဦး ထိုးသွင်းဒဏ်ရာ အပြင်းအထန်ရရှိကာ လဲကျနေသည်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၀ ရက် ညက နခွန်ရတ်ချ်စီများမြို့ ကျီရာရထားလမ်းမှတ်တိုင်အနီးတွင် လူတစ်ဦး ဒဏ်ရာရကာ မြေကြီးပေါ် လဲကျနေပြီး လက်တွင် အိတ်တစ်လုံး ကိုင်ဆောင်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူမှာ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်စိုး အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ညာဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်လွန်နေကာ စိုးရိမ်ရ အခြေအနေဖြစ်ကြောင်း ဆိုသည်။ ၎င်းကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသပေးပြီးနောက် မဟာရတ်နခွန်ရတ်ချ်စီမားဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အနီးတွင် အင်္ကျီနှင့် အရက်ပုလင်းများကို တွေ့ရပြီး ဓားနှင့် အခြားသူများကိုမူ မတွေ့ရကြောင်း ဆိုသည်။ ထို့ကြောင့် […]

ယခုနှစ်ကုန်ပိုင်းတွင် စူပါအယ်လ်နီညို ဖြစ်နိုင်ပြီး အစွန်းရောက် ရာသီဥတုဒဏ် ခံရနိုင်

Dawei Watch

May 21, 2026

ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသည့် စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနများနှင့် မိုးလေဝသ လေ့လာသုံးသပ်သူများက ပြောသည်။ အင်အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ယခုလာမည့် ဇွန်လတွင် ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုအဖြစ် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုနှင့် မိုးရွာသွန်းမှုများ မူမမှန်ခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ အယ်လ်နီညို ပြင်းအားသည် အလွန်အားကောင်းသည့် အဆင့်သို့ ရောက်ရှိရန် ၆၇ ရာခိုင်နှုန်းရှိပြီး အဆင့်မြင့်ဆုံးဖြစ်သည့် “စူပါအယ်လ်နီညို” (Super El Niño) အဆင့်အထိ ဖြစ်ပေါ်လာနိုင်ခြေမှာလည်း ၃၃ […]

လောင်းလုံးသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်

Dawei Watch

May 21, 2026

ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ကြောင် ဒေသခံများ၊ တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် လောင်းလုံးဘက်သို့ မေလ ၂၀ရက် ညသန်းခေါင်အချိန် စစ်ကြောင်းထိုးလာချိန် အင်းဇောက် ကျေးရွာအနီး၌ ည ၁၂ နာရီနှင့် ယနေ့ နံနက် ၁နာရီကြားတွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကြိုပြီးသိရင်တော့ ရှောင်လို့ရသေးတယ်။ အခုက ညဘက်ကြီးဆိုတော့ ဒေသခံတွေလည်း ရှောင်ချိန်မရလိုက်ဘူး။ (ပစ်ခတ်) အသံတော့ ကြားနေတယ်။ လက်နက်ငယ်တွေရော၊ အော်တိုသေနတ်တွေရောပဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ (မနက်) ၁နာရီကျော်လောက် မိုးရွာတော့မှ ပစ်ခတ်သံငြိမ်သွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့ဘက်က လာသည့် စစ်ကြောင်းတွင် အင်အား ၇၀ ဆယ်ခန့်ရှိပြီး ယခင်ကပင် လောင်းလုံးမြို့နယ် […]

သံဖြူဇရပ်တွင် အသတ်ခံရသည့်အမျိုးသားနှစ်ဦး MPT ဝန်ထမ်းဟုဆို

Dawei Watch

May 21, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် အသတ်ခံရသည့် အမျိုးသားနှစ်ဦးသည် MPT ရုံးက ဝန်ထမ်းများဖြစ်ပြီး တာဝါတိုင်စစ်ဆေးပြုပြင်ရန်သွားစဉ် အသတ်ခံရခြင်းဖြစ်ကြောင်း MPT ရုံးနှင့် နီးစပ်သူအချို့က ပြောသည်။ သံဖြူဇရပ်မြို့နယ် MPT ရုံးဝန်ထမ်း အမျိုးသားနှစ်ဦးသည် မေလ ၁၉ ရက်က ဝဲခမီကျေးရွာရှိ တာဝါတိုင်သို့ မီးစက်ပြင်ရန် သွားကြခြင်း ဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ ယင်းနောက် နှစ်ရက်အကြာ မေလ ၂၀ ရက် နံနက်တွင် အထက်ပါ အမျိုးသားနှစ်ဦးသည် ထင်းရူးကျေးရွာအနီး သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်းဘေးတွင် လက်ပြန် ကြိုးတုပ်ပြီး ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။ ၎င်းတို့သည် အသက် ၂၀ ကျော်နှင့် အသက် ၃၀ ကျော်လူငယ်များဖြစ်ကြပြီး သံဖြူဇရပ်မြို့ အောက်ဇေယျရပ်ကွက်တွင် နေထိုင်သူများ […]

နည်းပြ အာတီတာကို အာဆင်နယ် စာချုပ်သစ် ချုပ်တော့မယ်

Dawei Watch

May 21, 2026

အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ် ရက်ပေါင်း ၅,၃၇၆ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်စေခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာ ယူရိုပါလိဂ်ဖလား ချန်ပီယံဖြစ်ပြီ၊ နည်းပြ ယူနိုင်းအမ်မရီ စံချိန်သစ်တင်

Dawei Watch

May 21, 2026

အက်စတွန်ဗီလာအသင်းဟာ နည်းပြ ယူနိုင်း အမ်မရီရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးရယူပြီး သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးသားသွားခဲ့ပြီဖြစ်ပါတယ်။ အက်စတွန်ဗီလာ ဟာ ၁၉၈၂ ခုနှစ်တုန်းက ဥရောပဖလား (ယခု ချန်ပီယံလိဂ်ဖလား) ဆွတ်ခူးရယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ဥရောပပြိုင်ပွဲတစ်ရပ်မှာ တစ်ကျော့ပြန် ပြန်လည်အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ဟာ ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်မှာတင် ဗိုလ်လုပွဲပြိုင်ဘက် ဖရိုင်းဘတ် ကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းမှာ နောက်တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ အက်စတွန်ဗီလာ ဟာ ဖရိုင်းဘတ် ကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ကာ ဒီပွဲမှာ အက်စတွန်ဗီလာရဲ့ ဂိုးပေါက်ကန်သွင်းမှုက ၁၆ ကြိမ်၊ ဂိုးပေါက်တည့်ကန်သွင်းမှုက ၈ ကြိမ်ထိ ရှိခဲ့ပါတယ်။ […]

ပုလော ကဒဲရွာကို စစ်အာဏာရှင်တပ် ပါရာမော်တာဖြင့်တိုက်ခိုက်

Dawei Watch

May 20, 2026

ပုလောမြို့နယ်၊ ကဒဲရွာကို စစ်အာဏာရှင်တပ်က ပါတာမော်တာ (စက်တပ်လေထီး) ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ မေလ ၂၀ရက် ညနေ ၄နာရီခွဲတွင် ပါရာမော်တာသုံးစီး လာရောက်ပြီး ကဒဲရွာကို ဗုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “(ဗုံးပေါက်ကွဲတာ) တစ်ချက်တော့ အသံကြားလိုက်တယ်။ တစ်လုံးချထားခဲ့တယ် ထင်တယ်။ လာတာက သုံးစီး မြင်တော့ မြင်ရတယ်။ မြင့်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် စစ်အာဏာရှင်တပ်က ကဒဲရွာက နေအိမ်များကို မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် လူအနည်းစုသာ ပြန်လည်နေထိုင်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပုလောမြို့နယ်တွင် ပါရာမော်တာဖြင့် ဗုံးချတိုက်ခိုက်မှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း […]