အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်သိမ်း
Dawei Watch
May 19, 2026စစ်အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ယနေ့(မေ ၁၉) ပြန်ရသွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်များက အတည်ပြုပြောဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်၍ မြို့အတွင်းသို့ ဝင်ရောက်လာသဖြင့် အလွယ်တကူပြန်သိမ်းနိုင်ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် အမှတ် (၉) ရွာသို့ ရောက်ရှိလာပြီး တော်လှန်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လမ်းခရီး၌ တွေ့ရှိသည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ကြောင်း ဆက်လက်ထိုးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “တော်လှန်ရေးတပ်ဖွဲ့တွေမှာက ကျည်လုံလောက်မှုမရှိတာလည်း ပါတယ်။ တကယ်လို့ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေကို သူတို့က ဒိုင်းကာလုပ်ထားပြီးပြီ။ ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။ ပစ်လို့မရဘူးလေ၊ ဆုတ်ပေးလိုက်ရတယ်။ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေ သေမှာလေ” ဟု […]


